မင်္ဂလာပါ steemitမိတ်ဆွေများ။
မနေ့ကပို့စ်မှာ စတီးမစ်အကောင့်တွေရဲ့ အဆင့်သတ်မှတ်ပုံအဆင့်ဆင့်ကို ပြောပြခဲ့ပါတယ်။
ဒီနေရာကိုနှိပ်ပီးသွားရောက်
ဖတ်ရှုနိုင်ပါတယ်။
ဒီနေ့ပို့စ်မှာတော့ အဆိုပါ အဆင့်သတ်မှတ်ချက်များအတွက် လိုအပ်တဲ့ SP ပမာဏများကို ဖော်ပြပေးသွားပါမယ်။
အဆင့်သတ်မှတ်ချက် တစ်ခုချင်းစီတိုင်းအတွက်
လိုအပ်တဲ့ SP ပမာဏတွေက
Plankton >> 0 - 0.1 million vests
Minnow >> 1 million vests
Dolphin >> 10 million vests
Orca >> 100 million vests
Whale >> 1000 million vests
အစရှိသဖြင့် အသီးသီးလိုအပ်ကြပါတယ်။
ဒီနေရာမှာ Vest ဆိုတာကတော့ SP ကိုဆိုလိုတာပဲဖြစ်ပါတယ်။
Vests = Steem Power ပေါ့ဗျာ။
မိမိရဲ့ Vests ပမာဏ ဘယ်လောက်ရှိလဲဆိုတာ သိချင်ရင်တော့
www.steemd.com/@USERNAME မှာ သွားရောက်ကြည့်ရှုနိုင်ပါတယ်။
(USERNAME နေရာမှာ မိမိရဲ့ စတီးမစ်အကောင့်အမည်ကိုထည့်ပေးရမှာပါ)
ကျနော့် အကောင့်နဲ့ နမူနာ ပြပေးထားပါတယ်။
ပုံမှာ မြင်ရတဲ့အတိုင်း ညာဘက်ထောင့်နားမှာ ပြပေးထားတာကိုတွေ့ရမှာပါ။
အခုဆို အဆင့်သတ်မှတ်ချက်တခုချင်းစီအတွက် လိုအပ်တဲ့ Vests ပမာဏကိုလည်းသိပီ။မိမိမှာ Vests ပမာဏဘယ်လောက်ရှိလဲဆိုတာလည်း သိပီဆိုတော့ အဆင့်သတ်မှတ်ချက် တစ်ခုချင်းစီအတွက် လိုအပ်တဲ့ steem ပမာဏကို တွက်ကြည့်ရအောင်ပါ။
အဲဒါမှ နောက်တစ်ဆင့်ကိုရောက်ဖို့ SP ဘယ်လောက်လိုတယ်။ဘယ်လို target ထားပီး ကြိုးစားရမယ်ဆိုတာ ခန့်မှန်းရ လွယ်ကူစေတာပေါ့။
လိုအပ်တဲ့ Steem ပမာဏကို တွက်ချက်မယ်ဆိုရင်
www.steemdollar.com/vests.php
မှာသွားရောက်ပီး တွက်ကြည့်လို့ရပါတယ်။
အခုဒီပို့စ်ကိုရေးနေချိန်မှာတော့
1M Vests ကို 489 Steem နဲ့ညီမျှနေတာကို တွေ့ရမှာပါ။
အဲဒါဆို မိမိမှာရှိတဲ့ Vests ပမာဏကို
တွက်ကြည့်ရအောင်။
နမူနာအနေနဲ့ ကျနော့်အကောင့်နဲ့ပဲ
တွက်ပြထားပါတယ်။
တွက်ရတယ်ဆိုလို့ ဘာမှခက်ခက်ခဲခဲ လုပ်စရာမလိုပါဘူးနော်။အပေါ်မှာပေးထားတဲ့ linkကနေတဆင့်ဝင်ပီး Vests နေရာအကွက်လေးမှာ မိမိပိုင်ဆိုင်ထားတဲ့ Vests ပမာဏကို ရိုက်ထည့်လိုက်တာနဲ့ တဖက်က Steem အကွက်မှာ အော်တိုတွက်ပီး
ပေါ်လာပါလိမ့်မယ်။
ကျနော့်မှာရှိတဲ့ Vests 315893 ကို
ရိုက်ထည့်လိုက်တော့ 154.5350steem လို့ပြပါတယ်။ဒါက ကျနော့်မှာရှိတဲ့ SP နဲ့ Steem ပမာဏပေါ့။
အဲဒီတော့ ကိုယ်ကနောက်တဆင့်တက်ချင်တယ်ဆိုရင် steem ဘယ်လောက်လိုတယ်ဆိုတာ တွက်ကြည့်ကြရအောင်။
ကျနော်က Plankton level ဖြစ်တဲ့အတွက် နောက်တစ်ဆင့်ဖြစ်တဲ့ Minnow ကိုတွက်ကြည့်ပါမယ်။Minnow အတွက် Vests သတ်မှတ်ချက်က 1million Vests ပါ။
ကြည့်ရအောင်...
ပုံမှာမြင်တဲ့အတိုင်း Minnow ဖြစ်ဖို့ဆို
SP 489.2004 လိုအပ်ပါတယ်။ကျနော့်မှာရှိတာ 154.5350Spဆိုတော့ ကျနော့်အနေနဲ့ Minnow levelရောက်ဖို့ 334.6654Sp လိုအပ်ပါတယ်။
မိတ်ဆွေများလည်း မိမိမှာရှိတဲ့ Vests နဲ့ နောက်တဆင့်တက်ဖို့ လိုအပ်ချက်ကိုတွက်ချက်ကြည့်နိုင်ပါတယ်။
နောက်တဆင့်တက်ဖို့ steemပမာဏတွေ အများကြီးလိုသေးတယ်ဆိုပြီးတော့လည်း
စိတ်ဓာတ်မကျသွားပါနဲ့အုံး။အခုလက်ရှိ ပမာဏများနေသူတွေလည်း သူလိုကိုယ်လိုပဲ
အနည်းငယ်သောဘ၀ကနေ စခဲ့ကြရတာပါပဲ။
အဓိက ဒီပို့စ်လေးကို ရေးရတဲ့ရည်ရွယ်ချက်က
မသိသေးတဲ့သူများအတွက် ဗဟုသုတ ရစေဖို့ရယ်၊
နောက်တချက်က မိမိအနေနဲ့ နောက်တဆင့် တက်ဖို့ လိုအပ်တဲ့ ပမာဏကိုသိထားတဲ့အတွက် ဘယ်လို ပလန်ချပီး အချိန်ဘယ်လောက်အတွင်း ရအောင်ကြိုးစားမယ် အစရှိသဖြင့် တွက်ချက်ရ လွယ်ကူစေဖို့ ရည်ရွယ်ပါတယ်။
ဥပမာ-ကျနော့်အနေနဲ့ဆိုရင် 334Sp လိုတာဖြစ်တဲ့အတွက်ကြောင့် ၃လအတွင်း ရအောင်
ကြိုးစားမယ်ဆိုရင်
334sp/90days = 3.7111 ဆိုပြီးတနေ့တာအတွက်
ရရှိအောင် ကြိုးစားရမဲ့
Spအရေအတွက်ကို အလွယ်တကူ
သိရှိစေနိုင်ပါတယ်။
ထိုမှတဆင့် တနေ့တာ လိုအပ်ချက်ပြည့်ဝဖို့
ဘယ်လိုကြိုးစားမယ်ဆိုတာမျိုးကို အစီအစဉ်ချပြီး
လွယ်ကူစွာလုပ်ဆောင်နိုင်စေမှာဖြစ်ပါတယ်။
စတီးမစ် မိတ်ဆွေများလည်း တဆင့်ပြီးတဆင့်
အောင်မြင်စွာ တက်ရောက်နိုင်ကြပီး
Steemit ပင်လယ်ပြင်မှာ ကျင်လည်စွာ
ကူးခတ်နိုင်ကြကုန်သော
Whale ကြီးများဖြစ်ကြပါစေလို့
ဆုမွန်ကောင်းတောင်းရင်း နိဂုံးချုပ်လိုက်ပါတယ်။
အားလုံးကို ကျေးဇူးတင်ပါတယ်။