A slave who changed his mind by the right of money
"ငွေအသပြာကြောင့် စိတ်ပြောင်းသွားသော အိမ်စေကျွန်"
Once on a time when Brahmadatta was reigning in Benares, the Bodhisatta came to life as a squire. Another squire, a friend of his, was an old man himself, but had a young wife who had borne him a son. Said the old man to himself, "As soon as I am dead, this girl, being so young as she is, will marry heaven knows whom, and spend all my money, instead of handing it over to my son. Wouldn't it be my best course to bury my money safely in the ground?"
ရှေးအခါက ဗာရာဏသီပြည်တွင် ဗြဟ္မဒတ်မင်းကြီးစိုးစံစဉ် ဘုရားလောင်းသည် သူဌေးတစ်ဦးဘဝသို့ ရောက်ရှိနေ၏။ ယင်း၏ မိတ်ဆွေဖြစ်သော အခြားသူဌေးတစ်ဦးမှာ သက်ကြီးရွယ်အိုတစ်ယောက်ဖြစ်ပြီး ငယ်ရွယ်သော ဇနီးသည်တစ်ဦးနှင့် အိမ်ထောင်ကျကာ သားတစ်ယောက် မွေးဖွားထားသည်။ သူကြွယ်အဖိုးကြီးက "ငါသေသွားသည်နှင့် အလွန်ငယ်ရွယ်တဲ့ ဒီမိန်းခလေးဟာ ငါပိုင်ဆိုင်တဲ့ အသပြာအားလုံးကို ငါ့သားလက်ထဲ အပ်ရမယ့်အစား သူနဲ့ ရင်းနှီးတဲ့ မိုးကျရွှေကိုယ်တစ်ယောက်နှင့် လက်ထပ်ပြီး သုံးပစ်တော့မယ်။ အသပြာတွေကို မြေကြီးထဲမှာ လုံလုံခြုံခြုံ မြှုပ်ထားတာက အကောင်းဆုံး ဆောင်ရွက်တဲ့ နည်းလမ်းဖြစ်မယ်" ဟု တစ်ကိုယ်တည်း စဉ်းစားနေ၏
So, in the company of a household slave of his named Nanda, he went to the forest and buried his riches at a certain spot, saying to the slave, " My good Nanda, reveal this treasure to my son after I am gone, and don't let the wood be sold." After giving this injunction to his slave, the old man died. In due course the son grew up, and his mother said to him, " My son, your father, in the company of Nanda, buried his money. Ge t it back and look after the property of the family."
ထို့နောက် နန္ဒအမည်ရသော အိမ်စေတစ်ယောက်နှင့်အတူ တောထဲသွားကာ သူ၏ ဥစ္စာဓနများကို နေရာတစ်နေရာတွင် မျြုပ်နှံပြီး "လူလိမ္မာလေး နန္ဒ ငါသေသွားရင် ဒီရတနာတွေအကြောင်း ငါ့သားကို ထုတ်ပြောလိုက်ပါ။ ဒီသစ်တောကို မရောင်းစေနဲ့" ဟု မှာကြား၏။ သူကြွယ်အဘိုးကြီးသည် အိမ်စေကို ဤအမိန့်စကား ပြောကြားပြီးနောက် ကွယ်လွန်သွားခဲ့သည်။ အချိန်တန်၍ သားဖြစ်သူ အရွယ်ရောက်သောအခါ မိခင်ဖြစ်သူက သူ့ကို "ငါ့သား မင့်အဖေဟာ နန္ဒနဲ့အတူသွားပြီး သူ့ရဲ့ အသပြာတွေကို မြှုပ်နှံထားခဲ့တယ်။ ပြန်ဖော်ယူပြီးတော့ မိသားစုပိုင် ပစ္စည်းဥစ္စာတွေကို စောင့်ရှောက်ပါ" ဟု ပြောဆို၏။
So one day he said to Nanda, " Nunky, is there any treasure which my father buried"
"Yes, my lord."
"Where is it buried"
"In the forest, my lord."
"Well, then, let us go there." And he took a pickaxe and a basket, and going to the scene, said to Nanda, " Well, nunky, where's the money?"
But by the time Nanda had got up to the treasure and was standing right over it, he was so puffed up by the money that he abused his master, saying, " You servant of a slave-wench's son! how should you have any money here"?
တစ်နေ့တွင် သူက နန္ဒကို "အန်ကယ် ကျွန်တော့်ဖခင် ရတနာတွေမြုပ်နှံထားတာရှိသလား" ဟု မေးမြန်း၏။
"ရှိပါတယ် အရှင်"။
"ဘယ်မှာ မြုပ်နှံထားပါသလဲ"။
"တောထဲမှာပါ အရှင်"။
"ကောင်းပီ ဒီလိုဆို ကျွန်တော်တို့ အဲဒီကို သွားကြမယ်" ဟု ပြောပြီး ပေါက်တူးနှင့် ခြင်းတောင်းကိုယူကာ မြှုပ်နှံထားရာနေရာသို့ သွားနေရင်း "ကဲ ဦးလေး နန္ဒ အသပြာတွေ ဘယ်နားမှာလဲ" ဟု မေးလိုက်၏။
ထိုအချိန်တွင် နန္ဒသည် ရတနာများရှိရာ ရောက်နေပြီး ရတနာတွေအပေါ် မတ်တတ်ရပ်နေ၏။ သူသည် အသပြာများကြောင့် အလွန် မာန်တက်ကာ "မင့်ဟာ ကျွန်မငယ်တစ်ယောက်ရဲ့သားပဲ။ ဒီက ရတနာတွေကို ဘယ်နည်းနဲ့မှ မင့်မရသင့်ဘူး" ဟု ဆိုကာ အရှင်သခင်ကို ပြောဆိုဆဲရေး၏။
The young gentleman, pretending not to have heard this insolence, simply said, " Let us be going then," and took the slave back home with him. Two or three days later, he returned to the place ; but again Nanda abused him, as before. Without any abusive rejoinder, the young gentleman came back and turned the matter over in his mind. Thought he to himself, "At starting, this slave always means to reveal where the money is ; but no sooner does he get there, than he falls to abusing me. The reason of this I do not see; but I could find out, if I were to ask my father's old friend, the squire."
လူငယ်သည် ဤရိုင်းပြမှုကို မကြားချင်ဟန်ဆောင်ကာ "ဒါဆိုလဲ သွားကြတာပေါ့ဟု" ရိုးရိုးအေးအေး ပြောဆိုပြီး အိမ်စေကို သူနှင့်အတူ ပြန်ခေါ်သွားခဲ့သည်။ နှစ်ရက် သုံးရက်ကြာပြီးနောက် ထိုနေရာသို့ ထပ်မံသွားရောက်ကြ၏။ သို့သော် နန္ဒသည် ယခင်အတိုင်းပဲ ပြောဆိုဆဲရေးပြန်သည်။ လူငယ်သည် ရုန့်ရင်းကြမ်းတမ်းသော ခွန်းတုန့်ပြန်မှု မပြုဘဲ ပြန်လာခဲ့ပြီး ထိုအကြောင်းကို စိတ်ထဲတွင် ပြန်ပြောင်းတွေးနေ၏။ "အစပထမတော့ ဒီအိမ်စေဟာ အသပြာရှိတဲ့ နေရာကို ထုတ်ပြောဖို့ တစ်ချိန်လုံး ရည်ရွယ်နေပုံပဲ။ အဲဒီနေရာရောက်ပြီး မရှေးမနှောင်းမှာ ငါ့ကို ပြောဆိုဆဲရေးမိသွားတယ်။ ငါမသိသေးတဲ့ ဒီအကြောင်းအရာကို သိအောင် စုံစမ်းရမယ်။ ငါ့ ဖခင်ရဲ့ မိတ်ဆွေ သူဌေးကို မေးကြည့်ရရင် ကောင်းမယ်" ဟု လူငယ်သည် တစ်ကိုယ်တည်း စဉ်းစားနေ၏။
So he went to the Bodhisatta, and laying the whole business before him, asked what was the real reason of such behaviour. Said the Bodhisatta, " The spot at which Nanda stands to abuse you, my friend, is the place where your father's money is buried. Therefore, as soon as he starts abusing you again, say to him,' Who are you talking to, you slave?' Pull him from his perch, then ask him to dig down, take your family treasure, and make the slave carry it home for you."
ထို့နောက် ဘုရားလောင်ထံ သွားရောက်ကာ ဖြစ်ကြောင်းကုန်စင်ကို ပြောပြပြီး ယင်းသို့ ပြုမူခြင်း၏ ဖြစ်နိုင်ခြေရှိသော အကြောင်းရင်းက ဘာပါလဲဟု မေးမြန်း၏။ "နန္ဒက သင့်ကို ပြောဆိုဆဲရေးတဲ့ နေရာဟာ သင့်ဖခင်ရဲ့ အသပြာတွေကို မြှုပ်နှံထားတဲ့ နေရာပဲ။ ဒါကြောင့် သူက သင့်ကို နောက်ထပ် ပြောဆိုဆဲရေးသည်နှင့် "ဟဲ့ အိမ်စေ မင့်ဘယ်သူ့ကို ပြောနေတာလဲ" လို့ မေးပြီး ဆွဲခေါ်ပါ။ ပြီးတော့ မြေတူးခိုင်းကာ သင့်ဖခင်ရဲ့ ရတနာတွေကို ထုတ်ယူပါ။ အဲဒီနောက် အိမ်စေနန္ဒကို ရတနာတွေ အိမ်သို့ သယ်ယူလာခိုင်းပါ" ဟု ဘုရားလောင်းက အကြုံပေးသည်။
Taking a respectful leave of the Bodhisatta, the young gentleman went home, and taking Nanda went to the spot where the money was buried. Faithfully following the advice he had received, he brought the money away and looked after the family property. He remained steadfast in the Bodhisatta's counsels, and after a life spent in charity and other good works he passed away to fare according to his deserts.
လူငယ်သည် ဘုရားလောင်းထံမှ တရိုတသေ ထွက်ခွာလာပြီး အိမ်သို့ ပြန်သွားခဲ့သည်။ ထို့နောက် နန္ဒကိုခေါ်ပြီး အသပြာများ မြှုပ်နှံထားရာနေရာသို့ သွားခဲ့၏။ ဘုရားလောင်း၏ အကြံပြုချက်ကို ယုံယုံကြည်ကြည် လိုက်နာခြင်းဖြင့် အသပြာများကို ဆောင်ယူလာပြီး မိသားစုပိုင် ပစ္စည်းဥစ္စာများကို စောင့်ရှောက်ခဲ့သည်။ သူသည် ဘုရားလောင်း၏ အကြံပြုချက်ကို မမှိတ်မသုန် လိုက်နာနေထိုင်ခဲ့၏။ ဒါနစသော ကောင်းမှုကုသိုလ်များကို အသက်ထက်ဆုံး ပြုလုပ်ပြီး ကွယ်လွန်အနိစ္စရောက်သောအခါ ထိုက်တန်သော ဘဝသို့ ရောက်ရှိသွားခဲ့သည်။