Home Stay (Chapter 224)

Words
193
Reading
1 min
Listen
Play
6y

FB_IMG_1599214068459.jpg

ဒီရက်ပိုင်း iptv နှင့်သာ အချိန် ကုန်နေခဲ့၏။ ဂိမ်းတောင် သိပ်မဆော့ ဖြစ်ပေ။ ညဖက် ခဏလေး လောက်သာ ဆော့ ဖြစ်၏။ တခုခုကို စိတ်ဝင်စားမိသွားရင် အဲ့လိုပဲ။ မရ မကနှင့် အဆုံးထိ လိုက်တတ်၏။ ကျွမ်းအောင်ထက်၊ သိချင် နားလည် လိုခြင်း ဖြစ်၏။ ခုဆိုလျှင် အချို့ link တွေကို ဘယ်လို ယူရမလဲ သိနေပြီ ဖြစ်၏။ ထို့ပြင် M3u file တခု ဘယ်လို တည်ဆောက်ရမလဲကိုပဲ ကောင်းကောင်းကြီး သိသွားပြီ ဖြစ်၏။ သင်ဆရာ မရှိပေမယ့် မြင်ဆရာတွေ၏ ကျေးဇူးကြောင့်ပင် ဖြစ်၏။ ဒီနေရာကနေ ဆရာအပေါင်းကို ကျေးဇူးတင်ကြောင်း ပြောလို၏။

M3u file က လုပ်ရလွယ်၏။ သို့ပေမယ့် အချိန်ကြာ၏။ လိုင်းများလျှင် များသလို ပိုပြီးတော့ ကြာတတ်၏။ သူများ ထုတ်ထားပြီးသား လိုင်း အများကြီးထဲမှ မိမိ လိုချင်သည့် လိုင်းကို ရွေးထုတ်လျှင် ထိုထက် ပိုပြီးတော့တောင် အချိန်ကြာသေး၏။ ရှေ့ (၂) ရက်လောက်တုန်းက ထို links တွေနှင့်ပင် အချိန်တွေ ကုန်ကုန်သွားခဲ့၏။ စသွင်းတုန်းက ရပြီး နောက်ကြာတော့ မရတော့သည်များလည်း ရှိ၏။ ထိုအခါ ပြန်ဖျက်ရ၏။ ပြန်စီရ၏။ တော်တော်လေး ရှုပ်၏။

IMG_20201118_162002.jpg

ထို့ပြင် ခုက phone, android box, smart tv တို့နှင့် ကြည့်ဖို့ မဟုတ်ဘဲ hello box နှင့် ကြည့်မည် ဖြစ်သဖြင့် m3u file တွေက နံပတ်တူနေဖို့ လိုပြန်၏။ မတူညီသည့် file တွေကနေ လိုင်းတွေ ထုတ်ထာဆိုတော့ နံပတ်တွေက မတူနေပေ။ ထို့ကြောင့် အဆိုပါ နံပတ် ကိစ္စကိုပါ ဖြေရှင်းရ၏။ အဆင်ပြေ လွယ်ကူမည့် နည်းလမ်းမျိုး ရှိနိုင်မည်လို့တော့ ထင်၏။ သို့ပေမယ့် မရှာတော့ပေ။ Note pad ကနေပဲ နံပတ်တခုစီကို လိုက်ပြင် လိုက်၏။ မိမိ ထည့်သွင်းလိုသည့် လိုင်းများ သွားလျှင်တော့ များများ ပြင်ရပြီး နည်းလျှင်တော့ နည်းနည်းပဲ ပြင်ရုံပင်။

ရှေ့လျှောက် TV ရုပ်သံ အစီအစဉ်အတွက်တော့ ပူစရာ မလိုတော့ပေ။ တခုပဲ နည်းနည်း အလုပ်ပိုမှာ။ ဒီလိုင်းတွက ဘယ်အချိန်အထိ ရမယ်ဆိုပြီး အာမခံချက်တော့ မရှိပေ။ မရတော့လျှင် ထပ်ရှာ ထပ်ပြင် ထပ်ဖြည့်ပေါ့။ ဘာပဲ ဖြစ်ဖြစ် ပျော်စရာတော့ အကောင်းသားရယ်။ welink ကိုလည်း Phone ဆက်ပြီး လိုင်း လာကြည့်ပေးဖို့ ပြောထားရ၏။ ခုတလော ဂိမ်းဆော့ချိန်မှာ လိုင်းက အတော်လေး Lag ၏။ ping များနေခြင်း ဖြစ်၏။ ထို့ပြင် iptv ကြည့်သည့်အခါမှာလည်း တော်တော်လေး ထစ်နေ၏။ သူတို့ လာကြည့်ပေးမည်ဟုတော့ ပြော၏။ စောင့်ရုံပေါ့။

Don Jaun

Home Stay (Chapter 224) | Ecency