ကိုယ်ကြိုးစားအားထုတ်မှု ပြုသလောက်
ပေါက်ပေါက်မြောက်မြောက်မဖြစ်တော့လည်း
တခါတလေ စိတ်ဓာတ်ကျမိတယ်။
မျှော်လင့်ထားသလို အမြဲတမ်းဖြစ်မလာတဲ့
လောကကြီးမှာ
ကိုယ့်ရဲ့ကြိုးစားမှုတွေ အရာမထင်တာကလည်း
အဆန်းတကြယ်တော့ မဟုတ်ပါ။
ရင်လောက်မှန်းမှ ဒူးလောက်ကျ
ဆိုတဲ့စကားလေးအတိုင်း
ကိုယ်လိုချင်တာရဖို့ ပိုကြိုးစားရမှာပေါ့။
ကိုယ့်ရဲ့ ကြိုးစားအားထုတ်မှုတွေ
မလုံလောက်သေးလို့ ကိုယ်လိုချင်တဲ့ပန်းတိုင်ကို
မရောက်သေးတာဖြစ်မှာပါ။
ကိုယ်တခါမှမရဖူးတဲ့အရာကို
ရယူချင်တယ်ဆိုရင်
တခါမှ မကြိုးစားဖူးတဲ့
အားအင်မျိုးနဲ့ ကြိုးစားရမယ်။