Hi all HIVE-communities,
This blog page is belong to Myanmar Hive Community and all the members from Myanmar community will drop their posts link in here ( in comment section ) starting from tomorrow. The reason why we create this blog page is, we would like to support each other where all the Myanmar original content are in place. Meanwhile the Hive Power of Myanmar community are still low, thus , i would like to seek support from others communities that if you see a post containing beautiful round wording ( you may see in below ) please support us with your valuable upvoting. We are not asking 100% of your voting, as long as you willing to support is good enough. And here are our community rules and regulation for members;
We implement those rules because we want the Myanmar Hive community Members to be different with others social media user like Facebook. Hive Platform is only meant for those who want to share or gain the true knowledges or experiences without disturbing to others, enjoying the clean social media and yet earning the cryptocurrency.
Myanmar Hive Community Members
အားလုံးကို မင်္ဂလာပါလို့ နှုတ်ဆက်ပါရစေ။ ဒီနေ့ ဒီအချိန်ကနေစပြီးတော့ ကျွန်တော်တို့ Myanmar Community page နဲ့ အတူ Hive Platform ကို ဝင်ရောက်လာတဲ့ မြန်မာစာရေသားသူအားလုံးကို ကြိုဆိုပါသည်။ ကျွန်တော်တို့ အားလုံးသိပြီးသားဖြစ်တဲ့ အတိုင်း Hive platform မှာလည်း မြန်မာစာ ဖြင့် စာ ၊ ဆောင်းပါးရေးသားသူအားလုံးကို စည်းကမ်းလိုက်နာကြဖို့ အလေးအနက် ပန်ကြားလိုပါသည်။
ကျွန်တော်တို့ Community ဟာ အတွေ့အကြုံရှိခဲ့တဲ့ community ဖြစ်တဲ့ အတိုင်း ဆောင်ရန် ရှောင်ရန် တို့ကို အားလုံးအသိ ဖြစ်မည် ဟု မျှော်လင့်ပါသည်။ Myanmar Hive Community page မှာ ယခင် အတိုင်း Promotion အနေဖြင့် နေ့စဉ် နေ့စွဲအလိုက် link များ ချထားပေးမည် ဖြစ်ပါသည်။
အားလုံးနားလည်ပြီ ဖြစ်တဲ့ အတိုင်း အထွေအထူးရှင်းမပြတော့ပါ။ အထူးသဖြင့်မှာကြားလိုတာကတော့ စာ၊ ဆောင်းပါးများရေးသားရာတွင် အတတ်နိုင်ဆုံ ဖတ်ရှုသူ သူတပါး တခုခု ရသွားစေရန် ရည်ရွယ်ချက်ထားကာ ရေးသားစေလိုပါသည်။ သုတ ၊ရသ ၊ နည်းပညာ ၊ သို့မဟုတ် ခံစားချက် စသည်ဖြင့်။
ကျွန်တော်တို့ အနေဖြင့် ယခုမှ အသစ်တဖန်ပြန်လည် စတင်ရသော အဖွဲ့အစည်း ဖြစ်သဖြင့် ဤ Hive platform ပေါ်ရှိ အခြား Community များ အထင်အမြင် သေးနိုင်သော အပြုအမူများ ရှောင်ကျဉ်ကြပါရန် အထူး အလေးအနက် ပန်ကြားလိုပါသည်။
Hive platform အောင်မြင်လညခြင်းသည် Myanmar Community အောင်မြင်လာခြင်းနှင့် အတူတူသာ ဖြစ်ပါသည်။ ခြေလှမ်း တသောင်း ၏ ခရီးသည် ပထမဆုံး ခြေလှမ်းဖြင့်စတင်ရသလို ကျွန်တော်တို့ Myanmar Hive Community အနေဖြင့်လည်း ယနေ့ ပထမဦးဆုံး ခြေလမ်းကို စတင်လိုက်ပြီ ဖြစ်ပါသည်။ Myanmar Hive Community Members တို့ တဦးစီ အောင်မြင်ကြပါစေမည့်အကြောင်း ဆုမွန်ကောင်း တောင်းလိုက်ရပါသည်။