Hello Hive Community Friends !
Today, let me describe the natural landscape.
It's been 4 days since I posted on Hive Blockchain.
The reason I didn't post was because I was greedy and tried to get results twice.
I have been using Hive Blockchain since its inception or launch.
It would be more correct to say that I started on Steemit.
I records flowers and natural beauty with my phone camera and posts the experiences I have seen.
Since I am a Burmese citizen, I usually publish my blogs in both Burmese and English.
However, in the content I wrote using natural beauty and flower images, I posted a single content in Burmese once. I posted it once again in English.
I assumed this did not violate Hive Blockchain's Rules and Regulations.
But @hivewatchers said it was inappropriate to do so; I was reminded that presenting the same topic twice is an unfair effort to get the result twice.
Therefore, I have apologized that I will not do the above behavior again in the future.
Here too, I promise to refrain trying to get double rewards.
Thank you @hivewatchers ! and Community Leaders!
It rained in the area where I live this week.
Therefore, the water is lying in the low ground.
In the morning, while I was walking, I saw swans in a pool.
Swans are more beautiful than ducks because they are big and have long necks.
Being in the pool, I saw the image of the swans reflected in the water.
So I came up with the idea of posting a reflection picture on the Shadow Hunters Community.
So I turned on my phone camera and started recording the beautiful swans in the reflection of the pool.
This is my Hive Blockchain experience sharing program.
Burmese Language,
မင်္ဂလာပါ မိတ်ဆွေတိုရေ။
ဒီနေ့တော့ သဘာဝရှုခင်းလေး ဖော်ပြပါရစေ။
Hive Blockchain မှာ Post မတင်ဖြစ်တာ ၄ ရက်ရှိခဲ့ပါပြီ။
Post မတင်ဖြစ်သည့် အကြောင်းအရင်းကတော့ မတော်လောဘ နှင့် ရလဒ်နှစ်ကြိမ် ရအောင် အားထုတ်မိလို့ပါပဲ။
ကျွန်တော်က Hive Blockchain စတင်ခဲ့သည်မှစ၍ အသုံးပြုခဲ့သူပါ။
Steemit မှာကတည်းက စတင်ခဲ့တာဟု ဆိုလျှင် ပိုမှန်ပါမည်။
ကျွန်တော်သည် ကျွန်တော် တွေ့မြင်ခဲ့ရသော အတွေ့အကြုံတွေ၊ ပန်းများ နှင့် သဘာဝအလှတရားတွေကို ကိုယ်တိုင် ဖုန်းကင်မရာဖြင့် မှတ်တမ်းတင်ပြီး စာများရေးတင်နေသူပါ။
ကျွန်တော်သည် မြန်မာနိုင်ငံသား ဖြစ်သောကြောင့် ကျွန်တော်၏ Blogs ကို Burmese and English နှစ်ဘာသာဖြင့် ဖော်ပြလေ့ရှိပါတယ်။
သို့သော် ကျွန်တော်သည် သဘာဝအလှ နှင့် ပန်းပုံများကို အသုံးပြုကာ ရေးသားသော အကြောင်းအရာများ၌ အကြောင်းအရာတစ်ခုတည်းကို မြန်မာဘာသာဖြင့် တစ်ကြိမ် ရေးတင်ပြီး၊ English ဘာသာဖြင့် တစ်ကြိမ် ထပ်မံ ရေးတင်တာမျိုး ပြုလုပ်ခဲ့မိပါသည်။
ဤသည်ကို ကျွန်တော်သည် Hive Blockchain ၏ Rules and Regulations ကို မချိုးဖောက်ဘူးဟု ယူဆခဲ့မိပါသည်။
သို့သော် @hivewatchers မှ ထိုသို့လုပ်ဆောင်ခြင်းမှာ မသင့်လျော်ကြောင်း၊ အကြောင်းအရာတစ်ခုကို နှစ်ကြိမ် တင်ပြခြင်းသည် ရလဒ်နှစ်ကြိမ်ရအောင် မတော်မတရားအားထုတ်တာ ဖြစ်ကြောင်း သတိပေးလာခဲ့ပါတယ်။
သို့ဖြစ်၍ ကျွန်တော်က နောက်နောင် အထက်ပါ အပြုအမူမျိုး ထပ်မံ မလုပ်တော့ပါကြောင်း တောင်းပန်ခဲ့ပြီး ဖြစ်ပါသည်။
ဤတွင်လည်း double rewards ရအောင် အားထုတ်ခြင်းကို ရှောင်ကြဉ်ပါမည့်အကြောင်း ထပ်လောင်း ကတိပေးလိုက်ရပါတယ်။
ကျေးဇူးတင်ပါတယ် @hivewatchers and Community Leaders!
ဒီရက်ပတ်မှာ ကျွန်တော် နေထိုင်ရာဒေသ၌ မိုးများရွာသွန်းခဲ့သည်။
သို့ကြောင့် မြေနိမ့်ရာနေရာ၌ ရေများ ဝပ်လျက်ရှိကြသည်။
မနက်က ကျွန်တော် လမ်းလျှောက်သွားစဉ် ရေအိုင်တစ်ခု၌ ငန်းများ ကို မြင်တွေ့ခဲ့ရသည်။
ငန်းများသည် အကောင်ကြီးကြီး လည်ပင်းရှည်ရှည်နှင့်ဆိုတော့ ဘဲ များထက် ပိုလှသည်။
ရေအိုင်ထဲမှာဆိုတော့ ငန်းတွေ၏ ပုံကို အလင်းပြန်လျက် မြင်ခဲ့ရသည်။
ဒီတော့ ကျွန်တော်က Shadow Hunters Community မှာ Reflection ပုံအဖြစ် တင်ရန် စိတ်ကူးရခဲ့မိသည်။
သို့ဖြစ်၍ ကျွန်တော်သည် ဖုန်းကင်မရာ ကို ဖွင့်ကာ ရေအိုင်ထဲက အလင်းပြန်ပုံရိပ်များဖြင့် လှနေသော ငန်းများ ကို မှတ်တမ်းတင်လိုက်ရပါတော့သည်။
ဤသည်မှာ ကျွန်တော်၏ Hive Blockchain ပေါ်မှာ အတွေ့အမြင်မျှဝေခြင်း အစီအစဉ် ဖြစ်ပါသည်။