How to reduce stress and increase peace of mind and contentment
စိတ်ဖိဆီးမှုကိုလျှော့ချပြီး စိတ်အေးချမ်းမှု၊ စိတ်ကျေနပ်မှုကို တိုးမြှင့်နည်း
How to live a worry-free life
သောကကင်းဝေး နေနိုင်ရေး
The word stress is borrowed from physics and engineering, where it has a very precise meaning; a force of sufficient magnitude to deform. Definition of stress in psychology is any uncomfortable emotional experience accompanied by predictable biochemical, physiological and behavioral changes. There are two major types of stress; the stress involved in loss of a loved one, or a job, or of self-esteem that comes when a person's level of aspirationis impossibly high; and the stress involved in threats to the individual's status, goals, health and security.
စိတ်ဖိဆီးမှုဆိုတဲ့ စကားလုံးကို အလွန် တိတိကျကျ အဓိပ္ပါယ်ရှိတဲ့ ရူပဗေဒနဲ့ အင်ဂျင်နီယာပညာကနေ မွေးယူထားတာဖြစ်ပါတယ်။ မူလပုံပျက်စေရန် လုံလုံလောက်လောက် ပမာဏရှိတဲ့ ဖိအားလို့ အဓိပ္ပါယ်ရပါတယ်။ စိတ်ဖိစီးမှုဆိုတဲ့ စကားလုံးရဲ့ စိတ်ပညာဆိုင်ရာ အဓိပ္ပါယ်ဖွင့်ဆိုချက်ကတော့ တွက်ဆလို့ရတဲ့ ဇီဝဗေဒဆိုင်ရာ၊ ဇီဝကမ္မဗေဒဆိုင်ရာ၊ အမူအကျင့်ဆိုင်ရာ အပြောင်းအလဲတွေကြောင့် ပေါ်ပေါက်လာတဲ့ စိတ်မသက်မသာ တွေ့ကြုံခံစားရမှုဖြစ်ပါတယ်။ အရေးကြီးတဲ့ စိတ်ဖိစီးမှု နှစ်မျိုးရှိပါတယ်။ ချစ်သူခင်သူ ဆုံးရှုံးရခြင်း သို့မဟုတ် လုပ်ငန်း ဆုံးရှုံးခြင်းနှင့် ပတ်သက်တဲ့ စိတ်ဖိစီးမှု၊ ဒါမှမဟုတ် လူတစ်ယောက်ရဲ့ ရည်မှန်းချက် ရေချိန်တွေ မဖြစ်နိုင်အောင် မြင့်မားလွန်းတဲ့အခါ ပေါ်ပေါက်တဲ့ ကိုယ့်ကိုယ်ကို အထင်ကြီးလွန်ခြင်းနှင့် ပတ်သက်သည့် စိတ်ဖိစီးမှုနှင့် လူတစ်ယောက်ရဲ့ ဂုဏ်သိက္ခာ၊ ရည်မှန်းချက်ပန်းတိုင်၊ ကျန်းမားရေး၊ လုံခြုံရေးကို ခြိမ်းခြောက်မှုနှင့် ပတ်သက်တဲ့ စိတ်ဖိစီးမှုတို့ ဖြစ်ပါတယ်။
Stress gets its bad name because it may become an unavoidable part of life, and cause one to be constantly agitated. When this happens, it is possible to become overloaded and suffer physically or emotionally. Stress can be caused by any number of factors, including changes, both good and bad, personal problems, physical difficulties, illnesses etc. Common sources of stress are: death of spouse or close friend, marital separation, divorce, sexual difficulties, change of residence, child leaving home, pregnancy, in-law troubles, dismissal from work or from position, change in work responsibilities and trouble with the boss.
စိတ်ဖိစီးမှုလို့ နာမည်ဆိုးရသွားတာက ရှောင်လွှဲလို့မရတဲ့ ဘဝအစိတ်အပိုင်း ဖြစ်သွားနိုင်ပြီး လူကို မကြာခဏ စိတ်အနှောင့်အယှက်ပေးတာကြောင့်ပါ။ စိတ်ဖိစီးမှုခံရတဲ့အခါ စိတ်ကို မနိုင်မနင်းဖြစ်သွားပြီး ရုပ်ပိုင်းဆိုင်ရာ ဆင်းရဲဒုက္ခ ဒါမှမဟုတ် စိတ်ထိခိုက်မှုနှင့်ဆိုင်တဲ့ ဆင်းရဲဒုက္ခ ခံစားရပါတယ်။ အကောင်း အဆိုး အပြောင်းအလဲများ၊ ကိုယ်ရေးကိုယ်တာ ပြဿနာများ၊ ရုပ်ပိုင်းဆိုင်ရာ အခက်အခဲများ၊ နာဖျားမှုစသည်များ အပါအဝင် အကြောင်းရင်းများစွာက စိတ်ဖိစီးမှုကို ဖြစ်ပေါ်စေနိုင်ပါတယ်။ စိတ်ဖိစီးမှု ဖြစ်ပေါ်တတ်သည့် ယျေဘုယျ အကြောင်းရင်းတွေကတော့ အိမ်ထောင်ဘက် ဒါမှမဟုတ် ရင်းနှီးတဲ့ မိတ်ဆွေအပေါင်းသင်း ကွယ်လွန်ခြင်း၊ လင်မယားခွဲနေရခြင်း၊ အိမ်ထောင်တရားဝင်ကွာရှင်းခြင်း၊ လိမ်ပိုင်းဆိုင်ရာ အခက်အခဲများ၊ နေရာထိုင်ခင်း ပြောင်းရွှေ့ရခြင်း၊ သားသမီး အိမ်ကထွက်သွားခြင်း၊ ကိုယ်ဝန်ရခြင်း၊ အမှုခင်းပြဿနာများ ကြုံရခြင်း၊ အလုပ်ထုတ်ခံရခြင်း သို့မဟုတ် ရာထူးမှ ထုတ်ပယ်ခံရခြင်း၊ အလုပ်တာဝန် ပြောင်းရခြင်း၊ အလုပ်ရှင်နှင့် ပြဿနာတက်ခြင်းတို့ ဖြစ်ပါတယ်။
Each period of one's life has its own stresses. In early life, the child has to cope with the immediate family group and the demands of school, adjusting to the personality of the teacher and to the other children can be very stressful. In later adolescence, the problem of boy and girl relationships make them stressful. Then there are the academic stresses of university years and worries over career choice. After university, for most there are the problems of new jobs as well as of the first years of marriage. These can be quite serious and often lead to early divorce. The problems of having children bear heavily on women, while men have early career problems.
လူတစ်ယောက်ရဲ့ ဘဝမှာ အရွယ်အသီးသီးအလိုက် ဆိုင်ရာဆိုင်ရာ စိတ်ဖိစီးမှုတွေ ဖြစ်ပေါ်ပါတယ်။ ငယ်ရွယ်စဉ် ကလေးဘဝမှာတော့ အရင်းနီးဆုံး မိသားစုကိစ္စတွေဆောင်ရွက်ရ၊ ကျောင်းပညာရေး လိုအပ်ချက်တွေ ဆောင်ရွက်ရ၊ ဆရာ့စရိုက်နဲ့ အလိုက်သင့် ပြုမူနေထိုင်ရ၊ အခြားကျောင်းသားတွေ စရိုက်နဲ့ အလိုက်သင့် ပြုမူနေထိုင်ရတဲ့ ကလေးတွေဟာ အလွန် စိတ်ဖိစီးခံရနိုင်ပါတယ်။ နောက်ပိုင်း ဆယ်ကျော်သက် အရွယ်မှာတော့ ယောက်ျားလေးနဲ့ မိန်းခလေး ဆက်ဆံရေးဆိုင်ရာ ပြဿနာတွေက စိတ်ဖိစီးမှု ဖြစ်စေပါတယ်။ အဲဒီနောက် တက္ကသိုလ်တက်နေတဲ့ နှစ်တွေမှာ ပညာရေးအတွက် စိတ်ဖိစီးမှုတွေ၊ အလုပ်အကိုင် ရွေးချယ်ရေးနဲ့ပတ်သက်တဲ့ စိတ်ပူပန်မှုတွေ ဖြစ်ပေါ်ပါတယ်။ တက္ကသိုလ်ကျောင်းပြီးတော့ အများစုဟာ အလုပ်သစ်အကိုင်သစ်အတွက် ပြဿနာတွေရှိသလို အိမ်ထောင်သည်ဘဝ နှစ်စတွေမှာလည်း ပြဿနာတွေရှိပါတယ်။ ဒါတွေဟာ အလွန် စိုးရိမ်စရာကောင်းပြီး အိမ်ထောင်ကွာရှင်းပြတ်ဆဲမှု မကြာခဏ ဖြစ်ပေါ်စေပါတယ်။ အမျိုးသမီးတွေမှာ ကလေးရရှိမှုကြောင့် ပြဿနာတွေ အကြီးအကျယ် ကြုံရသလို အမျိုးသားတွေကတော့ အစပိုင်းမှာ အလုပ်အကိုင်ဆိုင်ရာ ပြဿနာတွေရှိပါတယ်။
Stress can lead to disease. Some of the stress- related many illnesses include peptic ulcers, migraine headaches, depression, high blood pressure, stroke and heart attacks. Continuous stress can weaken the body's immune system, and as a result the system may become less effective in battling infections. Some even suggest that chronic and excessive stress may contribute to the development and progression of cancer.
စိတ်ဖိစီးမှုဟာ ရောဂါဝေဒနာတွေကို ဖြစ်ပေါ်စေပါတယ်။ စိတ်ဖိစီးမှု အချို့ဟာ အစာချေယန္တရားတွင် ဖြစ်ပေါ်သော အနာ၊ ခေါင်းတစ်ခြမ်း ကိုက်သည့် ရောဂါ၊ စိတ်ဓာတ်ကျခြင်း၊ သွေးတိုးခြင်း၊ လေသင်တုန်းဖြတ်ခြင်း၊ နှလုံးရောဂါဖြစ်ခြင်း အပါအဝင် ရောဂါပေါင်းများစွာနဲ့ နှီးနွှယ်နေပါတယ်။ စိတ်ဖိစီးမှု အဆက်မပြတ် ခံစားရခြင်းဟာ ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားကို အားနည်းစေနိုင်ပါတယ်။ အကျိုးဆက်အနေနဲ့ ခန္ဓာကိုယ်ဟာ ရောဂါပိုးကူးစက်မှုကို ခုခံတိုက်ခိုက်ရာမှာ မထိရောက်တာမျိုး ဖြစ်သွားနိုင်ပါတယ်။ လွန်လွန်ကဲကဲ စိတ်ဖိစီးခံရမှု၊ နာတာရှည် စိတ်ဖိစီးခံရမှုဟာ ကင်ဆာရောဂါ တိုးမြှင့်ဖြစ်ပေါ်ခြင်းကို ပံ့ပိုးတယ်လို့ပင် အချို့က ဆိုပါတယ်။
The best thing one can do to cope with stress or stressful situations in daily life is perhaps obvious, but nevertheless important: eat a balanced diet, get enough sleep, exercise every day and take time to do the things you enjoy. Do not smoke and abuse alcohol or other drugs. People who are easily upset and acutely sensitive to stress can try to reduce their reactions by learning relaxation, meditation and behaviour modification techniques.
လူတစ်ယောက် နေ့စဉ်ဘဝမှာ ခံစားရတဲ့ စိတ်ဖိစီးမှုကို သို့မဟုတ် စိတ်ဖိစီးခံရတဲ့ အခြေအနေတွေကို ဖြေရှင်းရန် အကောင်းဆုံးလုပ်နိုင်တာတစ်ခုခု အထင်အရှား ရှိကောင်းရှိနေမယ် ဒါပေမယ့် အရေးကြီးတာကတော့ မျှတတဲ့ အစားအစာကို ချင့်ချိန်စားရမယ်။ အိပ်ရေးဝအောင် အိပ်ရမယ်။နေ့စဉ် ကျန်းမာရေးလေ့ကျင့်ခန်း လုပ်ရမယ်။ စိတ်ပျော်မွေ့ရာ အလုပ်တွေ လုပ်ဖို့ အချိန်ယူရမယ်။ ဆေးလိပ်မသောက်ရ။ အရက်သေစာ မူးယစ်ဆေးဝါး မသုံးစွဲရပါ။ ဝမ်းနည်းလွယ်ပြီး အလွန် လွယ်လွယ်ကူကူ စိတ်ဖိစီးမှု ခံစားရသူတွေဟာ အနားယူခြင်း၊ တရားထိုင်ခြင်း၊ အမူအကျင့်ကို ပြုပြင်မွမ်းမံခြင်း နည်းလမ်းတွေနဲ့ တန်ပြန်ဖြစ်ပေါ်မှုတွေကို လျော့ကျသွားအောင် ကြိုးစားနိုင်ပါတယ်။
Buddhism puts forward a methodical plan of action for the gradual elimination of stress and the increase of happiness and understanding. The first step recommended in this plan is the observance of the Five Precepts comprising the abstinence from killing, stealing, illicit sex, falsehood and intoxicants. Stress is greatly enhanced by guilt, and these precepts help man to free his conscience of the sense of guilt.
မြတ်ဗုဒ္ဓက စိတ်ဖိဆီးမှုကို တဖြည်းဖြည်း ဖယ်ရှားပြီး စိတ်ချမ်းသာမှုနှင့် တတ်သိနားလည်မှု တိုးပွားရန်အတွက် ဆောင်ရွက်ရမည့် စနစ်ကျတဲ့ အစီအစဉ်တစ်ရပ် ထုတ်ဖော်မိန့်ကြားတော်မူခဲ့ပါတယ်။
အစီအစဉ်ထဲက ပထမအဆင့်မှာ သတ်ဖြတ်မှုမှ ရှောင်ကျဉ်ခြင်း၊ ခိုးမှုမှ ရှောင်ကျဉ်ခြင်း၊ လူ့စည်းကမ်းချိုးဖောက်သော လမ်ဆက်ဆံမှုမှ ရှာင်ကျဉ်ခြင်း၊ လမ်ညာပြောဆိုမှုမှ ရှောင်ကျဉ်ခြင်း။ မူးယစ်သေစာ သောက်စားမှုမှ ရှောင်ကျဉ်ခြင်းများ ပါဝင်တဲ့ ငါးပါးသီလ စောင့်ထိန်းခြင်းဖြစ်ပါတယ်။ လိပ်ပြာမလုံခြင်းဟာ စိတ်ဖိဆီးမှုကို တိုးလာစေပါတယ်။ ဒီကိုယ်ကျင့်သီလများကတော့ လူကို လိပ်ပြာမလုံတဲ့ စိတ်ခံစားမှုမှ လွှတ်မြောက်အောင် အကူညီပေးပါတယ်။
The next step in the process of training is the control of the sense faculties. When our sense faculties are uncontrolled we experience severe strain. We have to first understand what is meant by being uncontrolled in the sense faculties. When a person sees a beautiful form with his eyes, he gets attracted to it; when he sees an unpleasant object, he rejects it. Similarly with the other senses too. Thus the person who has no control over his senses is constantly attracted to and rejecting sense data and that penetrates his sense faculties constantly.
စိတ်ကို လေ့ကျင့်ပေးတဲ့ လုပ်ငန်းစဉ်ထဲမှ နောက်တစ်ဆင့်ကတော့ အာရုံခံစားမှုတွေကို ထိန်းချုပ်ခြင်းဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ အာရုံခံစားမှုတွေကို မထိန်းချုပ်ရင် ပြင်းထန်တဲ့ စိတ်ပင်ပန်းမှု ခံစားရပါတယ်။ အာရုံခံစားမှုတွေကို မထိန်းချုပ်ခြင်းဆိုတာ ဘာကိုပြောတာလဲလို့ ကျွန်တော်တို့ အရင်ဆုံး နားလည်ထားရပါမယ်။ လူတစ်ယောက်ဟာ လှတာကို မျက်စိနဲ့ မြင်ရင် အဲဒါကို စိတ်ဝင်စားသွားပါတယ်။ မလှတဲ့အရာကို မြင်ရင် ပယ်ချပါတယ်။ အခြားအာရုံတွေနဲ့ တွေ့ရင်လည်း အလားတူပါပဲ။ အဲလိုအားဖြင့် အာရုံတွေအပေါ် မထိန်းချုပ်သူဟာ အာရုံမှာပေါ်လာသမျှ အချက်အလက်တွေကို အဆက်မပြတ် စိတ်ဝင်စားလိုက် ပယ်ချလိုက်ဖြစ်ပါတယ်။ အဲဒါက အာရုံခံစားမှုထဲကို အဆက်မပြတ် ထိုးဖောက်ဝင်ရောက်ပါတယ်။
When pulled in different directions by sense stimuli, we become confused and distressed.
Our sense faculties have different spheres of activities and different objects, and as each sense faculty is a lord in its own sphere, and as they can individually and collectively dominate man, they are called in Pali Indriyas, meaning 'lords' or 'masters.' If we allow the sense faculties to dominate us, we get terribly confused.
အာရုံကို လှုံ့ဆော်ပေးခြင်းဖြင့် မတူကွဲပြားတဲ့ အာရုံယူမှုတွေကို ဆွဲဆောင်ရတဲ့အခါ ကျွန်တော်တို့ဟာ စိတ်ရှုပ်ထွေးလာပြီး စိတ်ညစ်မှု ခံစားရပါတော့တယ်။ ကျွန်တော်တို့ရဲ့ အာရုံခံစားမှုတွေမှာ မတူကွဲပြားတဲ့ လှုပ်ရှားမှု နယ်ပယ်တွေနဲ့ မတူကွဲပြားတဲ့ အာရုံတွေရှိပါတယ်။ တစ်ခုစီဟာ သူ့ဆိုင်ရာနယ်ပယ်မှာ အရှင်သခင်ဖြစ်ပါတယ်။ သူတို့က တစ်ခုချင်းအလိုက်ဖြစ်စေ အစုလိုက်ဖြစ်စေ လူကို စိုးမိုးခြယ်လှယ်ပါတယ်။ ယင်းတို့ကို ပါဠိစာပေမှာ စိုးမိုးချယ်လှယ်သူ သို့မဟုတ် အုပ်ချုပ်သူလို့ အဓိပ္ပါယ်ရတဲ့ ဣနြေ္ဒများလို့ခေါ်ပါတယ်။ တကယ်လို့ အာရုံခံစားမှုတွေက စိုးမိုးခြယ်လှယ်တာကို ကျွန်တော်တို့က ခွင့်ပြုလိုက်ရင် အလွန်အမင်း စိတ်ရှုပ်ထွေးမှု ခံစားရမှာဖြစ်ပါတယ်။
If we assert ourselves and control our sense faculties, we can have unalloyed pleasure which is uncontaminated by defilements. It is also called spiritual pleasure. Whereas sense pleasures increase stress, this type of spiritual pleasure reduces stressfulness and increases peace of mind and contentment.
ကျွန်တော်တို့က အလေးဂရုပြုပြီး အာရုံခံစားမှုတွေကို ထိန်းချုပ်ရင်တော့ ကိလေသာတွေနဲ့ ညစ်ညမ်းမှုမရှိတဲ့ အကြွင်းမဲ့ စိတ်ကြည်နူးမှု ခံစားရနိုင်ပါတယ်။ ဒီစိတ်ကြည်နူးမှုကို စိတ်ပိုင်းဆိုင်ရာ ပျော်ရွှင်မှုလို့လည်း ခေါ်ဆိုပါတယ်။ အာရုံအပျော်အပါးတွေက စိတ်ဖိဆီးမှုကို တိုးပွားစေပေမယ့် ဒီစိတ်ပိုင်းဆိုင်ရာ ပျော်ရွှင်မှုကတော့ စိတ်ဖိဆီးမှုကို လျော့ကျစေပြီး စိတ်အေးချမ်းမှုနှင့် ကျေနပ်နှစ်သက်မှုကို တိုးပွားစေပါတယ်။
The third step in the management of stress is the cultivation of wholesome mental habits through meditation (bhavana). Just as we look after and nurture our body with proper food and cleanliness, the mind too needs proper nourishment and cleansing. The mind is most violent in its untrained state, but when it is tamed and made more stable it brings great happiness.
စိတ်ဖိဆီးမှုကို ဖြေရှင်းရာတွင် ဆောင်ရွက်ရမယ့် တတိယအဆင့်ကတော့ ဘာဝနာတရား ပွားများအားထုတ်ကာ ကောင်းမွန်တဲ့ စိတ်အလေ့ကျင့်ကို ပျိုးထောင်ပေးခြင်းဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ ကိုယ်ခန္ဓာကို ထိန်းသိမ်းစောင့်ရှောက်ပြီး မျှတတဲ့ အစားအသောက်၊ သင့်တင့်တဲ့ သန့်ရှင်ပေးမှုနဲ့ ပြုစုပျိုးထောင်ပေးသရလို စိတ်ကိုလည်း မှန်ကန်တဲ့ စိတ်အဟာရဓာတ်၊ မှန်ကန်တဲ့ စိတ်သန့်စင်ရေးနဲ့ ပြုစုပျိုးထောင်ပေးဖို့ လိုအပ်ပါတယ်။ စိတ်ဟာ လေ့ကျင့်ပေးမထားတဲ့ အနေထားအတိုင်းဆိုရင် အလွန့်အလွန်ကို ရက်စက် ကြမ်းကြုတ်ပါတယ်။ ယင်းကို ထိန်းချုပ်ပေးလို့ တည်ငြိမ်သွားတဲ့ အခါမှာတော့ အလွန် စိတ်ချမ်းသာမှု ရရှိစေပါတယ်။
The cultivation of positive emotions such as loving- kindness (metta), compassion (karuna), sympathetic joy (mudita), and equanimity (upekkha) is another means of conquering stress. Strained interpersonal relations is one of the common causes of stress in household life and in the workplace. Loving kindness is the positive wholesome attitude one can cultivate with benefit for oneself and others in all interpersonal relationships. Compassion is the positive emotion which one should cultivate to help those in distress.
မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာကဲ့သို့သော အပြုသဘော စိတ်ခံစားချက်များကို ပျိုးထောင်ပေးခြင်းဟာ စိတ်ဖိဆီးမှုကို ကျော်လွှားနိုင်တဲ့ အခြားနည်းလမ်းဖြစ်ပါတယ်။ အိမ်ထောင်စုအတွင်း၊ လုင်ငန်းခွင်အတွင်း မပြေပြစ်သော လူမှုဆက်ဆံရေးများဟာလည်း စိတ်ဖိဆီးမှုကို ဖြစ်ပေါ်စေတဲ့ ယေဘုယျ အကြောင်းတွေထဲမှာ တစ်ခုအပါဝင်ဖြစ်ပါတယ်။ မေတ္တာဟာ လူမှုဆက်ဆံရေးနယ်ပယ်အားလုံးတွင် မိမိရော အခြားသူများပါ အကျိုးရရှိရန် ပွားများနိုင်သည့် အပြုသဘောဆောင်ပြီး လျော်ကန်သင့်မြတ်တဲ့ စိတ်သဘောထား ဖြစ်ပါတယ်။ ကရုဏာကတော့ စိတ်သောကရောက်နေသူတွေကို ကူညီရန် ပွားများသင့်တဲ့ အပြုသဘော စိတ်ခံစားမှုဖြစ်ပါတယ်။
Sympathetic joy is the ability to rejoice in the joy of another. It is difficult for a man of mean character to entertain this attitude as the joy of another brings jealousy to the mind of such a person. Where there is jealousy there is no unity, and where there is no unity there is no progress. The cultivation of these positive emotions stands for both material and spiritual progress. Equanimity is the attitude to be adopted in the face of the vicissitudes of life.
မုဒိတာက သူတစ်ပါးအောင်မြင်မှုကို ဝမ်းမြောက်ဝမ်းသာဖြစ်တဲ့ အရည်အချင်းဖြစ်ပါတယ်။ ဒါဟာ တွန့်တိုသော အကျင့်စရိုက်ရှိသူအတွက် လက်ခံနိုင်ဖို့ ခက်ခဲသော စိတ်သဘောထား ဖြစ်ပါတယ်။ သူတစ်ပါးအောင်မြင်မှုဟာ တွန့်တိုတတ်သူရဲ့ စိတ်ထဲသို့ မနာလိုမှု ဖြစ်ပေါ်စေတာကြောင့်ပါ။ မနာလိုစိတ် ရှိတဲ့ အဖွဲ့အစည်းဟာ စည်းလုံးညီညွတ်မှု မရှိပါဘူး။ စည်းလုံးညီညွတ်မှု မရှိတဲ့ အဖွဲ့အစည်းဟာ မတိုးတက်ပါဘူး။ ဒီ အပြုသဘော စိတ်ခံစားမှုများကို ပြုစုပျိုးထောင်ခြင်းဟာ ရုပ်ပိုင်ဆိုင်ရာ တိုးတက်မှု၊ စိတ်ပိုင်းဆိုင်ရာ တိုးတက်မှု နှစ်ခုလုံးအတွက် ဖြစ်ပါတယ်။ ဥပေက္ခာကတော့ အကောင်းအဆိုး လောကဓံတရားတွေကို ရင်ဆိုင်ရာမှာ မွေးမြူသင့်တဲ့ စိတ်သဘောထားဖြစ်ပါတယ်။