အဖိုးတန်​​သော ဒုက္ခ

htoohan(43)
Published in
#esteem
Words
46
Reading
1 min
Listen
Play
8y

အခက်​အခဲ​တွေ ဒုက္ခ​တွေ ဆုံးရှုံးမှု​တွေဟာ လူ့ဘဝကို မှန်​ဘီလူးနဲ့ ကြည့်​ရသလို အခွင့်​​အ​ရေးမျိုးကို ​ပေးတယ်​လို့ထင်​မိပါတယ်​။ကိုယ့်​ဘဝကိုကိုယ်​ အနီးကပ်​ပြီး ကြည့်​ခွင့်​ရတယ်​။ဘဝနဲ့ပတ်​သက်​တဲ့ အမှန်​တရား​တွေဟာ ဘာ​တွေလဲ။ပျော်​ရွှင်​မှုဆိုတာ ဘယ်​မှာလဲ။ဘယ်​ဟာက ​ကျေနပ်​စရာအ​ကောင်းဆုံးလဲ။ဘဝမှာ တန်​ဖိုးအရှိဆုံး အရာ​တွေဟာ ဘာ​တွေလဲဆိုတာ သိလာတယ်​။ဒုက္ခ​ရောက်​တဲ့ အချိန်​ကျမှ မိတ်​​ဆွေ​ကောင်းဆိုတာ ဘယ်​သူလဲဆိုတာလည်း သိရတယ်​။ကိုယ်​အင်​မတန်​ အားကိုးခဲ့တဲ့ အရာ​တွေဟာ တကယ်​ အားကိုးစရာ ​ကောင်းရဲ့လားဆိုတာလည်း သိရတယ်​။အားကိုးစရာ အစစ်​ဟာဘာလဲ၊ဘယ်​သူ့ကိုအားကိုးရမလဲဆိုတာထက်​ မိမိကိုယ်​ကို အားကိုးနိုင်​ဖို့ ပိုပြီးအ​ရေးကြီးတယ်​ဆိုတာလည်း သ​ဘော​ပေါက်​လာတယ်​။ဒါ​ကြောင့်​ ဒုက္ခ​တွေအခက်​အခဲ​တွေဟာ တန်​ဖိုးရှိတဲ့ အ​တွေ့အကြုံ​တွေဖြစ်​ပါတယ်​။ဒုက္ခ​တွေကြုံလာရတဲ့အခါတိုင်း ​ရှောင်း​ပြေး​နေဖို့ထက်​ မိမိကိုယ်​ကိုအားကိုးပြီး ရင်​ဆိုင်​​ဖြေရှင်းခြင်းသည်​သာ အ​ကောင်းဆုံးအ​ဖြေတစ်​ခုဖြစ်​ပါတယ်​လို့ အကြံဥာဏ်​ပြုချင်​ပါတယ်​။
image
Photo Credit###Google Photo
MSU-035
htoohan@htoohan

အဖိုးတန်​​သော ဒုက္ခ | Ecency