Entry For Reflection Hunters Contest

Words
239
Reading
2 min
Listen
Play
1y

Hello.
It rained last night and this morning.
It rained for a long time without much water.
The electricity was out from night until this afternoon.

In the morning, after the rain stopped for a while, I went to another village.
The road was not good because of the rain.
Some parts of the road were flooded.
When I saw the image of a palm tree on the surface of the water, I stopped the motorcycle and took a picture.

The fields along the road were also filled with rain water.
I could see the reflection of palm trees in the water in the fields.
There was no view because the grass was growing in the fields, but the reflection of the palm trees was visible.

I also went to the village where I worked and returned.
On the way back, I had to ride a motorcycle in the rain.
However, I am happy that I was able to complete my daily work without missing a beat.

မင်္ဂလာပါ။
မနေ့ည နှင့် ဒီမနက်ခင်းမှာ မိုးရွာသွန်းနေခဲ့ပါတယ်။
မိုးက ရေများများ မပါဘဲ အကြာကြီး ရွာသွန်းနေခဲ့တာပါ။
လျှပ်စစ်မီးကလည်း ည မှ ယနေ့ နေ့လည်ကျော်ထိ ပြတ်တောက်နေခဲ့ပါတယ်။

မနက်ခင်းက မိုး ခဏ ရပ်တာနဲ့ အခြား ကျေးရွာတစ်ရွာ သို့ သွားခဲ့ပါတယ်။
လမ်းကတော့ မိုးရေတွေကြောင့် မကောင်းပါဘူး။
လမ်းပေါ်က အချို့နေရာတွေမှာ ရေဝပ်နေပါတယ်။
ရေဝပ်နေတဲ့ မျက်နှာပြင်ပေါ် ထန်းပင်၏ ပုံရိပ်ကို မြင်ရတာနဲ့ ဆိုင်ကယ်ကို ရပ်နားပြီး ဓာတ်ပုံရိုက်ယူခဲ့ပါတယ်။

လမ်းနဘေး လယ်ကွင်းတွေမှာလည်း မိုးရေတွေ ပြည့်နေပါတယ်။
လယ်ကွက်ထဲက ရေပြင်မှာလည်း ထန်းပင်တွေ၏ ပုံရိပ်တွေကို မြင်တွေခဲ့ရပါတယ်။
လယ်ကွက် ထဲမှာ မြက်ပင်တွေ ပေါက်နေကြလို့ မြင်ကွင်း မရှိပေမယ့် ထန်းပင်တွေ၏ အလင်းပြန်ပုံရိပ်ကိုတော့ မြင်သာပါတယ်။

ကျွန်တော်လည်း အလုပ်ရှိတဲ့ ကျေးရွာသို့ သွားပြီး ပြန်လာခဲ့ပါတယ်။
အပြန်လမ်းမှာတော့ ကျွန်တော်သည် မိုးရွာထဲမှာ ဆိုင်ကယ် စီးခဲ့ရပါတယ်။
မည်သို့ပင်ရှိစေ နေ့စဉ်အလုပ်ကို မပျက်ကွက်အောင် လုပ်ဆောင်နိုင်ခဲ့လို့ ကျွန်တော် ကျေနပ်ပါတယ်။

Entry For Reflection Hunters Contest | Ecency