ဈေးများ အနည်းငယ် လှုတ်ရှားလာသောအခါ post တင်လိုစိတ်တို့ ပေါက်လာပြန်သည် ။ စိမ်းစိမ်းစိုစို ဆိုလျှင် မြင်ရသည်မှာ မျက်စိအေးပြီး နီရဲရဲ ဆိုလျှင် ကောင်းကောင်းပင် မြင်လိုစိတ်မရှိလှပေ ။ steem 200 လောက်ကို 0.16 ခန့်နှင့် ရောင်းစားထားခဲ့သော်လည်း ယခုကဲ့သို့တွေ့မြင်ရပြန်တော့လဲ အားမလို အားမရ ဖြစ်ခြင်းထက် စိမ်းတော့စိမ်းတတ်ရှာသေးသားဘဲဟု ဖြေသိမ့်ရပြန်သည် ။
ဈေးက တစ်မျိုး ရှိပြန်သလို အခြား post များ လိုက်ဖတ် လျှင်ပင် စာအရေး အသားများအား နှစ်မျိုးနှစ်စား ကွဲပြားလာသည် ။ မည်သို့ပင် font များ ပြောင်းလဲ ရမည် ဆိုဆို မည်သည့်အရာက ပိုကောင်းသည်ဆိုဆို မိမိနှင့် ဆက်သွယ်နေသူများ အသုံးပြုသည့်အရာ ကိုသာ လိုက်သုံးရမည်ဖြစ်သည် ။ ယခုတော့ အသုံးများနေဆဲ ဖြစ်သော zawgyi သာ သုံးဖြစ်နေပါသေးသည် ။ ကျွန်တော်ကလဲ ထိုစာသာ ရိုက်နေကျ ဖြစ်သည့်အတွက် မပြောင်းဖြစ်သေးပေ ။ နိုင်ငံတော်မှလည်း zawgyi တရား မဝင်ပါဟု လည်း ထောင်ကျနိုင်သော ဥပဒေတစ်ရပ် မထုတ်ပြန်ထားသေးသဖြင့် လည်း ဆက်သုံးမိနေသည် ။
Myanmar လေး အနည်းငယ်သာ ရှိသည့်အထဲကမှ နှစ်မျိုးကွဲ ပြန်တော့ post လေးများမှာလဲ လိုက်ကြည့်စရာ ရှားပါးလာသည် ။ ဒီတော့လဲ သက်သာခြင်းတစ်မျိုးဟုသာ အောင့်မေ့မိပါတော့သည် ။