Entry For Reflection Hunters Contest

Words
175
Reading
1 min
Listen
Play
2y

Hello.

I was able to find reflection images for the Reflection Hunters Contest
because some of the natural lakes still have water.
There is still water to reflect the reflections, so I can see the images of the surrounding trees.

There are many palm trees in the area where I live.
Agriculture depends on rain water.
So they have ponds to collect rainwater.
I often visit the surrounding villages and look at the scenery along the way and take photos of the scenes that are useful.

The reflection photos I'm sharing today were taken while visiting a pond in the middle of a palm forest.
I live in a rural area, so I'm only showing rural landscapes.

မင်္ဂလာပါ။

Reflection Hunters Contest အတွက် Reflection Image တွေကို ကျွန်တော် ရှာတွေ့နိုင်ပါသေးတယ်။
ဘာကြောင့်လဲဆိုတော့ သဘာဝရေအိုင်အချို့မှာ ရေတွေ ကျန်ရှိနေသေးသောကြောင့်ပါ။
အလင်းပြန်ပုံရိပ်တွေ ထင်ဟပ်စေရန် ရေပြင် ရှိနေသေးတော့ ပတ်ဝန်းကျင်ကသစ်ပင်တွေ၏ ပုံရိပ်တွေကို မြင်တွေ့နိုင်တာပါပဲ။

ကျွန်တော် နေထိုင်ရာဒေသ၌ ထန်းပင်တွေ ပေါများပါတယ်။
စိုက်ပျိုးရေးကတော့ မိုးရေကို အမှီပြုရပါတယ်။
ဒီတော့ မိုးရေစုဆောင်းထားရန် ရေအိုင်တွေလည်း ထားရှိကြရပါတယ်။
ကျွန်တော်က ပတ်ဝန်းကျင် ကျေးရွာတွေဆီ လည်ပတ်သွားလာတတ်တော့ လမ်းနဘေးက ရှုခင်းတွေကို ကြည့်ရှုကာ အသုံးဝင်မည့် မြင်ကွင်းတွေကို ဓာတ်ပုံရိုက်ယူထားတတ်ပါတယ်။

ဒီနေ့ မျှဝေပေးတဲ့ အလင်းပြန်ပုံရိပ်များကိုတော့ ထန်းတောကြားက ရေအိုင် တစ်ခုဆီ သွားရောက်ကာ ရိုက်ယူခဲ့ခြင်း ဖြစ်ပါသည်။
ကျွန်တော်က ကျေးလက်ဒေသမှာ နေထိုင်သူ ဖြစ်တော့ ကျေးလက်ရှုခင်းတွေကိုသာ ဖော်ပြပေးနေခြင်း ဖြစ်ပါတယ်။

Entry For Reflection Hunters Contest | Ecency