ကောင်းကင်မှာ လမင်းကြီး
ထိန်ထိန်သာနေပါသော်လည်း
ရင်ထဲသို့ ငုံ့ကြည့်သောအခါ
အလွမ်းအတိနှင့် မှောင်၏။
ကိုယ့်လက်အစုံဟာ
ဂစ်တာလေးပေါ် ပြေးလွှား
သံစဉ်များ ချိုမြပါသော်လည်း
စိတ်အလျဉ်သည် ခါးသက်မှုအတိပြီး၏။
တိတ်ဆိတ်သောည
အေးချမ်းလှပါသော်လည်း
သည်မောင်တစ်ယောက်၏ညမှာ
ဗလောင်ဆူမှုအတိနှင့်ပူလောင်လှ၏။
ကိုယ့်ကိုယ်ကို အရင်းစစ်လေသော်
အလွမ်းများ၏ ရင်းမြစ်သည်
မင်း...ဖြစ်လေသည်။