To Do List (6)

Words
25
Reading
1 min
Listen
Play
9y

ဖြစ်ပြီးခဲ့တဲ့အရာတွေအတွက် ပူဆွေးမနေတော့ဘူး။
ဖြစ်မလာသေးတဲ့ အရာတွေအတွက်လည်း
သောကမရောက်ပဲ စိတ်ထားတတ်ဖို့ကြိုးစားရမယ်။

မနေ့ကဆိုတာ ပြီးသွားပြီ။
မနက်ဖြန်ဆိုတာရောက်မလာသေးဘူး။
ကိုယ်ပြန်သွားလို့မရတော့တဲ့အချိန်၊
ဘာဖြစ်လာမယ်မှန်းမသိသေးတဲ့အချိန်တွေအတွက်
ပူဆွေးသောကရောက်မနေတော့ဘူး။
အခုလက်ရှိ ပစ္စုပ္ပန်အချိန်မှာပဲ
အကောင်းဆုံးဖြစ်အောင် နေနိုင်ဖို့ကြိုးစားရမယ်။

ကိုယ်တိုင်လည်း ပျော်ပျော်နေပြီး
ကိုယ့်ဘေးနားမှာရှိတဲ့သူတွေကိုလည်း
ကိုယ့်ကြောင့်ပျော်ရွှင်စေဖို့ကြိုးစားရမယ်။

htetwaihin@htetwaihin

MSC - 039

To Do List (6) | Ecency