အံသြဘ

doubloo(41)
Published in
#funny
Words
192
Reading
1 min
Listen
Play
9y

ဒေါက်တာ ရှိပါသလား ဗျို့ ဒေါက်တာ ! "'



"ရှိပါတယ်ဗျာ ဝင်ခဲ့ပါ လှိုက်လှဲစွာကြိုဆိုပါတယ် "



"ဗုဒ္ဓေါ ဘယ့်နှယ် ဆေးခန်းက လှိုက်လှဲစွာ ကြိုဆိုရတာတုန်း "



"aww   ဒါက ထုံးစံအရပါ လာပါခင်ဗျာ ဘာဖြစ်တာလဲဗျ "



"အင်း ကျွန်တော့်ရောဂါအကြောင်းပြောရရင် နည်းနည်းတော့ ရှည်လိမ့်မယ်ဗျာ ""
image
ရပါတယ် ပြောမှာသာပြောပါ ကျွန်တော် စိတ်ရှည်ပါတယ်"



" ဒီလိုဗျ  ကျုပ် လွန်ခဲ့တဲ့ သုံးရက်လောက်က လမ်းထိပ်က မုန့်ဟင်းခါးဆိုင်မှာ မုန့်သွားစားတယ် အာ့မှာ ဆိုက်ကားသမား ကိုကျော်ကြီးက သူ့မိန်းမ လင်နောက်လိုက်သွားလို့တဲ့။  ဆံပင်ညှက်​ဆရာ ကိုသာအေး ငါးစိမ်းသည်ဒေါ်တုတ်နဲ့ စကားများတာကနေ ဂေါပကဦးပြားက ဗိုလ်အောင်ဒင်သီချင်းနဲ့ အလှူ ခံတာကစတာပဲ။



" ဒီမှာ ကိုယ့်လူ ခင်ဗျားရောဂါ အကြောင်း သာပြောပါ"



"ခဏလေးပါ နာရီပြင်ဆိုင်က မာမွတ် ကိုချက်ကြီးဆိုင်က အရက်အကြွေးသောက်ပြီး မြောင်းထဲ ငါးရှဥ့်ဝင်နှိုက်တယ် ဒါကို ကိုငြိမ်းမောင်က လူ့အခွင့်အရေးပိတ်ဆို့တယ်ဆိုပြီး ပဲပြုတ်သည်ဒေါ်ထားကို တရားစွဲတယ်။ အာ့မှာတင် ဈေးထိပ်ကအမှိုက်ပုံ မီးလောင်တော့တာပဲ ။
image
"သြော် သဘောပေါက်ပြီး ခင်ဗျားက မီးလောင်တဲ့ အထဲ ရောပါသွားလို့လား "



"မဟုတ်သေးဘူးဗျ အမှိုက်ပုံမီးလောင်တော့ ရပ်ကွက်လူကြီးကိုတင့်က အရက်သမားဖိုးထူးကို ငွေဖြည့်ကတ်ဝယ်ခိုင်းတယ်လေ ဖိုးထူးက သွားမဝယ်ပဲ ကာရာအိုကေဆိုင်ဝင်ပြီး အခွေတွေ ခိုးလာတယ်။ လက်သမားဆရာမောင်အေးက သူ့အိမ်ကခွေးလေး သေသွားလို့ သူ့မိန်းမ ဒေါ်လှကို ဖိနပ်အသစ်ဝယ်ပေးတယ်လေ "



"ဟေ့လူ ခင်ဗျားရောဂါအကြောင်း မရောက်သေးဘူးလား ကျုပ် မျက်စိတွေရှုပ် နားတွေပူနေပြီ "



"ခဏလေးပါ  ကုန်စိမ်းသည်ဒေါ်ချစ်က ကူလီခေါင်းသာဗြော့ကို ဈေးဆစ်တာ ဗေဒင်ဆရာကမနေနိုင်လို့ အိပ်နေတယ်လေ။ ကွမ်းယာဆိုင်က လူအေး ကွမ်းဈေးတွေတက်လို့ တစ်ရာဖိုးသုံးယာပဲပေးလို့ ကျုပ်ဘကြီး ကွမ်းဖြတ်လိုက်တယ်လေ ဒါနဲ့ ကျုပ်က ဘောလုံးပွဲသွားကြည့်တာ ဖြစ်ချင်တော့ ချဲလ်ဆီးက နိုင်သွားတယ်လေ ကျုပ်အပျော်လွန်ပြီး ကော်ဖီသုံးခွက်ဆင့်သောက်လိုက်တယ်။
သြော်  ဒါကြောင့် ခင်ဗျား ဗိုက်အောင့်တာလား "



"မဟုတ်ဘူးဗျ  ကျုပ်  ကော်ဇောပေါ်က ပြုတ်ကျတာ"



"Cင့် ! ကော်ဇောပေါ်က ပြုတ်ကျတာများ ခင်ဗျားကော်ဇောက ဘယ်နှစ်လက်မတောင် မြင့်လို့လဲ "



"မဟုတ်ဘူးဗျ ကော်ဇောက မီးသတ်စင်ပေါ်မှာ ခင်းထားတာ "



"Oိာန်  ဒါဆို ခင်ဗျားက မီးသတ်စင်ပေါ်က ပြုတ်ကျတာပေါ့ ဟာဗျာ ဒါကို ခင်ဗျားက မုန့်ဟင်းခါးစားရာကနေ စပြောနေသေးတယ်  ခင်ဗျား ဘာဖြစ်သွားသေးလဲ "



"ဘာမှမဖြစ်ပါဘူးဗျာ အရိုးထဲက နည်းနည်းယားနေတယ် ဆံပင်တွေသွေးမလျှောက်တော့ဘဲ မျက်လုံးမှိတ်လိုက်ရင် ဘာမှမမြင်ရတော့ဘူးဗျ "



"ဟာ  ခင်ဗျားရောဂါက အတော်စိုးရိမ်ရတာပဲ ခင်ဗျားခွဲစိတ်မှရမယ် "



"မဟုတ်ပါဘူးဗျာ  ကျုပ်ညီမလေး ပိုးသတ်ဆေးသောက်မိလို့ အဲ့ဒါ ဘယ်လို ပြုစုကုသရမလဲ လာမေးတာပါ '



'  ဟိုက်  !  ခင်ဗျားရဲ့ တစ်ထောင့်တစ်ညပုံပြင်အပြောကောင်းလို့ ဟိုမှာ ခင်ဗျားညီမ ရက်လည်တော့မယ် ဘယ့်နှယ် ညီမပိုးသတ်ဆေးသောက်မိတာ ဆေးခန်းတော့ခေါ်မလာပဲ ရပ်ကွက်အကြောင်းလာမိတ်ဆက်နေတယ်''

အံသြဘ | Ecency