Hello.
I was born in the countryside and grew up in the countryside.
As a rural person, I have something to share about the countryside.
In the area where I live, peanuts are grown as a rainy season crop.
By now, the peanut plants are blooming and laying eggs.
If the peanut plants that are planted early before the rains drink enough rain, they will be able to lay more peanut eggs.
Groundnut plants that are planted late and do not receive enough rain will lay eggs less.
They planted two peanuts this season.
The peanuts planted before the rains will be harvested near the end of the rains, after which more peanuts will be planted.
The peanuts that will be planted near the end of the rains must be harvested only when winter arrives.
The clouds in the sky are thick and beautiful.
Seeing the green plants and the clouds from the blue sky is very relaxing.
But in reality, we are growing anxious.
The income of the people of Myanmar is not keeping up with the high prices.
Burmese Language,
မင်္ဂလာပါ။
ကျွန်တော်သည်ကား ကျေးလက်မှာ မွေးဖွားခဲ့ပြီး ကျေးလက်မှာပဲ ကြီးထွားခဲ့ရသူ တစ်ယောက်ပါ။
ကျေးလက်နေသူ တစ်ယောက်ဆိုတော့ ကျေးလက်အကြောင်းပဲ မျှဝေစရာ ရှိပါတယ်။
ကျွန်တော် နေထိုင်ရာ ဒေသမှာ မိုးရာသီသီးနှံ အဖြစ် မြေပဲများ စိုက်ပျိုးထားကြပါတယ်။
ယခုဆိုလျှင် မြေပဲပင်တွေသည် အပွင့်များ ပွင့်ဝေခဲ့ပြီး ဥချနေပါပြီ။
မိုးကြို အစောစိုက်ပျိုးထားသော မြေပဲပင်တို့က မိုးရေ ကောင်းကောင်း သောက်ခဲ့ရလျှင် မြေပဲဥများ များများ ဥချနိုင်ကြပါသည်။
စိုက်ပျိုးတာ နောက်ကျပြီး မိုးရေ မဝသည့် မြေပဲပင်တို့ကတော့ ဥချနည်းကြပါသည်။
ဒီရာသီမှာပဲ မြေပဲ နှစ်သီး စိုက်ကြပါသည်။
မိုးကြို စိုက်ထားသည့် မြေပဲတို့ကို မိုးကုန်ခါနီး ရိတ်သိမ်းကြမည် ဖြစ်ပြီးနောက် မြေပဲ ထပ်မံ စိုက်ပျိုးကြပါဦးမည်။
မိုးကုန်ခါနီး စိုက်ပျိုးမည့် မြေပဲကတော့ ဆောင်းရာသီ ရောက်မှသာလျှင် ရိတ်သိမ်းကြရပါမည်။
ကောင်းကင်မှာ တိမ်တို့က ထူထပ်စွာ လှပနေကြသည်။
စိမ်းလန်းသော အပင်တို့နှင့် ကောင်းကင်ပြာဆီက တိမ်လွှာတို့ကို ကြည့်မြင်ရသည်ကား စိတ်ချမ်းမြေ့ဖွယ်ရာပင်။
သို့သော် တကယ်မှာကား ပူပင်သောကပွားနေကြရသည်။
မြန်မာနိုင်ငံ ပြည်သူများ၏ ဝင်ငွေသည်ကား ကုန်ဈေးနှုန်းကြီးမြင့်မှုကို လိုက်မမှီဖြစ်နေပါတော့သည်။