မင်္ဂလာပါ နှစ်သစ် ရေ နှစ်သစ် အချိန် အခါမှာ ကျမ်းမာပျော်ရွှင်ကြပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ် ။ သက်ရှိသတ္တဝါများ အားလုံး ဆင်းရဲ ကင်းနိုင်ကြပါစေ ။ ဒါကတော့ မေတ္တာပေါ့လေ မကင်းနိုင်ရင်တောင် ကိုယ့်မေတ္တာနဲ့အတူ ဒုက္ခလေးတွေ လျှော့သွားကြရင်ဘဲ ကျေနပ်မိပါပြီ ။ ဆင်းရဲကြသော သတ္တဝါများ ဆင်းရဲခြင်းမှ လွတ်ပါစေ ။ လွတ်ချင်တဲ့ စိတ်များလဲ အမှန် ဖြစ်ပေါ်နိုင်ကြပါစေ ။ ချမ်းသာရာ စစ်စစ်ကိုလည်း ရှာဖွေပြီး အရောက်လှမ်းနိုင်ကြပါစေ ။
မင်္ဂလာပါ နှစ်သစ်ရေ ။ မင်္ဂလာပါ ခဏခဏ သုံးနေသလို အားလုံးလဲ မင်္ဂလာ အစစ်အမှန် ရှိကြပါစေ ။ မင်္ဂလာ စစ်စစ်ကို မြတ်ဘုရား ဟောကြားထားခဲ့ပါတယ် ။ ထိုမတိုင်ခင်က အကြားတို့ အမြင်တို့ အစရှိတွေကို မင်္ဂလာ ဟူ၍ပင် အမှတ်မှားနေကြပါသတဲ့ ။ မြတ်ဘုရား မင်္ဂလာတရားတော်ကို မဟောခင်ကလို့ ဆိုသော်လည်း ယနေ့အချိန်မှာပင် နားထဲ အဆင်မပြေတဲ့ စကားလုံးများ မိမိ မလိုချင်သော အသံများကြားပါက မင်္ဂလာ မရှိလိုက်တာ ကျက်သရေမင်္ဂလာ မရှိလိုက်တာ အစရှိသဖြင့် အချို့သူများ ပြောတာ ကြားမိသလို မမြင်ချင်တာလေတွေ မြင်ရရင် ထိုနည်းတူ ဆိုကြပါသည် ။
နှစ်သစ်မှာ မင်္ဂလာ အပေါင်းနှင့် ပြည့်စုံကြပါစေ ။ သုံးဆယ့်ရှစ်ဖြာသော မင်္ဂလာ တရားများနှင့် ညီညွှတ်နိုင်ကြပါစေ ။ ထို့ပြင် ဆင်းရဲဒုက္ခများလဲ ကင်းဝေးပါစေ ။ ဆင်းရဲခြင်းဒုက္ခများ ကင်းဝေးပြီး သုခ ချမ်းသာများနှင့်လည်း ပြည့်စုံကြပါစေ ။ သုခ သည် ချမ်းသာသည်မှာ မှန်သော်လည်း ထိုအရာမှာ ချမ်းသာစစ် မဟုတ်သေးပါဘူးတဲ့ ။ ဝေသနာကိုတော့ ခံစားနေရဆဲပါ ။ သုခ ဝေဒနာ ဒုက္ခဝေသနာ ။ သုခလေး ခံစားနေရရင် ဒုက္ခလေး လည်း ခံစားရမည် ဖြစ်ပါသည် ။ ထို့ကြောင့် ဒုက္ခများ အကုန်အစင် ချုတ်ငြိမ်းအေးချမ်းရာကိုလဲ ဖြစ်စေနိုင်ဖို့ ကြိုးစားနိုင်သူများ ဖြစ်ကြပါစေ ။
နှစ်သစ်ဆုမွန်ကောင်း တောင်းပေးသည် ဆိုသော်လည်း ကိုယ်တိုင်ကပါ ကျင့်ကြံနေထိုင်မှလည်း ဖြစ်နိုင်ပါလိမ့်မည် ။
နှစ်သစ်မှာ အလုံးစုံသော သတ္တဝါတို့ မင်္ဂလာအပေါင်း ခညှောင်းပြီး ဒုက္ခကင်းဝေးနိုင်ကြပါစေ ။
MSC . 9
@domelay (အတွေးမျှင်လေးများ)