မေးခြင်းသည် “ငါး ရေကူးတတ်လား.." ပေးခြင်းနှင့်တူ၍ သူကြီးက သူသောက်ရန် ထန်းတစ်ပင်ကို တက်စေသည်။
တာကပ်ကြီးရွာ၌ ခြံတွေမှာရော၊ လယ်ကွင်းတွေထဲမှာရော ထန်းပင်တွေ အလွန်ပေါ၏။ သို့သော် ထန်းတက်တတ်သူ အလွန်နည်း၍
တက်တတ်သူ နှစ်ဦးသုံးဦးမှာလည်း မိမိတို့သောက်ဖို့သာသာ လိုင်စင်စိရရုံလောက် တက်ကြသည်။ တာကပ်ကြီးရွာသည် မြို့နှင့်နီး၍
ထန်းရည်လိုင်စင် ဧရိယာအတွင်းကျရောက်သဖြင့် ထန်းရည်တက်လိုလျှင် လိုင်စင်စီကို အခွန်အခပေးရသည်။ ထေကြီးတက်သောအပင်ကား
တစ်ပင်တည်း၊ သူကြီးဂုဏ်ရှိန်နှင့်မို့ မပေးရပေ။
ယင်းသို့လျှင် ထေကြီးသည် သူကြီးအိမ်မှာ သူရင်းငှားလုပ်ရင်း ထန်းတစ်ပင်တက်ခြင်းဖြင့် အမှုတော်ထမ်းနေစဉ် နေ့စဉ်သူတက်သော
ထန်းပင်ပေါ်မှ လှမ်းမျှော်ကြည့်၍ အနီး
စီးပွားဖြစ်လိမ့်မယ်..."ဟုတွက်ဆမိ၏။
ရွာထဲ၌ ထန်းတက်သူ တောင်ပိုင်းတစ်ယောက်၊ မြောက်ပိုင်းတစ်ယောက်ရှိရာ သူတို့သည် တစ်ဦးလျှင် နှစ်ပင်သုံးပင်မျှ
အပျော်တက်လောက်ဖြစ်၍ ရောင်းမလောက်ပေ။ သောက်ချင်လျက်နဲ့ မသောက်ရသူတွေ အနတက္တမ။ ထေကြီးသည် ယခု
သူတစ်ပင်တည်းတက်၍ သူကြီးသောက်၍ပိုသမျှ ရောင်းရသည်နှင့်ပင် သူခပ်မြက်မြက် တွေ့နေပေပြီ။ လသာကွင်းတုန်းက
အိတ်ထဲပိုက်ဆံမကပ်ခဲ့ရ။ ယခု နေ့စဉ်ဝင်ငွေရနေသည် ဟိ..ဟိ...။
သို့ဖြင့် တစ်နေ့သ၌ သူသည်သူကြီးအား ထန်းပင်များများတက်လိုကြောင်း၊ သည်ရွာမှာ ထန်းတက်၍ စီးပွားဖြစ်နိုင်လိမ့်မည်ထင်ကြောင်း
ပြောပြရာ သူကြီးလည်း သူ့အား ခိုင်း၍စေ၍ ကောင်းသဖြင့် ချစ်ခင်ရင်းပွဲရှိသည်နှင့် "အေး.. မင်းအကျိုးရှိမယ်ထင်ရင် လုပ်လကွာ၊ ငါတို့ဆီမှာ
သူရင်းငှားတော့ မရှားဘူး”ဟု အခွင့်ပေးသည်နှင့် အစ၌ ဖော်ပြခဲ့သည့်အတိုင်း ထေကြီးသည် ပထမတစ်နှစ်၊ တစ်ဆောင်းနှင့်တစ်နေ့
စမ်းလိုက်သည်။ ဟန်သဖြင့် ဒုတိယနှစ်ကုန်ပြီး တတိယနှစ်ရောက်သည်၌ သူရင်းငှားအလုပ်ကို လုံးဝစွန့်ပစ်လိုက်ကာ ထန်းတက်သော
အလုပ်တစ်ခုတည်းသာ ဖိလုပ်လေတော့သည်။ထန်းရည်နင်း
ပေါက်ကင်းတဲ့ လဲငုံ။
ဆက်ရက်ကယ် သရကာနဲ့
ရော်ရွက်ဝါတမာနု
လွမ်းသူ့ ပူပုံ။
စရိုက်ကယ်လှုံ
ပင်မြို့နှင့် သိုက်နန်း။
ထွက်စီးငယ်ဝှန်
ကျောက်စက် ရေတံခွန်နဲ့
ဟေမဝန် သာယာနုပါဘိ
ယွန်းလုနွေဆန်း။ ။
'ထန်းရည်နင်း'ဆိုသည်၌ ဘယ့်နှယ် ထန်းရည်တွေတက်နင်းလို့ ခြေထောက်စိုကုန်မှာပေါ့ဟု ပြောစရာရှိ၏။ စင်စစ် ထန်းရည်တွေကို
တက်နင်းခြင်း မဆိုလိုပေ။ ထန်းရည်ထွက်အောင် ထန်းတက်ရာ၌ ထန်းဝအရင်းထိပေါ်လာရန် ထန်းလက် ထန်းခွာတွေကို ခြေထောက်နှင့်
နှင်းချရခြင်းကို ဆိုလိုခြင်းဖြစ်ပေသည်။