https://shop.stockphotosecrets.com/imagedetails/99648568/ING_19032_02644-Ingimage-contributors-Valentine-s-Day-Background-Red-Hearts-on-a-Pink-ba.html
စစ်မရောက်ခင် မြှားကုန်တယ်တဲ့လား
ကြားရတဲ့စကား နားခါးလိုက္တာ
ဓါးတစ်စင်းရဲ့ သိက္ခာ၊ လေဟုန်ကိုခွင်း အလင်းကို ဝါးမြို
အားလုံးကို ဖြိုဖျက်ပစ်မယ်၊ ငါကိုယ်တိုင် ကြွေးကြော်လို့
စစ်တုရင် ခုံမှာပြေးလွှား၊ ငါကိုယ်ငါ ဆော့ကစားခဲ့တယ်
မထင်မှတ်တဲ့ တိုက်ကွက်၊ ရိုက်ချက်က ပြင်းလွန်းတယ်
အကြည့်တစ်ချက်နဲ့တင်၊ စိတ်ဓါတ်တွေ ယိုင်လဲ
ခိုင်မြဲတယ်ဆိုတဲ့ နှလုံးသား၊ ဓါးပါးပါး တစ်လက်နဲ့ အမွန်းခံခဲ့
ပြန်လှည့်ဖို့ စိတ်မကူးပါဘူး၊ မင်းရှေ့မှာ ဒူးထောက်
ရူးလောက်တဲ့ အပြုံးတွေကိုတမ်းတ၊ မမှန်းဆချင်တော့တဲ့ ငါ့နိဂုံး
အရူးသမားလုံးလုံး ဖြစ်ခဲ့ရတာတောင်၊ အမှောင်ကျနေတဲ့ မင်းနှလုံးသားအတွက်
ငါ့ကိုယ်ငါ လောင်ကျွမ်းလိုက်မယ်၊ ယောင်ယမ်းပြီး သတိရမိရင်ပဲ
ငါကျေနပ်ပါပြီဟာ
@heneyko61
This post is from a low-reputation account and contains an unverified outbound link. Be cautious before clicking external links.