ကိုဖျား​နေတယ်

doubloo(41)
Published in
#esteem
Words
32
Reading
1 min
Listen
Play
9y

မြို့လေးရဲ့မနက်ခင်း

နှင်းတွေအောက်မှာ တစ်ယောက်တည်းထိုင်ရင်း

"ငါက သူစိမ်းတစ်ယောက်ပါ "လို့ ခပ်တိုးတိုးပြောမယ်



မင်းကြိုက်တဲ့ရုပ်ရှင်တွေ တစ်ယောက်တည်းကြည့်မယ်

မင်းနဲ့ထိုင်ဖူးတဲ့ဆိုင်တွေ တစ်ယောက်တည်းသွားထိုင်မယ်

တစ်မြို့လုံးအနှံ့ ဘက်စ်ကားပတ်စီးမယ်

image
ညဖက်ရောက်တဲ့အခါ ကြယ်တွေကို တစ်ယောက်တည်းငေးမယ်

မင်းက မင်းဘဝထဲမှာ ပျော်ဝင်နေပြီး

ကိုယ်ကလည်း ကိုယ့်ဘဝနဲ့ကိုယ်

အတူမရှိခဲ့ကြတဲ့နှစ်တွေဟာ နှစ်ပေါင်းတစ်သန်းလောက် ကြာခဲ့ပြီဆိုတဲ့အကြောင်း

သေချာသွားတဲ့အခါ

တစ်ကယ်ကို သေချာသွားပြီလို့ လက်ခံလို့ရတဲ့အခါမှာပေါ့

ကိုယ့်ဝပ်ကျင်းလေးဆီ

တငွေ့ငွေ့နဲ့

ပြန်မှာပါ



မင်းဘယ်တော့မှသိမယ်မထင်ဘူး

ကိုဖျား​နေတယ်​ | Ecency