ပန်ကန်ပြားတီးတဲ့အရှုး အပိုင်း-၁

Words
115
Reading
1 min
Listen
Play
9y

image
ပန်ကန်ပြားတီးတဲ့အရှုး
နေကလည်း ပူလိုက်တာ ။ အရေးထဲမှာ ဆိုင်ကယ်ကလည်း ဘီးပေါက်လိုက်သေးသည် ။
ကျွန်တော့အိမ် ကျွဲဆည်ကန်အရှေ့မှာပါ ။ မွန်းလွှဲ ၂ နာရီလောက်မှာ အိမ်က ထွက်ခဲ့တယ် ။ လေယာဉ်ကွင်းအဟောင်းနား ရောက်ခါနီးမှာ ဆိုင်ကယ်က ဘီးပေါက်တော့တယ် ။ နေပူပူ လေပူပူအောက်မှာ ဆိုင်ကယ်ကို ဆင်းပြီးတွန်းရပါတော့တယ် ။ ဆိုင်ကယ်ကို ဂီယာနံပါတ် one ချိန်းလိုက်ပါတယ် ။ လီဗာကို ဖြည်းဖြည်းလေးတင်ပြီး တွန်းလာခဲ့ပါတယ် ။
လေယာဉ်ကွင်းအဟောင်းရှေ့မှာ ပန်းကန်ပြားတစ်ချပ်ကို အမြဲတီးနေတဲ့ အရှုးတစ်ယောက်ရှိပါတယ် ။ သူဟာ အမြဲတမ်းပဲ ကြေးပန်ကန်ပြားကို တုတ်တစ်ချောင်းနဲ့ တီးနေတတ်ပါတယ် ။ ကျွန်တော်က သူ့ကိုပိုက်ဆံ (၅၀၀) ကျပ် ထုပ်ပေးလိုက်ပါတယ် ။ ဒီနေရာမှာ သုနဲ့ကျွန်တော် စကားတွေ များခဲ့ကြတယ် ။ စကားတွေ ပြောဖြစ်ခဲ့တယ် ။ သူ ပြောတဲ့စကားတွေက သိပ်စိတ်ဝင်စားစရာကောင်းတယ် ။
''ခင်ဗျားကို ကျွန်တော် မုန့်ဖိုးပေးတာ ယူပါ ''
''မင်း ငါ့ကို ပိုက်ဆံနဲ့ ဖျက်ဆီးတာလား ။ လူတွေက နော်တော်ခက်တယ် ။ ဒီပိုက်ဆံပဲကွ ၊ ဒီပိုက်ဆံကြောင့် လင်မယားတွေကွဲကြတယ် ၊ မိသားစုတွေမုန်းကြတယ် ။ ဒီပိုက်ဆံကြောင့် စာရိတ္တတွေပျက်တယ် ၊ ဂုဏ်သိက္ခာတွေကျတယ် ''
ကျွန်တော် အရမ်းအံ့သြသွားခဲ့တယ် ။ သူ ပြောတဲ့စကားတွေဟာ အဓိပ္ပါယ်တွေပါတယ် ။ သူက ဆက်ပြောပါတယ် ။
ဆက်ရန်. . . . .
image
Author by evernew@evernew A-5
Photos credit by google
Msc-116

ပန်ကန်ပြားတီးတဲ့အရှုး အပိုင်း-၁ | Ecency