Find X Lambo Edition

heinzaw(42)
Published in
#oppo
Words
194
Reading
1 min
Listen
Play
8y

OPPO အနေနဲ့ pop-up ကင်မရာနဲ့ Find X စမတ်ဖုန်းနဲ့အတူ
Lamborghini နဲ့ပူးပေါင်းပြီးတော့ Lamborghini ဗားရှင်း Oppo
Find X ဖုန်းကိုပါမိတ်ဆက်လိုက်ပါတယ်။ အီတလီဇိမ်ခံကား အ
မှတ်တံဆိပ်နဲ့ ပူးတွဲထုတ်လုပ်မယ့် ဖုန်းဟာ ဈေးနှုန်းအားဖြင့်
1,699 ယူရို ($1,966) ကျသင့်မှာဖြစ်ပါတယ်။ အထူးဗားရှင်း စမ
တ်ဖုန်းမှာတော့ Super VOOC charging ကိုထောက်ပံ့ပေးထား
မှာဖြစ်ပြီး 3,400mAh စွမ်းအားကို အားသွင်းဖို့အတွက်ကြာချိန်
ဟာ 0 to 100 ရရှိဖို့အတွက် 35မိနစ်သာ ကြာမယ်လို့ သိရပါ
OOSIIMG_20180620_194425.jpg

ဖုန်းမှာပါဝင်တဲ့ အချက်အလက်တွေဟာ ပုံမှန် Find X ဖုန်းနဲ့ကွဲ
ပါးမှု ရှိမှာမဟုတ်ပဲ၊ Lamborghini edition ဖုန်းရဲ့ နောက်ကျော
ဘက်မှာတော့ carbon fiber texture လေးတွေသုံးထားမှာဖြစ်ပါ
တယ်။ ပြီးတော့ အောက်ဘက်မှာ Lamborghini အမှတ်တံဆိပ်
ကိုပါ ခပ်နှိပ်ထားမှာပါ။ ပြိုင်ဘက်စမတ်ဖုန်း ကုမ္ပဏီဖြစ်တဲ့
Huawel အနေနဲ့ Porsche နဲ့ပူးပေါင်းပြီး Porsche Design Mate
RS ထုတ်လုပ်ခဲ့သလိုမျိုး OPPO အနေနဲ့လည်း ဈေးကွက်ပြိုင်ဆို
င်လိုက်တာ ဖြစ်ပါတယ်။ အချက်အလက်သိုလှောင်မှုအတွက်
တော့ ဒီဖုန်းဟာ 8GB RAM နဲ့ 512GB storage တစ်မျိုးထဲသာ
ထုတ်လုပ်ထားပါတယ်။IMG_20180620_194411.jpg

Find X စမတ်ဖုန်းမှာ စိတ်ဝင်စားစရာအကောင်းဆုံးနဲ့ စိတ်လှုပ်
ရှားစရာ ထည့်သွင်းပေးထားတာကတော့ ကင်မရာဒီဇိုင်းပဲ ဖြစ်ပါ
တယ်။ ကင်မရာကိုဖုန်းကိုယ်ထည်ထဲမှာ မြုပ်နှံထားတာဖြစ်ပါတ
ယ်။ camera app ကိုဖွင်လိုက်တဲ့အချိန်မှသာ ကင်မရာဟာထိပ်
ဘက်နေထိုးထွက်လာမှာ ဖြစ်ပါတယ်။ motorize နည်းလမ်း
နဲ့သွားတာဖြစ်ပြီး၊ သူရဲ့ ကင်မရာတပ်ဆင်ထားတဲ့ ပုံစံဟာ Vivo
Nex မှာပါဝင်တဲ့ pop-up ကင်မရာနဲ့လုံးဝကွဲ ပြားပါတယ်။ Vivo
NEX မှာက အရှေ့ဘက်ကင်မရာကိုသာ ပြုလုပ်ထားတာဖြစ်ပြီး၊
Find X စမတ်ဖုန်းမှာတော့ အရှေ့အနောက်ကင်မရာ ၂ဘက်လုံး
ကို motorize နည်းလမ်းသုံးထားတာပါ။ ကင်မရာapp ကိုဖွင့်မှ
ကင်မရာထွက်လာမှာပါ။

အရှေ့ဘက်မှာ 25-megapixel (f/2.0)ကင်မရာကိုတပ်ဆင်ပေး
ထားပြီး 3D facial scanning စနစ်နဲ့ ထောက်ပံ့ပေးထားပါတယ်။
pop-up ကင်မရာရဲ့ slide ပြုလုပ်နိုင်စွမ်းအတွက် အကြိမ်ရေ
၃သိန်းအထိ စမ်းသပ်ချက်ထားတယ်လို့ သိရပါတယ်။ OPPO
ရဲ့ ပြောကြားချက်အရ ခန့်မှန်းခြေအားဖြင့် လူတစ်ဦးဟာ တစ်
နေ့တာမှာ ဖုန်းကို အကြိမ်ရေပေါင်း 100-150 အတွင်း unlock ပြု
လုပ်ကြပါတယ်။ ဒီ unlock ပြုလုပ်မှုကို ပျမ်းမျှတွက်လိုက်မယ်ဆို
ရင် ၅နှစ်နီးပါးလောက်ကို slide ကအကြမ်းခံနိုင်စွမ်းရှိမှာ ဖြစ်တ
ယ်လို့ဆိုပါတယ်။ Find X စမတ်ဖုန်းရဲ့ Lamborghini ဗားရှင်း
ကိုတော့ သြဂုတ်လမှာ ရရှိနိုင်မှာဖြစ်ပြီး ထွက်ရှိမယ့်ရက်ကို
တော့မသိရှိရသေးပါဘူး။
Source

Find X Lambo Edition | Ecency