နေတတ်ခဲ့ပြီ

doubloo(41)
Published in
#esteem
Words
93
Reading
1 min
Listen
Play
8y

ကိုယ့်ကို စွန့်ခွာသွားသူကိုလည်း

နားလည်ခွင့်လွှတ်ပေးနိုင်ပြီး

နေတတ်လာခဲ့ပြီ။



ပျော်ရွှင်မှူတွေ ကြုံတွေ့လာရင် အရမ်းကြီးမပျော်တတ်သလို

စိတ်ညစ်စရာတွေကိုလည်း လက်ခံဖြေရှင်းနိုင်လာပြီး

နေတတ်ခဲ့ပြီ။



အောင်မြင်မှု ၏ အရသာကို ခံစားတတ်လာသလိုပဲ

ရူံးနိမ့်ရခြင်းရဲ့ အရူံးဒဏ်ကိုလည်း နားလည်လာပြီး

နေတတ်ခဲ့ပါပြီ။



တွေ့ဆုံကြုံကွဲ ၊ ဖြစ်ပြီးရင်ပျက်တတ်တယ်ဆိုတဲ့

နိယာမကို သဘောပေါက်လာပြီး အနေသာဖို့ထက်

နေတတ်အောင်ကြိုးစားတတ်လာခဲ့ပြီ။



ကိုယ်ကောင်းနေလည်း ကိုယ့်တန်ဖိုးကို နားမလည်သူတွေ

အနားမှာ နေတတ်အောင် ကြိုးစားတတ်လာပြီ



ကိုယ်အကောင်းဆုံး ပေးဆပ်နေပါလျက်နဲ့

ကိုယ့်ဆီက ရသမျှယူသွားတတ်တဲ့ လူတစ်ချို့ရဲ့ သဘာဝကို

ိနားလည်လက်ခံတတ်လာပြီး ပျော်အောင်နေတတ်လာခဲ့ပြီ။



ခန္ဓာရှိရင် ဝေဒနာဆိုတာ ရှိလာမှာဖြစ်သလို

လူရယ်လို့ဖြစ်လာပြီဆိုတာနဲ့ အငိုနဲ့စပီး တစ်ချိန်ချိန်ကျရင်  အငိုနဲ့လမ်းခွဲ

ရမယ်ဆိုတာကိုလည်း လက်ခံတတ်လာပြီး နေတတ်လာခဲ့ပြီ။



ကိုယ်တန်ဖိုးထားရသူတွေ ဆုံးရူံးရတဲ့အခါမှာလည်း

သူမထားခဲ့လည်း တစ်ချိန်ချိန်မှာ ကိုယ်ကထားခဲ့ရမယ်ဆိုတာ သိလာပြီး

နေတတ်လာခဲ့ပြီ။



ဆင်းရဲခြင်း နှင့် ချမ်းသာခြင်းရဲ့ အလွှာပါးပါး​လေးမှာ

ငွေကြေးထက် မေတ္တာတရားက ပိုအရေးပါတယ်ဆိုတာသိလာပြီး

နေတတ်ခဲ့ပြီ။



ပကာသနတွေကြောင့် ပူလောင်မှု​တွေကြားမှာ

ထင်ပေါ်ကျော်ကြားဖို့ထက် ရိုးရိုးအေးအေးနေခြင်းက

အေးချမ်းမှူအစစ်အမှန်ဆိုတာ သိလာပြီး ရောင့်ရဲလာတတ်ခဲ့ပြီ။



မတော်လောဘကြောင့် ရလာတဲ့ အကျိုးအမြတ်ထက်

သူများမျက်ရည်မပါတဲ့ ထမင်းက အဆိပ်မသင့်ဘူးဆိုတာသိလာပြီး

သင့်တော်တဲ့လောဘကို ထားတတ်လာခဲ့ပြီ။



အသိပညာတွေမြင့်မားလာတာနဲ့အမျှ လူ့ဘဝမှာ

အရေးအကြီးဆုံးက လူပီသဖို့ဆိုတာ သိလာပြီး

အမှားတွေမလုပ်မိအောင် သတိထားနေထိုင်တတ်လာခဲ့ပြီ။



တကယ်တော့ လူဘဝဆိုတာ

အနေသာဖို့ထက် နေတတ်ဖို့လိုပါတယ်

အသေသာဖို့ထက် ကောင်းသောသေခြင်း ဖြစ်ဖို့လိုပါတယ်။

နေတတ်ခဲ့ပြီ | Ecency