✏✏📔

flay(36)
Published in
#esteem
Words
28
Reading
1 min
Listen
Play
8y

သူငယ်ချင်းများသို့>>>>

အဆင်မပြေတဲ့အချိန်မှာ
စကားတွေများခဲ့ရလည်း
ငါ့တို့အတွက်ခဏတာပါပဲ
ပျော်ရွှင်ချင်းတွေနဲ့
ကျောင်းတွေအတူတူတက်ခဲ့ကြတယ်။

တစ်ယောက်နဲ့အကြိုက်ချင်းမတူတဲ့
အရာဝတ္ထုမင်းသားမင်းသမီးတွေကစ
ငြင်းခုန်မိခဲ့ကြလည်း
အမုန်းတွေဖွဲ့မသွားခဲ့ဘူး။

ဂုဏ်ပကာသန ရွှေငွေတွေက
သူငယ်ချင်းတွေကြားက
စည်းတစ်ခုလို့မရှိခဲ့ဘူး။

မင်းတို့အကြောင်းငါသိ
ငါ့အကြောင်းမင်းတို့သိ
အတွင်းသိအဆင်းသိပေမို့
ဒို့တစ်တွေနားလည်မှု့ပြည့်စွာ
လက်တွဲကာဖြတ်သန်းခဲ့ရ
ဒို့ဘဝခရီလမ်းကို မေ့နိုင်ပါ့မလား။

တစ်ချိန်ချိန်မှာပြန်လည်ဆုံတွေ့ခဲ့ရင်
အတူတူထိုင်ဖူးခဲ့တဲ့နေရာတွေ
အတူတူလျှောက်ကြတဲ့နေရာတွေ
မထင်မှတ်လို့ရောက်ခဲ့ရင်
အတိတ်တွေကိုပြန်လွမ်းပေးပါ သူငယ်ချင်းများ…
image

flay@flay

✏✏📔 | Ecency