Happiness gained through meditation
"တရားအားထုတ်ခြင်းမှ ရရှိသော စိတ်ချမ်းသာမှု"
The third step in the management of stress is the cultivation of wholesome mental habits through meditation (bhavana). Just as we look after and nurture our body with proper food and cleanliness, the mind too needs proper nourishment and cleansing. The mind is most violent in its untrained state, but when it is tamed and made more stable it brings great happiness.
စိတ်ဖိဆီးမှုကို ဖြေရှင်းရာမှာ ဆောင်ရွက်ရမယ့် တတိယ အဆင့်ကတော့ ဘာဝနာတရား ပွားများအားထုတ်ကာ ကောင်းမွန်တဲ့ စိတ်အလေ့အကျင့်ကို ပျိုးထောင်ပေးခြင်း ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ ကိုယ်ခန္ဓာကို ထိန်းသိမ်းစောင့်ရှောက်ပြီး မျှတတဲ့ အစားအသောက်၊ သန့်စင်ပေးမှုနဲ့ ပြုစုပျိုးထောင် ပေးသရလို စိတ်ကိုလည်း မှန်ကန်တဲ့ စိတ်အဟာရဓာတ်၊ မှန်ကန်တဲ့ စိတ်သန့်စင်ရေးနဲ့ ပြုစုပျိုးထောင်ပေးဖို့ လိုအပ်ပါတယ်။ စိတ်ဟာ လေ့ကျင့်ပေးမထားတဲ့ အနေထားအတိုင်းဆိုရင် အလွန်ကို ရက်စက် ကြမ်းကြုတ်ပါတယ်။ ယင်းကို ထိန်းချုပ်ပေးလို့ တည်ငြိမ်သွားတဲ့ အခါမှာတော့ အလွန် စိတ်ချမ်းသာမှု ရရှိစေပါတယ်။
Buddhism prescribes two fundamental meditative methods of mind-training called samatha and vipassana, calm and insight. The former is the method of calming the shaky mind, while the latter is the method of comprehending the true nature of bodily and mental phenomena. Both methods are extremely helpful for overcoming stress. The Buddha explains with the help of five appropriate similes how meditation reduces the psychological stress. The man who practices meditation gains a great sense of relief and it is this sense of unburdening oneself that the similes illustrate. They are as follows:
ဗုဒ္ဓဘာသာက စိတ်ငြိမ်သက်မှုနှင့် ထိုးထွင်းအမြင်ဆိုသည့် သမထ၊ ဝိပဿနာခေါ် စိတ်ကိုလေ့ကျင့်ပေးတဲ့ အခြေခံ တရားအားထုတ်နည်း နှစ်နည်းကို ဖော်ထုတ်ထားပါတယ်။ ပထမနည်း (သမထ) က လှုပ်ရှားနေတဲ့ စိတ်ကို ငြိမ်သက်စေတဲ့ နည်းဖြစ်ပါတယ်။ နောက်တစ်နည်း (ဝိပဿနာ) ကတော့ ရုပ်နှင့် နာမ်ရဲ့ အစစ်အမှန် သဘာဝကို နားလည်သဘောပေါက်စေတဲ့ နည်းဖြစ်ပါတယ်။ နှစ်နည်းလုံးဟာ စိတ်ဖိဆီးမှုကို ကျော်လွှားနိုင်ရန် အလွန့်အလွန် အသုံးဝင်ပါတယ်။ မြတ်ဗုဒ္ဓက တရားအားထုတ်ခြင်းဖြင့် စိတ်ဖိဆီးမှု လျော့ကျစေပုံကို ဆီလျော်တဲ့ ဥပမာငါးမျိုးအကူနဲ့ ရှင်းလင်းပြပါတယ်။ တရားအားထုတ်သူဟာ အလွန် စိတ်အေးချမ်းမှု ခံစားရပါတယ်။ အဲဒီခံစားချက်ဟာ ဥပမာများနဲ့ သရုပ်ဖော်ထားတဲ့ စိတ်ဖိဆီးခံရခြင်းမှ လွတ်မြောက်သူရဲ့ ခံစားမှုမျိုးဖြစ်ပါတယ်။ အဲဒါတွေကတော့ အောက်ဖော်ပြပါအတိုင်းဖြစ်ပါတယ်။
A man who has raised capital for a business by taking a loan, prospers in business, pays off the loan and manages his day-to-day affairs with financial ease. Such a man experiences a great sense of relief. The second simile portrays a man who has suffered a great deal with a prolonged chronic illness. He gets well at long last, food becomes palatable to him and he gains physical strength. Great is the relief such a man experiences.
ငွေချေးငှားပြီး စီးပွားအတွက် အရင်းအနှီးလုပ်သူ တစ်ယောက်ဟာ စီးပွား ဖြစ်ထွန်းသွားတယ်။ ချေးငွေပြန်ဆပ်ပြီး တစ်နေ့ချင်း လုပ်ရမယ့် အလုပ်တွေကို ငွေရေးကြေးရေး အခက်အခဲမရှိ စီမံခန့်ခွဲတယ်။ ထိုသူဟာ အလွန် စိတ်အေးချမ်းတဲ့ ခံစားမှု ခံစားရပါတယ်။ ဒုတိယ ဥပမာကတော့ အကြီးစား နာတာရှည်ရောဂါ ခံစားနေရသူတစ်ယောက်နဲ့ သရုပ်ဖော်ပါတယ်။ ထိုသူဟာ တာရှည်ရောဂါခံစားနေရာမှ ပြန်ကောင်းသွားတယ်။ စားသောက်ရတာ အရသာရှိသွားပြီး ခန္ဓာကိုယ် အားအင်ပြည့်ဖြိုးသွားတယ်။ ထိုသူဟာ အလွန် စိတ်ချမ်းသာမှုခံစားရပါတယ်။
The third simile speaks of the relief a prisoner enjoys after being released from a long term in jail. The fourth is the slave who gains freedom from slavery. The fifth simile speaks of the relief which a man enjoys on coming to a place of safety after getting lost in a fearful desert without food. When the stress caused by the five hindrances is eliminated from the mind, great joy and delight arise similar to the relief enjoyed by the men described in the similes. The best and most effective way of overcoming stress is the practice of meditation. But as a prelude to that at least the Five Precepts must be observed.
ကာလရှည် အကျဉ်းကျနေရာမှ လွတ်မြောက်လာသူ အကျဉ်းသားတစ်ယောက် ခံစားရတဲ့ စိတ်ချမ်းသာမှုနဲ့ တတိယ ဥပမာကို ပြဆိုပါတယ်။ စတုတ္ထက ကျွန်အဖြစ်မှ လွတ်မြောက်ခွင့်ရတဲ့ ကျွန်တစ်ယောက် ဥပမာဖြစ်ပါတယ်။ ပဉ္စမ ဥပမာကတော့ အစာရေစာပြတ်လပ်ပြီး ကြောက်စရာ ကန္တာရအတွင်း လမ်းပျောက်နေရာမှ အန္တရာယ်ကင်းသည့် နေရာသို့ ရောက်လာသူတစ်ဦး ခံစားရတဲ့ စိတ်ချမ်းသာမှုနဲ့ ပြဆိုပါတယ်။ နီဝရဏငါးပါးကြောင့် ဖြစ်ပေါ်တဲ့ ဖိဆီးမှုကို စိတ်ထဲကနေ ရှင်းထုတ်လိုက်တဲ့အခါ ဥပမာများနှင့် ဖော်ပြထားသူတွေ ခံစားရတဲ့ စိတ်ချမ်းသာမှုနဲ့ အလားတူသည့် အလွန် ကျေနပ်မှုနဲ့ ဝမ်းမြောက်မှု ပေါ်ပေါက်လာပါတယ်။ စိတ်ဖိဆီးမှုကို အကောင်းဆုံးနဲ့ အထိရောက်ဆုံး ကျော်လွှားနည်းကတော့ တရားအားထုတ်တဲ့ အလေ့ကျင့်ဖြစ်ပါတယ်။ ဒါပေမယ့် တရားအားမထုတ်ခင် ရှေးဦးစွာ ငါးပါးသီလ ခံယူဆောက်တည်ရပါမယ်။
Happiness through cultivation of positive emotions
အပြုသဘော စိတ်ခံစားချက်များကို ပျိုးထောင်ပေးရာမှ ရရှိသော စိတ်ချမ်းသာမှု
The cultivation of positive emotions such as loving- kindness (metta), compassion (karuna), sympathetic joy (mudita), and equanimity (upekkha) is another means of conquering stress. Strained interpersonal relations is one of the common causes of stress in household life and in the workplace. Loving kindness is the positive wholesome attitude one can cultivate with benefit for oneself and others in all interpersonal relationships. Compassion is the positive emotion which one should cultivate to help those in distress.
မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာကဲ့သို့သော အပြုသဘော စိတ်ခံစားချက်များကို ပျိုးထောင်ပေးခြင်းဟာ စိတ်ဖိဆီးမှုကို ကျော်လွှားနိုင်တဲ့ အခြားနည်းလမ်းဖြစ်ပါတယ်။ အိမ်ထောင်စုအတွင်း၊ လုင်ငန်းခွင်အတွင်း မပြေပြစ်သော လူမှုဆက်ဆံရေးများဟာလည်း စိတ်ဖိဆီးမှုကို ဖြစ်ပေါ်စေတဲ့ ယေဘုယျ အကြောင်းတွေထဲမှာ တစ်ခုအပါဝင်ဖြစ်ပါတယ်။ မေတ္တာဟာ လူမှုဆက်ဆံရေးနယ်ပယ်အားလုံးတွင် မိမိရော အခြားသူများပါ အကျိုးရရှိရန် ပွားများနိုင်သည့် အပြုသဘောဆောင်ပြီး လျော်ကန်သင့်မြတ်တဲ့ စိတ်သဘောထား ဖြစ်ပါတယ်။ ကရုဏာကတော့ စိတ်သောကရောက်နေသူတွေကို ကူညီရန် ပွားများသင့်တဲ့ အပြုသဘော စိတ်ခံစားမှုဖြစ်ပါတယ်။
Sympathetic joy is the ability to rejoice in the joy of another. It is difficult for a man of mean character to entertain this attitude as the joy of another brings jealousy to the mind of such a person. Where there is jealousy there is no unity, and where there is no unity there is no progress. The cultivation of these positive emotions stands for both material and spiritual progress. Equanimity is the attitude to be adopted in the face of the vicissitudes of life.
မုဒိတာက သူတစ်ပါးအောင်မြင်မှုကို ဝမ်းမြောက်ဝမ်းသာဖြစ်တဲ့ အရည်အချင်းဖြစ်ပါတယ်။ ဒါဟာ တွန့်တိုတဲ့ အကျင့်စရိုက် ရှိသူအတွက် လက်ခံနိုင်ဖို့ ခက်ခဲသော စိတ်သဘောထား ဖြစ်ပါတယ်။ သူတစ်ပါးအောင်မြင်မှုဟာ တွန့်တိုတတ်သူရဲ့ စိတ်ထဲသို့ မနာလိုမှု ဖြစ်ပေါ်စေတာကြောင့်ပါ။ မနာလိုစိတ် ရှိရင် စည်းလုံးညီညွတ်မှု မရှိဘူး။ စည်းလုံးညီညွတ်မှု မရှိရင် မတိုးတက်ပါဘူး။ ဒီ အပြုသဘော စိတ်ခံစားမှုများကို ပြုစုပျိုးထောင်ခြင်းဟာ ရုပ်ပိုင်းဆိုင်ရာ တိုးတက်မှု၊ စိတ်ပိုင်းဆိုင်ရာ တိုးတက်မှု နှစ်ခုလုံးအတွက် ဖြစ်ပါတယ်။ ဥပေက္ခာကတော့ အကောင်းအဆိုး လောကဓံတရားတွေကို ရင်ဆိုင်ရာမှာ မွေးမြူသင့်တဲ့ စိတ်သဘောထားဖြစ်ပါတယ်။
There are eight the vicissitudes that we have to face in life. They are gain (Labha) and loss (Alabha), fame (Yasa) and lack of fame (Ayasa), praise (Ninna) and blame (Pasamsa), happiness (Sukha) and sorrow (Dukkha). If one trains oneself to maintain an equanimous temperament without being either elated or dejected in the face of these vicissitudes, one can avoid much stress and lead a simple life with peace and contentment.
ဘဝမှာ ကျွန်တော်တို့ ရင်ဆိုင်ကြုံတွေ့ရမယ့် လောကဓံတရား ရှစ်ပါးရှိပါတယ်။ အဲဒါတွေကတော့ ရခြင်း (လာဘ)၊ မရခြင်း (အလာဘ)၊ ကျော်စောခြင်း (ယသ)၊ မကျော်စောခြင်း (အယသ)၊ ကဲ့ရဲခြင်း (နိန္နာ)၊ ချီးမွမ်းခြင်း (ပသံသာ) တို့ ဖြစ်ပါတယ်။ တကယ်လို့ လူတစ်ယောက်ဟာ လောကဓံတရားတွေနဲ့ ရင်ဆိုင်ရတဲ့အခါ ဘဝင်ခိုက်ခြင်း မဖြစ်ဘဲ ဒါမှမဟုတ် စိတ်မချမ်းမသာ မဖြစ်ဘဲ တည်ငြိမ်တဲ့ စိတ်ရင်းကို ထိန်းနိုင်အောင် လေ့ကျင့်ပေးရင် စိတ်ဖိဆီးမှုကို ရှောင်ရှားနိုင်ပြီး အေးအေးချမ်းချမ်းနှင့် အားရကျေနပ်စရာကောင်းတဲ့ ရိုးရိုးရှင်းရှင်း ဘဝနဲ့ နေနိုင်မှာဖြစ်ပါတယ်။
We cannot change the world in order to get happiness. But we can change our attitude towards the world so as to remain unaffected by the stresses exerted by events around us. Buddhism teaches the way to bring about this wholesome change of attitude. Poor and helpless animals are being tortured or killed by the so-called civilised men in their pursuit of sport and adventure. The innocent animals are exploited to gratify and satisfy the cravings of modern society. So many have to suffer and die for the entertainment and pleasure of a few.
ကျွန်တော်တို့ဟာ စိတ်ချမ်းသာမှု ရရှိရန် လောကကြီးကို မပြောင်းလဲနိုင်ပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ ပတ်ဝန်းကျင်မှ အဖြစ်အပျက်များက သက်ရောက်စေတဲ့ စိတ်ဖိဆီးမှုတွေ မကူးစက်စေရန် လောကအပေါ် ထားရှိတဲ့ ကျွန်တော်တို့ရဲ့ သဘောထားကိုတော့ ပြောင်းလဲနိုင်ပါတယ်။ ဗုဒ္ဓဝါဒက ကောင်းမွန်တဲ့ စိတ်သဘောထား အပြောင်းလဲ ပေါ်ပေါက်စေမယ့် နည်းကို လမ်းညွှန်ပေးပါတယ်။ သနားစရာကောင်းပြီး အကူညီမဲ့နေတဲ့ တိရစ္ဆာန်များဟာ ယဉ်ကျေးပါတယ်ဆိုတဲ့ လူသားတွေရဲ့ အပျော်အပါးနဲ့ စွန့်စားမှု ရှာဖွေရာမှာ သတ်ဖြတ်ခံနေရပါတယ်။ အပြစ်မဲ့တဲ့ တိရစ္ဆာန်များဟာ မျက်မှောက်ခေတ် လူ့အဖွဲ့အစည်းရဲ့ အာသာပြင်းပြမှု အလိုဆန္ဒတွေပြည့်အောင် ဖြည့်ဆည်းပေးရာမှာ အသုံးချခံနေရပါတယ်။ အနည်းငယ်သော ဖျော်ဖြေမှုနဲ့ ပျော်ရွှင်မှုအတွက် တိရစ္ဆာန် အများအပြား ဆင်းရဲဒုက္ခခံစားပြီး သေပွဲဝင်ရရှာပါတယ်။