နံရံလို​နေပါ

doubloo(41)
Published in
#esteem
Words
244
Reading
2 min
Listen
Play
9y

သမီး​လေး​ရေ



နံရံဆိုတာ ...

မာ​ကျောတယ်​ ​အေးစက်​တယ်​..

ခံစားမှုမရှိဘူး မတုန့်ပြန်​ဘူး​နော်​ ...



ဒါ​ပေမယ့်

အဲဒီနံရံကို ဝင်​​ဆောင့်​တဲ့သူက​တော့

ထိမိခိုက်​မိရှိနိုင်​တယ်​၊



နည်းရင်​ နည်းနည်းပဲ ထိတယ်

များရင်​ များများထိတယ်

နံရံက တန်​ပြန်​တာ မဟုတ်​ဘူး​နော်

ပြုလုပ်​သူရဲ့ အတိုင်းသာ တန်​ပြန်​သွားတာ၊



အဲလိုပဲ လူ​လောကမှာ ​နေရင်

တစ်​ဦးနဲ့တစ်​ဦးအမြဲတမ်း ချစ်​ခင်​​နေကြဖို့ ...

အမြဲတမ်း သင့်​တင့်​အဆင်​​ပြေ​နေကြဖို့ 

လူတိုင်း လူတိုင်း ဆန္ဒရှိကြတယ်​။

ဒီဆန္ဒကို အချိ့ လည်း

အ​ကောင်​အထည်​ ​ဖော်​နိုင်​တယ်​၊



အချို့က​တော့

အလဲလဲ အကွဲကွဲ ကျရှုံးကုန်​ကြတယ်​ ...
image
အောင်​မြင်​တဲ့သူ​တွေမှာ

ဘယ်​လိုလျှို့ ဝှက်​ချက်​​တွေ ရှိပြီး

ကျရှုံးတဲ့သူ​တွေမှာ​ရော

ဘယ်​လို အားနည်းချက်​​တွေ ရှိလို့ လဲ။



တကယ်​​တော့ သမီး​ရေ



လူမှုအသိုင်းအဝိုင်းမှာ

တစ်​ဦးနဲ့တစ်​ဦး အမျက်​မရှိ

အမြဲတမ်း အဆင်​​ပြေဖို့ဆိုတာ

တကယ်​​တော့ စိတ်​ကူးယဉ်​ သက်​သက်ပါပဲ၊



ဘာဖြစ်​လို့ လည်း ဆို​တော့ 

လောကီနယ်​ပယ်​မှာ

ပုထုဇဉ်​တို့ ကိုင်​စွဲရာသည်

လောဘ ​ဒေါသ မာန်​မာန များက

အများဆုံး ဖြစ်​​နေလို့ပါပဲ။



ဒါ​​ကြောင့်

လူ​တွေအ​ပေါ်မှာ နားလည်​မှု

ခွင့်​လွှတ်​မှု စာနာမှု ​မေ့​ပျောက်​နိုင်​မှုတွေကို

သမီးရဲ့ နှလုံးသွင်းမှုတိုင်းမှာ

ထည့်​ထားဖို့ က အဓိက လိုရင်းဖြစ်​ပါတယ်​၊



ဒီလို ​ပြောလို့ 

မေ​မေက မတရားလိုက်​တာ

သမီးက အမြဲတမ်း အရှုံးသမား

ဖြစ်​​နေရမှာလားလို့  သမီး မ​တေွးပါနဲ့၊



ခံစားမှုမရှိ​လေ သမီး စိတ်​​အေးချမ်း​လေပါပဲ၊



ဒီလို​နေတတ်​သွားရင်

သမီးဟာ အင်​မတန်​မှ ​တောင့်တင်း ခိုင်​မာတဲ့

နံရံလိုလူဖြစ်​သွားလိမ့်​မယ်​။

ကိုယ်​​ကောင်းတာဟာ ကိုယ်​စံဖို့  ဖြစ်​ပြီး

သူမ​ကောင်းတာဟာ သူခံဖို့ သာ ဖြစ်​တယ်​။



နဲနဲ​လေးမှ အထိမခံ

ဆတ်​ဆတ်​ကျဲတဲ့သူဟာ

အ​ပေါ်ယံသာ ခက်​ထန်​မာ​ကြောသ​ယောင်​ နဲ့

တကယ်​​တော့ ထိလွယ်​ရှလွယ်​ လုံခြုံမှုမရှိတဲ့သူပါ၊



အဲလူလိုထဲမှာ သမီး မပါပါ​စေနဲ့



နံရံကြီးလို ဖြစ်​သွားရင်

ဘယ်​​နေရာမှာပဲ ရှိရှိ သမီး​လေး အဆင်​​ပြေဖို့

မေ​မေ ယုံပြီးသား။
image
သမီး….လွတ်လွတ်လပ်လပ် တွေးခေါ်ပါ။

မိန်းမဆိုတာ...မေတ္တာအရရော၊ ငွေရေးကြေးရေးအရပါ

သူတစ်ပါးကို နည်းနည်းပါးပါး အားကိုးလို့ ရရင်ရမယ်။

ဒါပေမဲ့....အကောင်းဆုံးကတော့

ကိုယ့်ကိုယ်ကို အားကိုးခြင်းပါပဲ။



သမီး…စာများများဖတ်ပါ။ များများလေ့လာပါ။

ပန်းအိုးဆိုတာ ကျကွဲလွယ်လွန်းတတ်သလို

လှပခြင်းဆိုတာလည်း ရင့်ရော်လွယ်လွန်းလှပါတယ်။

သမီးရဲ့ ရင်တွင်းအလှ နဲ့ ပင်ကိုယ်အရည်အသွေးများသာ

သမီးကို အမြဲ အဖေါ် ပြုသွားမှာပါ။



သမီး…အထီးကျန်ခြင်းနဲ့ ရင်းနီးကျွမ်းဝင်နေပါစေ။

တစ်ခါတစ်လေ သူငယ်ချင်းတွေနဲ့ ဟေးလားဝါးလား အဖွဲ့ကျနိုင်ပေမဲ့

မိမိကိုယ်မိမိ မိမိအတွင်းစိတ်နဲ့ အဆင်ပြေအောင် နေထိုင်တတ်ခြင်းသာ

ဘ၀တစ်ခုလုံးအတွက် အားအကိုးရဆုံး ဖြစ်တတ်တယ်။



သမီး..သူများကို သိပ်ပြီးအားကျစရာမလိုပါဘူး။

ကိုယ့်လျှောက်မဲ့လမ်းကိုသာ အကောင်းဆုံးဖြစ်အောင်လျှောက်ပါ။

လူဆိုတာ ပြောမရဘူး၊

သူများလည်း ကိုယ့်ကို အားကျရင် အားကျနေမှာ။

image
သမီး..လူဆိုတာ ကိုယ့်စိတ်ကို ကိုယ်နိုင်နင်းရတယ်။

လူဆိုတာ..ကိုယ့်စိတ်ရဲ့ အရှင်သခင် မဖြစ်ခဲ့ဘူးဆိုရင်

ကိုယ့်စိတ်ရဲ့ ကျေးကျွန် ဖြစ်သွားတတ်တယ်။



သမီး..တိုးတက်ချင်တဲ့စိတ်၊ အလုပ်ကို မြတ်နိုးတဲ့စိတ်မွေးရတယ်။

ဘယ်အခြေအနေမှာပဲ ဖြစ်ဖြစ်၊ ကောင်းကွက်ကို ရွေးချယ်ကြည့်တတ်ရမယ်။

အကောင်းမြင်မယ်။ အလုပ်အပေါ် တိကျမယ်။

ကောင်းမွန်ပြီးဆုံးအောင် ကြိုးစားနေမယ်ဆိုရင်

အကျိုးအမြတ်ဆိုတာ ဘေးထွက်ပစ္စည်းပါ။



သမီး..သနားကျင်နာတတ်တဲ့စိတ်၊

သူများကို ကူညီတတ်တဲ့  စေတနာ၊

နားလည်ခွင့်လွတ်တတ်တဲ့ သဘောထား

ဒါတွေအားလုံးဟာ သမီးကို ပိုမိုလှပသွားစေမှာပါ။



အားကစားတစ်ခု စွဲစွဲမြဲမြဲ လုပ်ပါ။

ပုံမှန်ဆေးစစ်ပါ။ မိန်းခလေးဟာ ရောဂါနည်းနည်း ပိုများတတ်သလိုပဲ။

ကိုယ့်ကျန်းမာရေးကို ကိုယ်တာဝန်ယူရပါမယ်။

ဒါဟာ မိသားစုအပေါ် တာဝန်ယူတာနဲ့ အတူတူပါပဲ။



သမီး…အခြေအနေအရ ဘာကိုပဲစွန့်လွတ်စွန့်လွတ်

အကျင့်စာရိတ္တရယ်၊ အပြုံးရယ်၊ ကိုယ့်ကိုကို ယုံကြည်ချက်ရယ်

မစွန့်လွတ်ရဘူး။

ဒါတွေအားလုံးဟာ၊ သမီးဘ၀လှစေဖို့

ပံပိုးပေးမဲ့ ကိုယ်ရည်ကိုယ်သွေး တွေချည်းပဲ။

နံရံလို​နေပါ | Ecency