My Entry for Reflection Hunters Contest

Words
246
Reading
2 min
Listen
Play
2y

Hello.

The season is over again.
I often post in the Shadow Hunters Community's Reflection Hunters Contest.
Reflective images are often photographed from trees that can be seen in rural natural lakes.
Rural natural lakes tend to form in the rainy season and disappear in the summer.
Therefore, for me, who is used to taking photos of the reflections seen in natural lakes, I can get many images in the rainy season, and it is not easy to get natural reflections in the summer.

At present, the monsoon has started in Myanmar, so the first rains have already fallen.
It has been raining for three consecutive days, so the water is standing in the low-lying areas.
Some lakes have been filled with rainwater.

The photo I'm sharing today is a flooded house by the side of the road.
I have shown this picture of the house during the rainy season last year.
That's why I say that the season has come round again.
The season is fast and beautiful.

Burmese language,

မင်္ဂလာပါ။

ရာသီ တစ်ပတ်လည်ခဲ့ပြန်ပြီ။
ကျွန်တော် က Shadow Hunters Community ၏ Reflection Hunters Contest ၌ Post တင်လေ့ရှိသည်။
Reflective image များကို ကျေးလက် သဘာဝရေအိုင်များ၌ မြင်ရတတ်သော သစ်ပင်တွေ၏ ပုံရိပ်များကို ဓာတ်ပုံရိုက်ယူလေ့ရှိသည်။
ကျေးလက်သဘာဝရေအိုင်များသည် မိုးရာသီ၌ ဖြစ်ပေါ်လေ့ရှိပြီး နွေရာသီ၌ ပျောက်ကွယ်သွားတတ်ပါသည်။
သို့ဖြစ်၍ သဘာဝရေအိုင်များ၌ မြင်ရသော အလင်းပြန်ပုံရိပ်တို့ကို ဓာတ်ပုံရိုက်ယူတတ်သူ ကျွန်တော့်အတွက် မိုးရာသီ၌ ပုံရိပ်များစွာ ရရှိနိုင်ပြီး နွေရာသီ၌ သဘာဝအလင်းပြန်ပုံရိပ် ရယူရန် မလွယ်ကူပါ။

ယခုကာလသည် မြန်မာနိုင်ငံ၌ မုတ်သုံ စတင်ဝင်ရောက်လာပြီဖြစ်သောကြောင့် မိုးဦးများ ရွာသွန်းခဲ့ပါပြီ။
သုံးရက်ဆက်တိုက် ရွာသွန်းခဲ့သောကြောင့် မြေနိမ့်ရာနေရာတွေ၌ ရေများ ဝပ်လျက်ရှိကြသည်။
အချို့ရေကန်များ၌လည်း မိုးရေများ ပြည့်ဖြိုးနေကြပါပြီ။

ယနေ့ ကျွန်တော် မျှဝေသော ဓာတ်ပုံသည် ကားလမ်းမဘေးက ရေလွှမ်းနေသော အိမ်တလုံး ဖြစ်ပါသည်။
ဒီအိမ်ပုံလေးကို လွန်ခဲ့သောနှစ် မိုးရာသီတုန်းကလည်း ပြခဲ့ဖူးပါသည်။
ထို့ကြောင့် ကျွန်တော်က ရာသီတပတ်လည်ခဲ့ပြန်ပြီဟု ဆိုခြင်းဖြစ်သည်။
ရာသီတပတ်လည်သည်က မြန်ဆန်လှချေသည်။

golden.future@golden.future

My Entry for Reflection Hunters Contest | Ecency