King Long ကုမ္ပဏီ

Words
127
Reading
1 min
Listen
Play
8y

King Long ကုမ္ပဏီကလည်း တရုတ်နိုင်ငံရဲ့ ကျော်ကြားတဲ့ကုမ္ပဏီတစ်ခုဖြစ်ပြီး ၁၉၈၈ ခုနှစ်မှာ စတင်တည်ထောင်ခဲ့တာဖြစ်ပါတယ်။ အမည်အပြည့်အစုံကတော့ Xiamen King Long United Automotive Industry Co,Ltd ဖြစ်ပါတယ်။ ဇိမ်ခံဘတ်စ်ကားထုတ်လုပ်ရေးလောကမှာ သက်တမ်းရှည်ကြာတဲ့ကုမ္ပဏီတစ်ခုဖြစ်ပါတယ်။ ဒီကုမ္ပဏီကို Xiamen Automotive Industry Corporation နဲ့ Xiamen State-owned Assets Investment Co,Ltd နဲ့ Sanyang Industry Co,Ltd တို့က ပိုင်ဆိုင်တာဖြစ်ပါတယ်။ YBPC ကုမ္ပဏီလက်အောက်က YBS ၃၇ ယာဉ်လိုင်းမှာလည်း King Long အမျိုးအစားဘတ်စ်ကားတွေကို အသုံးပြုပြေးဆွဲနေပါတယ်။
image
Higerနာမည်ကျော် တရုတ်ဘတ်စ်ကားထုတ်လုပ်ရေးကုမ္ပဏီဖြစ်တဲ့ Higer ဘတ်စ်ကားကုမ္ပဏီကိုတော့ ၁၉၉၈ ခုနှစ်မှာ တည်ထောင်ခဲ့တာဖြစ်ပါတယ်။ HIGER BUS လို့လည်း လူသိများကြပါတယ်။ ၁ဝ နှစ်ကျော် သက်တမ်းရှိခဲ့ပြီဖြစ်ပြီး ခေတ်မီဘတ်စ်ကားပေါင်းများစွာကို ထုတ်လုပ်နိုင်ခဲ့တဲ့ ကုမ္ပဏီလည်းဖြစ်ပါတယ်။ နှစ်စဉ် တရုတ်ယွမ် ၈ ဘီလီယံကျော်ဖိုး ရောင်းချနေရပြီး နိုင်ငံပေါင်း ၈၅ နိုင်ငံနဲ့ ကမ္ဘာ့တစ်ဝန်းက ဒေသပေါင်းစုံကို ဘတ်စ်ကားတွေ ဖြန့်ဖြူးရောင်းချနေတာဖြစ်ပါတယ်။Yutongကမ္ဘာ့ပေါ်မှာ နာမည်ကြီးတဲ့ ဘတ်စ်ကားနဲ့ ဇိမ်ခံကားထုတ်လုပ်ရေးကုမ္ပဏီဖြစ်ပါတယ်။ ဒီကုမ္ပဏီဟာ ဘတ်စ်ကားစီးပွားရေးလုပ်ငန်းအပြင် ဆောက်လုပ်ရေး၊ အထူးယာဉ်တွေနဲ့ အိမ်ရာလုပ်ငန်း စတာတွေအပါအဝင် စီးပွားရေးကဏ္ဍအစုံမှာ ပါဝင်လုပ်ကိုင်နေတာဖြစ်ပါတယ်။ လက်ရှိ YBS စနစ်မှာ YBPC၊ YUPT၊ BDL စတဲ့ကုမ္ပဏီတွေက Yutong အမျိုးအစားဘတ်စ်ကားသစ်တွေနဲ့ ပြေးဆွဲနေတာဖြစ်ပါတယ်။Foton လို့လည်း လူသိများကြပါတယ်။ ကုမ္ပဏီရဲ့ အမည်အပြည့်အစုံကတော့ Beijing AUV Bus Branch Company of Beiqi Foton Motor Co,Ltd ဖြစ်ပါတယ်။ Beiqi Foton Motor Co,Ltd ရဲ့ ဘတ်စ်ကားထုတ်လုပ်ရေးစီးပွားရေးကုမ္ပဏီလည်းဖြစ်ပါတယ်။ အလယ်အလတ်နဲ့ ဆိုက်ဒ်ကြီး ဘတ်စ်ကားတွေကို ထုတ်လုပ်ရောင်းချနေကြတာဖြစ်ပါတယ်။ Omini Focus နဲ့ လူထုမိတ်ဆွေကုမ္ပဏီတွေက AUV ဘတ်စ်ကားတွေကို အသုံးပြုနေကြပါတယ်

King Long ကုမ္ပဏီ | Ecency