ဝသန်ခါမီ မိုးပန်းချီ (၁)

Words
59
Reading
1 min
Listen
Play
8y

ဝသန်ခါမှီ မိုးပန်းချီမို့  အရပ်ရှစ်မျက်နှာ တစ်ခွင်လုံး ပိန်းပိတ်နေကြသည်။ ရှိုက်ကြီးတငင် ငိုတော့မည့် မျက်နှာ
ညိုရာမှ မှောင် မှောင်ရာမှ မည်းကာ မျက်နှာမည်းကြီးသဖွယ် ညို့ ညို့မှိုင်း နေပါတော့သည်။ ထက်အာကာယံတွင် မိုးသားတိမ်လိပ် ဖြူညိုမည်းတို့ သည် အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ကာ မော်ဒယ်လေးများပမာ ယိမ်းနွဲနေကြသည်။
မိုးရာသီ သဘာဝကို စာဘယ်လို ဆိုစေဦးတော့ မှီမယ်မထင်။ အလှမဟေသီ မိုးပန်းချီ မြင်ကွင်းပင်ဖြစ်ပေတော့သည်။

IMG_20180503_223910.jpg

တိမ်ရောင်စုံတို့ ကလဲ ဝေဟင်တွင် လေဟုန်စီးကာ ရီးလေးခို၍ စိန်ပြေးတမ်းဆော့ကစားနေကြပါသည်။
အပူမရှိသောကမသိဖြင့် ခြေဦးတည့်ရာ လေလွင့်နေသော
ဂျစ်ပစီမိုးတိမ်တိုက်များကလည်း ဝေဟင်ခရီးမှ ကမ္ဘာပတ်နေကြသည်။ပြာတစ်ချို့ ညိုတစ်ခါ မည်းတစ်လှည့် မှောင်တစ်ချိန်ဖြင့် တိမ်ပွဲတော် ခင်းကျင်းကာ လူယဉ်ကျေး တိမ်ရွေးနေကြသကဲ့သို့ ပင်။ဆင်းရဲ ဒုက္ခဟူသည်ကိုပင် သူတို့ သိကြလေရဲ့ လားဟု တောင်တောင်အီအီ တွေးတောမိပါသည်။

ဝသန်ခါမီ မိုးပန်းချီ (၁) | Ecency