မရှုံးဖို့အရေးကြီးတယ်

doubloo(41)
Published in
#esteem
Words
69
Reading
1 min
8y
Listen to this post
~1 min

အနိုင်မယူလိုသူအတွက် အရူံးဆိုတာမရှိသလို

စွန့်ပစ်ခံရသူအတွက် အရူံးဆိုတာ မရှိပါဘူး



ဘာလို့လဲဆိုတော့

စွန့်ပစ်ခံရသူအပေါ် မူတည်နေပါတယ်



စွန့်ပစ်ခံရသူက စွန့်ပစ်ခံရလောက်အောင် အမှားကြီးနေရင်တော့

ရှုံးသွားမှာပါ

ကိုယ်ကအကောင်းဆုံး အမှန်ကန်ဆုံး နေနေပါလျက်နဲ့

တစ်ဖက်က တန်းဖိုးမသိဘဲ ငါးစိမ်းမြင်လို့ ငါးကင်ပစ်မိရင်တော့

စွန့်ခွာသွားသူသာ အများကြီး ရူံးသွားတာပါ။



အရာဝတ္တုတိုင်းလိုလိုမှာ သခင်ရှိသလို

လူသားတိုင်းမှာလည်း ပိုင်ရှင်ဆိုတာ ရှိတယ်

ကိုယ်ကဘယ်လောက်ပဲ ကောင်းအောင်နေပါစေ

တစ်ဖက်က တန်ဖိုးမထားတတ်ရင်တော့ ကိုယ်နဲ့သက်ဆိုင်သူ

ဖြစ်မလာနိုင်ပါဘူး။



တစ်ချို့သောလူတွေက တိုတိုလေးကိုတွေးပီး

အသင့်တော်ဆုံးအရာတွေကို စွန့်ပစ်မိနေတတ်တယ်

ကိုယ့်အတွက် ရွှေထုပ်ကို ပစ်မိပီး

ချီးထုတ်ကြီးထမ်းနေရင်တော့ ရူံးသွားပါပီ။



သူငယ်ချင်း.....

တစ်ဘဝစာ မရူံးရအောင် ရွေးချယ်မှူက အရေးကြီးတယ်

မေတ္တာတရားကို ရွေးမိရင် ထိုက်တန်တဲ့မေတ္တာရမယ်

ပကာသနတွေကိုရွေးမိရင်တော့ မေတ္တာတရားကို စတေးရမယ်

ငွေမရှိရင် ဆန်အိုးထဲဆန်မရှိလို့ အချစ်စိတ်တွေကုန်တယ်ဆိုရင်

မေတ္တာမပါတဲ့ ငွေပုံကြီးပေါ်မှာရော သင်....ဘယ်အချိန်အထိ

ပျော်နေနိုင်မလဲ.....?



သင်....လိုချင်တာနဲ့ ဖြစ်ချင်တာ တစ်ထပ်တည်းကျဖို့ဆိုတာ

မလွယ်ကူတတ်ပါဘူး

သင် တစ်ခုခုကို ရွေးရတော့မယ်ဆိုရင်

မရှုံးဖို့တော့ အရေးကြီးတယ်နော်။

မရှုံးဖို့အရေးကြီးတယ် | Ecency