စိတ်အလှတရား
လူလောကကြီးတွင် လူတို့ သည် မိမိ ပတ်ဝန်းကျင်တွင် ကျင်လည်ရာ၌ အပြုအမူသုံးပါးဖြင့် နေ့စဉ်ဆက်ဆံနေရသည်။ သွားလာလှုပ်ရှားရသည့် ကိုယ်အမူအရာ |ပြောဆိုဆက်ဆံနေရသည် နှုတ်အမူအရာ ကြံစည် တွေးတောနေရသည့် စိတ်အမူအရာဟူ၍ လူတိုင်း သိနားလည်ထားကြပါသည်။ ကံသုံးပါးတွင် မနောကံ ဟူသော စိတ်သည် အရာရာကို ဦးဆောင်နိုင် စွမ်းရှိပါသည်။ စိတ်ညံ့များကြီးစိုးပြီး စိတ်ကြမ်းများ ဝင်သောအခါတွင် ကိုယ်အမူအရာလည်းစိုးသွမ်းလာပါတော့သည်။ စိတ်ကောင်း နှလုံးကောင်း ရှိပြီး အသိစိတ် လွှမ်းမိုးနေသောအခါတွင် ကိုယ်အမူအရာ သိမ့်မွေ့ပြီး နှုတ်အမူအရာ ချိုသာနေတက်ပါသည်။ ထို့ ကြောင့် လူတို့ ၏ ကံသုံးပါး အမူအရာတွင်စိတ်က လွှမ်းမိုးနေလေ့ရှိပါသည်။
လူ ဘဝတွင်ကြီးမြတ်လိုသူများ အောင်မြင်လိုသူများ နှင့် လူချစ် လူခင် ပေါများလိုသူများသည် စိတ်ကောင်းစိတ်မြတ်ကို မွေးရန်လိုအပ်ပါသည်။ စိတ်ကောင်း စိတ်မြတ်ရှိရန်အတွက် မိမိကိုတိုင် ကြိုးစားပြီး ဆင်ခြင်တုံတရား လက်ကိုင်ထားကာ သတိဖြင့် နေထိုင်သင့်ပေသည်။