ရေအားလျှပ်​စစ်​(1)

doubloo(41)
Published in
#esteem
Words
66
Reading
1 min
Listen
Play
9y

လျှပ်စစ်အကြောင်း အသေအချာမသိတဲ့သူတွေရဲ့အဆဲ ခံရတာ အသည်းမနာပါဘူးဗျာ…

ကျနော်ကထားဝယ်သားပါ၊ ကိုယ့်ဒေသကို ဒုက္ခရောက်အောင်မလုပ်ပါဘူး။



ကျောက်မီးသွေးအကြောင်းရေးတယ်ဆိုတာ လျှပ်စစ်အကြပ်အတည်းမှာ ရွေးချယ်စရာတခုအနေနဲ့ရှိတယ်ဆိုတာ ပြောတာပါ။ ပြည်တွင်းအသုံးအတွက်ပဲဆိုရင် ကျနော်တို့ဒေသမှာ ၅၀၀/၆၀၀/၁၂၀၀/၄၀၀၀ MW ထုတ်မယ့်ကျောက်မီးသွေးစက်ရုံလာမယ့် ၁၀နှစ်အတွင်းတည်ဖို့ဆိုတာ အင်မတန်မှဖြစ်နိုင်ချေနည်းပါတယ်။
image
ဒေသသုံး ၁၀+၁၀+၁၀ MW စက်ရုံလေးကို သင့်တော်ရာအရပ်ဒေသမှာတည်မယ်ဆိုရင်တော့ဖြစ်နိုင်ပါတယ်။ ဒါပေမယ့်လည်း စီးပွါးရေးအရတွက်ချေကိုက်ဖို့စဉ်းစားရပါဦးမယ်။ အဲတော့ ထားဝယ်ဒေသအတွက် ကျောက်မီးသွေးကိုခဏမေ့ထားလိုက်ကြပါဗျာ……

အဲတော့ကျနော်အကြံတခုပေးမယ်။



 ဒီလို……

ကျနော်တို့တနင်္သာရီတိုင်းဟာ မြန်မာပြည်မ မဟာဓါတ်အားလိုင်းမရောက်တဲ့ဒေသဖြစ်ပီး တစ်ယူနစ် ၃၅/၅၀ ကျပ်ဈေးနှုန်းနဲ့မသုံးစွဲရပဲ တစ်ယူနစ်ကို ၆၀၀/၅၀၀/၃၀၀ ကျပ်နဲ့ ဆယ်စုနှစ်ကျော်များစွာဝယ်ယူသုံးစွဲခဲ့ရတယ်။ ကိုယ့်ဒေသမှာ ဂက်စ်တွေထွက်တယ်။
image
ဒီဂက်စ်တွေ ဒေသအတွက်လုံလုံလောက်လောက်ရရင် မီးအတွက်ဘာမှအငြင်းပွါးစရာမရှိတော့ဘူး၊ ကြိုက်သလောက်သုံး ကျသလောက်ရှင်းမယ်၊ မီးပြတ်ရင်လျော်…

ကဲ……ဘယ်လိုလဲ…………  တနင်္သာရီတိုင်းအတွက် ဂက်စ်ခွဲတမ်းပိုချပေးပါလို့ MOEE မှာဝိုင်းတောင်းဆိုကြမယ်။



ကျနော်ကတော့ တနင်္သာရီတိုင်းအတွက် လျှပ်စစ်ထုတ်ဖို့ ဂက်စ်ခွဲတမ်းချပေးပါလို့တောင်းဆိုချင်ပါတယ်။

15~20 mmscfd လောက်ရောင်းပေးနိုင်ရင်ကျေနပ်ပီ။

ပီးတော့ ရေအားလျှပ်စစ်ကို သင့်တော်တဲ့အရပ်ဒေသမှာ စတင်ပီးတည်ဆောက်ကြတာပေါ့ဗျာ။ ဂက်စ်ကုန်သွားရင် ရေအားလျှပ်စ်အဆင်သင့်ဖြစ်နေရောပေါ့

ရေအားလျှပ်​စစ်​(1) | Ecency