ကုသိုလ်

flay(36)
Published in
#esteem
Words
53
Reading
1 min
Listen
Play
8y

[အကုသိုလ်တွေကို သိသိပြီးပယ်ကြမယ်]

မကောင်းမှု့တွေကိုပယ်တယ်ဆိုတာ…
တမင်လုပ်ယူလို့မရပါဘူး……
မိမိရဲ့အာရုံတွေကို သိပေးနိုင်တဲ့
ဥာဏ်က အလေ့အထရှိနေမှ သာလျှင်ပယ်လို့ရပါတယ်……

ဥပမာ……လိုချင်စိတ်တွေဖြစ်လာရင်…နောက်ဆက်တွဲပြီး
လိုက်လာမှာကလောဘပဲဖြစ်တယ်……အဲ့ဒီလောဘ
တဏှာကိုသိဖို့ဆိုတာကလည်းပဲ…ခုနကပြောသလို
မိမိစိတ်ကို မိမိစောင့်ကြည့်တဲ့ အရည်အခြင်း အလေ့အကျင့်
တွေရှိထားမှာသာလျှင် နောက်ဆက်တွဲပြဿနာကိုလည်းပဲ
အသိနဲ့ ပယ်ဖြောက်နိုင်ကြမှာဖြစ်တယ်ပေါ့……

မနစ်သက်တဲ့ အာရုံတွေဝင်လာရင်လည်း ဒေါသနဲ့
တွဲနေပြန်ပါတယ်……မလိုချင်ဘူးဟူ၍လည်း ဒေါသနဲ့
ပယ်ထုတ်လို့မရပါဘူး……အဲ့ဒီလိုလုပ်ရင် အကုသိုလ်ပေါ်မှာ
ထပ်ဆင့်အကုသိုလ် ဖြစ်ရပြန်ပါတယ်……မယုံရင်
မိမိရဲ့စိတ်ကိုအကဲ ဖြတ်ကြည့်ပါ ဒါပဲအဖြေထွက်ပါလိမ့်မယ်…
ဒါကြောင့် ဒီလိုဒေါသဖြစ်စရာ အာရုံနဲ့ကြုံလာရင်လည်းပဲ
ဆင့်ကဲအကုသိုလ်တွေမဖြစ်အောင်……အဲ့ဒီအာရုံတွေကို
စောင့်ကြည့်တဲ့ အလေ့အကျင့်ကလွဲရင်…တခြားဘာနဲ့မှ
လုပ်ဖျက်လို့မရပါဘူး……ဒေါသနဲ့ လောဘကမဖြစ်ပြန်ဘူး
ဆိုရင်လည်း……အမှတ်တမဲ့ဆိုတဲ့ မေဟာစိတ်တွေနှဲ့
မသိလိုက်ကြပြန်ဘူး……ဒီသုံးခုနဲ့ပဲ ဥူးပဉ္ဇင်းတို့တတွေ
လည့်စားခံနေကြရတာပါ……

ဒါကြောင့် ဘယ်လိုအကုသိုလ်မျိုးပဲဖြစ်ဖြစ် ……
သတိ…သမာဓိ…ပညာဆိုတဲ့……စောင့်ကြည့်တဲ့
လက်နက်ပဲ ဖြိုခွင်း တိုက်ဖျက်နိုင်ကြမှာဖြစ်တယ်ပေါ့……

image

flay@flay

ကုသိုလ်​ | Ecency