မြန်မာနိုင်ငံအနောက်မြောက်ဘက်တွင်နာဂလူမျိုးများနေထိုင်ကြပါတယ်။နာဂလူမျိုးများကသိပ်ကိုတိုးတက်တဲ့လူမျိုးမဟုတ်တော့သိတဲ့သူတွေနည်းပါးကြပါတယ်။
ဒါပေမယ့် နာဂလူမျိုးအများစုကရိုးသားကြပြီးတော့ကြိုးစားတဲ့လူမျိုးဘဲဖြစ်ပါတယ်။ဘာတစ်ခုမှမတိုးတက်တဲ့တောတောင်တွေကြားထဲမှာမို့လို့တောင်ယာ၊လယ်ကွင်းတွေဘဲလုပ်ကိုင်ကြပါတယ်။တစ်နှစ်လုံးစာအတွက်တစ်နှစ်လုပ်ကိုင်ကြပါတယ်။ထွင်းထွက်ပစည်းွဘာတစ်ခုမှလည်းမထွက်ပေမယ့်အထွက်အများဆုံးတစ်ခုတော့ရှိပါတယ်။
အဲ့တာ ကတော့လူဘဲဖြစ်ပါတယ်။
နာဂလူမျိုးများဟာတစ်အိမ်တွင်မိသားစု5ဦးကနေ10ဦးအထိနေထိုင်ကြပါတယ်။နာဂလူမျိုးမိသားစုတွေဟာရိုးရှင်တဲ့သာမန်မိသားစုလေးတွေပါ။တောင်ယာကနေထွက်တဲ့ဟင်းသီး၊ဟင်းရွက်၊သစ်သီးဝနံများကိုသာအများအားဖြင့်စားသုံးကြပါတယ်။စပါးကိုအဓိကစိုက်ပျိုးကြပါတယ်။
နာဂလူမျိုးများအထဲမှာအမျိုးကွဲများစွာရှိပြီးဘာသာစကား၊ယဥ်ကျေးမှု၊ယုံကြည်မှုအယူဝါဒတွေလည်းကွဲပြားကြပါတယ်။ယခုလက်ရှိမှာတော့ခရစ်ယာန်ဘာသာကိုအများဆုံးကိုးကွယ်ကြပြီး၊ဗုဒဘာသာကိုးကွယ်သူလည်းရှိကြပါတယ်။နာဂလူမျိုးအများစုကအိန်ဒိယနိုင်ငံမှာနေထိုင်ကြပြီးအနည်းစုကတော့မြန်မာနိုင်ငံမှာနေထိုင်ကြပါတယ်။ဒီအကြောင်းအရာတွေကိုတစ်ဆင့်ဝေမျှခြင်းမဟုတ်ပါ။သမီးကိုယ်တိုင်ကနာဂလူမျိုးဘဲဖစ်ပါတယ်။သမီးသိသလောက်နောက်လည်းထပ်ပြီးတော့သင်ပါ့မယ်။
သမီးနားမလည်တာတွေကိုလည်းသင်ပြပေးဖို့တောင်းဆိုချင်ပါတယ်။အခုမှhiveကိုလေ့လာနေတုန်းမို့အမှားရှိရင်ခွင့်လွတ်ဖို့တောင်းပန်ချင်ပါတယ်။