နှလုံးသားဗိုင်းရပ်စ်

Words
71
Reading
1 min
Listen
Play
8y

images.jpg
Images Credit - Original Source
မမျှော်လင့်တဲ့အချိန်မှာ
ဗြုန်းခနှဲ့ Virus တကောင်လို
Online ကတဆင့်
ငါ့နှလုံးသားထဲကို ဝင်ရောက်
ငါ့နှလုံးသား Software နဲ့
ငါ့အသဲ Hard Disk တခုလုံးကို
ဖျက်ဆီးပစ်လိုက်တယ်…။
ပြီးတော့…
အဝေးတနေရာကို
မင်း ထွက်ပြေးသွားတယ်…။

အယင်က…
ပုံမှန်လှုပ်ရှားနေတဲ့
ငါ့နှလုံးသား Windows
အခုခါ…
မင်းပေးခဲ့တဲ့
အလွမ်း Damage ကြောင့်
ရပ်တန့်သွားပြီး
ငါ့အသဲလည်း
ကြေကွဲနေရပြီ…။

ဟို…အယင်က
ငါ့နှလုံးသားနဲ့
အသဲနှလုံးကို
ထိုးဖောက်ဝင်ရောက်လာတဲ့
အချစ်ဗိုင်းရပ်တိုင်းကို
Anti-love Software နဲ့
Protect လုပ်နိုင်ခဲ့သော်လည်း
အခုအခါ
ရေမယိုအောင်စကားတွေပြောပြီး
ပြုစားတတ်တဲ့ မင်းကို
ငါ့ Anti-virus Software က
Protect မလုပ်နိုင်တော့ဘူး --။

မင်း၏ Damage ကိုခံလိုက်ရတဲ့
ငါ့နှလုံးသားကို
ဘယ်Software နဲ့ ငါ
ပြန်ပျင်ရမှာလဲ….။

Images Credit - Original Source

နှလုံးသားဗိုင်းရပ်စ် | Ecency