Feeling Sunset Phone Photography

Words
194
Reading
1 min
Listen
Play
2y

Hello 👋

I'm unemployed these days and it's boring.
Unemployment means no income.
There is no such thing as full-time rest.

So, I went here and there, admiring the natural scenery of the countryside.
In the evening of the previous day, the clouds were bright in the sky.
It is pleasant to look at the beauty of the cloudy sunset.

The beauty of the sunset is complete when there are clouds in the sky.
During the rainy season, there are clouds in the sky every day, so if you have time, you can gaze at the beauty of the sunset.
While watching the beauty of the clouds in the evening, when a breeze blows, it refreshes the person and feels good.
Where else can be as pleasant as enjoying the natural scenery while enjoying the breeze?

မင်္ဂလာပါ။

ဒီရက်တွေမှာ လူက အလုပ်လက်မဲ့ဖြစ်နေတော့ ပျင်းဖို့ကောင်းနေပါတယ်။
အလုပ်လက်မဲ့ ဆိုတာက ဝင်ငွေ မရှိတာကို ဆိုလိုတာပါပဲ။
အချိန်ပြည့် အနားယူနေရတယ်ဟုတော့ မရှိပါဘူး။

ဒီတော့လည်း ဟိုနား ဒီနား သွားကာ ကျေးလက်သဘာဝရှုခင်းတွေကို ငေးမောနေဖြစ်ပါတယ်။
ယခင်နေ့က ညနေမှာတော့ ကောင်းကင်မှာ တိမ်တွေ တောက်ပနေကြပါတယ်။
နေဝင်ချိန် တိမ်တောက်သော အလှကို ကြည့်ငေးရသည်မှာ သာယာလှပါတယ်။

နေဝင်ချိန်အလှသည်ကား ကောင်းကင်မှာ တိမ်တွေ ရှိနေမှ ပြည့်စုံတာပါ။
ခုလို မိုးရာသီကာလ ကောင်းကင်မှာ တိမ်တွေ နေ့စဉ် ရှိနေတတ်တော့ နေဝင်ချိန်အလှကို အချိန်ရလျှင် ငေးမောနေနိုင်ပါတယ်။
ညနေခင်း တိမ်တွေ၏ အလှကို ကြည့်ရှုနေရင်း လေပြေညင်း တိုက်ခတ်လာလျှင် လူကို လန်းဆန်းသွားသည်မို့ နေလို့ကောင်းလှပါသည်။
လေညင်းခံရင်း သဘာဝရှုခင်း ကြည့်ရသည့်အရသာလောက် သာယာဖွယ် အဘယ်မှာ ရှိပါမည်နည်း။