Oppo Find X

heinzaw(42)
Published in
#phone
Words
96
Reading
1 min
Listen
Play
8y

OPPO ဟာ လက်ရှိအချိန်မှာ လာမယ့် ဇွန်လ ၁၉ ရက်နေ့မှာ ပြင်သစ်နိုင်ငံ ပဲရစ်မြို့မှာ Find X စမတ်ဖုန်းကို တရားဝင်ကြေညာသွားတော့မယ်ဆိုတာကို ထုတ်ပြန်ကြေညာထားပြီးဖြစ်ပါတယ်။IMG_20180612_061657.jpg

အခု OPPO ရဲ့ Find X စမတ်ဖုန်းဟာ OPPO ရဲ့ လွန်ခဲ့တဲ ၄ နှစ်လောက်တုန်းက နောက်ဆုံးထွက်ရှိခဲ့တဲ့ Flagship Series ဖြစ်တဲ့ Find 7 စမတ်ဖုန်းတွေပြီးမှာ ထပ်မံထွက်ရှိလာမယ့် Flagship စမတ်ဖုန်းတစ်ခုဖြစ်ပါတယ်။ အဲ့ဒီအတွက် လောလောဆယ်မှာတော့ တစ်ခုထဲသော Snapdragon 800 Series ကို ပြန်ပြီး အသုံးပြုလာမယ့် OPPO ဖုန်းဖြစ်လာမှာပါ။
IMG_20180612_061712.jpg
ဒါတင်မကသေးပဲ OPPO Find X ဟာ ကင်မရာပိုင်းမှာလည်း အလန်းစား Feature တစ်ခုပါဝင်လာဖို့ ကျိန်းသေသွားပြီဖြစ်ပါတယ်။ အဲ့ဒါကတော့ OPPO က ယခင်တုန်းက နည်းပညာအနေနဲ့ပဲ ထုတ်ပြန်ပေးဖို့တဲ့ 5X Optical Zoom စနစ်ကို အခု Find X မှာ ထည့်သွင်းလာတော့မှာပါ။

လက်ရှိအချိန်မှာ အကောင်းဆုံးသော ကင်မရာဖုန်းဖြစ်တဲ့ Huawei P20 Pro လိုမျိုး စမတ်ဖုန်းတွေတောင်မှ 3X Optical Zoom ပဲရရှိနေတဲ့အချိန်မှာ OPPO ကသာ Find X စမတ်ဖုန်းမှာ 5X Optical Zoom ထည့်သွင်းလာခဲ့ရင် ဒါက အလန်းစား Feature တစ်ခုဖြစ်လာမှာပါ။IMG_20180612_061646.jpg

Oppo Find X | Ecency