Happy Birthday My Father

Words
87
Reading
1 min
9y
Listen to this post
~1 min

image
image
image

" အမယ်လေး နံရိုးတွေတောင်အောင့်လိုက်တာ "
အဖေညည်းလေတော့ မေမေက မျက်စောင်းထိုးပြီး အောင့်မှာပေါ့ မကြီးမငယ်နဲ့ ဆော့ချင်တာကိုး။ " ကျုပ်ကတော့ဆေးမကုပေးနိုင်ဘူး ရှင့်သားတွေကုခိုင်း အကြံတူတွေ ဆော့ဖို့ လောက်တွေးနေတာကိုး" အမေ့ဂရုဏာ ဒေါသသံတွေက နားဝင်ချို လှပေသည်ကျွေးကျေးဇူးရှင် ဖေဖေ၏ ၅၈ နှစ်ပြည့်မွေးနေမို့ မိသားစုစုံလင်စွာဘုရားမှာ အလှုအတန်းပြုကာမွေးနေ့ ရှင်ဖေဖေလည်းပန်းဆီမီး ရေချမ်းကပ်လှုရင်းအသက်ရှည်စွာ အနာမဲ့ကြောင်း ဘုရားထံဆုမွန်ကောင်းတောင်းတဲ့နေ့ လေးတစ်နေ့ ပေါ့။ဘုရားရှိခိုးကန့် တော့ပြီးတော့အကိုကြီး အဖအရာပေါ့။ မွေးနေ့ လက်ဆောင် ဘာဖြစ်ချင်လဲ၊ ဘာလုပ်ချင်လဲပြောပေါ့။
အဖေဘာပြောလဲဆိုတော happy world မှာ တိုက်ကားစီးချင်တယ်တဲ့ဒီတော့ကာ ငြင်းဖို့ တော့မလွယ် ကိုယ်ကလည်းအဖေတူသားကိုးဗျ။ ဒါနဲ့ပဲ
happy world ထဲသွား အဖေနဲ့ညီငယ်တို့ တိုက်ကားစီးတာကြည့်ပြီး ပီတိဖြစ်ရတာပေါ့။ ကိုယ်ကကလေးမဟုတ်တော့လည်း အမေနဲ့အတူစောင့်ပေါ့။ ဒါနဲ့ ပန်းခြံထဲ မိသားစု ပျော်ပျော်ပါးပါး အနားယူပြီးအိမ်ပြန်တဲ့အချိန်ကျတော့မှ အဖေကရီရီမောမောနဲ့ ငါတိုက်ကားစီးတာ ခုမှနံရိုးတွေ အောင့်လာတယ်ဆိုပဲ အမေနဲ့ကိုယ့်ဘာသာရှင်းကြပေတော့ ။မနက်ဖြန်ဆိုဒီနေ့ ရဲ့ပျော်ရွှင်မှုတွေ သယ်ဆောင်ပြီး ကျောင်းပြန် စာကျက်ရတော့မယ်လေ. . .

ဖေဖေတစ်ယောက် မွေးနေ့ မှနောင်နှစ်များစွာ မိသားစုနဲ့အတူ ယခုကဲ့သို့ ပင် ပျော်ရွှင်ပါစေလို့  ဆုတောင်းလျက် . . . .

Author-gunapeya@gunapeya
MSC-181
image

Happy Birthday My Father | Ecency