ကြောင်ကြာကြာရေမငုပ်ပါ။

Words
54
Reading
1 min
Listen
Play
3y

"ကြောင်ကြာကြာရေမငုပ်ပါ" ဤစကားသည်မြန်မာလူမျိုးများသုံးလေ့ရှိသောစကားဖြစ်သည်။မိမိကိုယ်တိုင်လည်း
ခဏခဏသုံးလေ့ရှိသည်။
တခုခုအဆင်မပြေဖြစ်နေရာမှ ပြန်ပြီးအဆင်ပြေလာလျှင်
သုံးသောစကားဖြစ်သည်။ဘဝ၌ အခက်အခဲများကြုံတွေ့
လာရသောအခါ၌ သတမတ်တည်းအမြဲကြုံတွေ့နေရမှာ
မဟုတ်ပေ။ လူ့ကံကြမ္မာဆိုသည်မှာနိမ့်တလှည့်မြင့်တ
လှည့်ကြုံတွေ့ရသည်မှာဓမ္မတာပင်ဖြစ်သည်။
ထိုသဘောတရားကိုနားလည်သဘောပေါက်၍ လုပ်စရာရှိ
သည်များကိုပုံမှန်လုပ်နေဖို့အရေးကြီးသည်။မည်သည့်အ
ရာကိုမဆို ဇွဲမလျော့ပဲကြိုးစားနေပါက အချိန်တန်သောအ
ခါ၌ ကောင်းမွန်သောအရာတွေရရှိခံစားရပေမည်။
ဥပမာအနေဖြင့်ဆိုရလျှင် မိမိတို့hive platform၌ စာ
ရေးသည်ကိုပင်ကြည့်ပါ။ချက်ချင်းလက်ငင်းဝုန်းခနဲရရှိသည့်
အရာမဟုတ်ပေ။ပုံမှန်စာရေးစရာရှိသည်ကိုရေး၍ နေ့တိုင်း
Postတင်နေသောသူသည် တနေ့နည်းနည်းဖြင့်တိုးပွား
လာပေမည်။coinဈေးသည်လည်းဒီအတိုင်းနေနေမည်မ
ဟုတ်ပေ။အတက်ဆိုသည့်အချိန်သည်လည်းရှိနေပေမည်။
ထိုအချိန်၌လက်ထဲhive coinများများကိုင်ထားသူများ
အတိုင်းအတာတခုထိရရှိပေလိမ့်မည်။
မိမိတို့airdropperများသည်လည်းထိုနည်းတူစွာပင်
ဖြစ်သည်။ဈေးကောင်းနိင်သည့်airdropများအားတွက်
ဆ၍ များများရအောင်ကြိုးစား၍ လုပ်ကိုင်ထားသူသည်
ယခုအချိန်၌ ဘာမှမဖြစ်သော်လည်း ၎င်းairdropမှ
ပေးသည့်အခါတွင် ဒေါ်လာသောင်းဂဏန်းထိချမ်းသာသွား
နိုင်ပေသည်။
ထို့ကြောင့်ကြိုးစားနေသူအတွက် အဆင်မပြေမှူသည်
တခဏသာဖြစ်ပေလိမ့်မည်။"ကြောင်ကြာကြာရေမငုပ်ပါ။"
အချိန်တိုလေးအတွင်းအဆင်မပြေမှူသာဖြစ်ပါလိမ့်မည်ဟု
ရေးသား၍နိဂုံးချုပ်လိုက်ရပါတော့သည်။

Photo credited from google.

ကြောင်ကြာကြာရေမငုပ်ပါ။ | Ecency