Entry For Reflection Hunters Contest SMARP

Words
279
Reading
2 min
Listen
Play
8M

May you be filled with all blessings.

Yesterday, I arrived at the huts outside the village I were going to.
There were about five huts there.
There was a big pond near the huts.
The pond was filled with rainwater and the water was clear but not clean.
This is because the people in the huts cut up used plastic bottles with a machine, soaked them in a chemical solution, and washed them with water.
The dirty water flowed into the pond.

The pond is not clean, but the lotus flowers are blooming.
The lotus flower is a flower that grows roots in the mud and rises to the surface of the water to bloom.
The mud in the pond is dirty, but the lotus flowers are beautiful.

When I arrived at the pond, children were going down to the pond and picking lotus flowers.
So I stopped my motorcycle, turned on my phone camera, and took a picture of the children picking lotus flowers.

Today, the day has come to submit a new Reflection Hunters Contest, so I'm sharing the reflections of children picking lotus flowers and trees that I took yesterday.

မင်္ဂလာအပေါင်းနှင့်ပြည့်စုံကြပါစေ။

မနေ့က သွားနေကြကျေးရွာ၏ အပြင်ဘက်၌ရှိသော တဲအိမ်တွေဘက် ရောက်ဖြစ်ခဲ့သည်။
ထိုအနား၌ တဲအိမ် ငါးလုံးလောက်ရှိကြပါသည်။
တဲအိမ်များ အနီး၌ ရေကန်ကြီးတစ်ခု ရှိပါသည်။
ထိုကန်ထဲ၌ မိုးရေများ စုနေကြပြီး ရေကြည်နေပေမယ့် မသန့်ရှင်းလောက်ပါ။
အဘယ်ကြောင့်ဆိုသော် တဲအိမ်များမှ လူများသည် အသုံးပြုပြီးသား plastic ဘူးခွံများကို စက်ဖြင့် ခုတ်စင်းပြီး ဓာတု‌ဆေးရည်စိမ်ကာ ရေဖြင့် ဆေးကြောကြပါသည်။
ထိုညစ်ညမ်းသော ရေများသည် ကန်အတွင်းသို့ စီးဝင်ကြပါသည်။

ရေကန်ကြီးသည် မသန့်ရှင်းပေမယ့် ကြာပန်းများ ပွင့်လန်းနေကြပါသည်။
ကြာပန်းသည် ရွှံ့နွံများ၌ အမြစ်တည်ပြီး ရေပေါ်သို့ တက်ကာ ပွင့်တတ်သော ပန်းဖြစ်သည်။
ရေကန်အတွင်းက ရွှံ့နွံတွေက ညစ်ပတ်ပေမယ့် ကြာပန်းတွေကတော့ လှပကြပါသည်။

ကျွန်တော် ထိုရေကန် အနားသို့ ရောက်စဉ် ကလေးငယ်များသည် ရေကန် ထဲသို့ ဆင်းကာ ကြာပန်းများ ခူးဆွတ်နေကြပါသည်။
သို့နှင့် ကျွန်တော်လည်း ဆိုင်ကယ်ကို ရပ်နားကာ Phone Camera ဖွင့် ကြာပန်း ခူးနေကြသော ကလေးငယ်များကို ဓာတ်ပုံရိုက်ယူခဲ့ပါသည်။

ဒီနေ့မှာတော့ Reflection Hunters Contest အသစ် တင်ပြရန် နေ့ရက် ရောက်ရှိလာခဲ့ပြီဖြစ်သောကြောင့် မနေ့က ရိုက်ယူခဲ့သော ကြာပန်းခူးနေသော ကလေးငယ်များ နှင့် သစ်ပင်များ၏ အလင်းပြန်ပုံရိပ်များကို ဖော်ပြပေးလိုက်ပါသည်။

Entry For Reflection Hunters Contest SMARP | Ecency