ကျွန်တော် မှော်ကား စွမ်းအားရှင်ကား အစရှိသဖြင့် ထိုဇာတ်ကား အမျိုးအစားများကို ကြည့်လျှင် သဘာဝလွှန် စွမ်းအားများကို ပိုင်ဆိုင်ထားသူတို့သည် သာမာန်လူများထက် များစွာ အစွမ်းထက်ကြသော်လည်း ပေါ်ပေါ်ထင်ထင် မနေကြပေ ။ စွမ်းအားရှင်များ အကြောင်းကို လူအများက သိသွားစိုးရိမ်လို့ဘဲလား ။ ဒီလိုတော့ မဟုတ်ကြပါ ။ သိသွားမှာကိုတော့ စိုးရိမ်ကြပါလိမ့်မည် ။ ဘာလို့လဲ ဆိုတော့ သာမာန်လူသားများကို ရင်မဆိုင်နိုင်လို့ဘဲ ဖြစ်ပါလိမ့်မည် ။
ရှေးယခင်ကထဲက နိုင်ငံတိုင်းတွင် မှော်ပညာ ရှင်များ စုန်းများ အစရှိသည်တို့ကို ဖမ်းဆီးမိပါက သတ်ပစ်ခဲ့သော ရာဇဝင်များရှိခဲ့ဖူးသည် ။ သာမာန်လူများထက် ခွန်အားဗလကြီးမားရုံနှင့်ပင် ထီးနန်းလုမှာ စိုးသဖြင့် လုပ်ကြံခိုင်းသည့် ပုံပြင်များပင် ရှိနေသေးသည် ။
စုန်းတစ်ယောက်ယောက်များ ကျွန်တော်တို့ပတ်ဝန်းကျင်မှာ ရှိနေခဲ့ရင် ရှိတာကိုလဲ သိနေခဲ့ရင် ဘယ်လိုခံစားရမည်လဲ ။ သူငယ်ချင်းများ ဖြစ်ကြသည် ဆိုလျှင်တောင်ယုံကြည်နိုင်မည်လား ? ထိုသူ မကျေနပ်လျှင် မိမိမှာ ဘာမန်းပင် မသိလိုက်ရသေးဘဲ သေဆုံးသည်အထိ ဖြစ်နိုင်သည် မဟုတ်ပါလား ။
ထို့ကြောင့် ဘယ်သူကမှ မိမိမှာ ထို မှော်ပညာတွေ စုန်းပညာတွေ တတ်ပါတယ် လို့ တရားဝင် မကြေငြာရဲပါ ။ တစ်ယောက်ချင်း ရင်ဆိုင်လျှင် အနိုင်ယူနိုင်သော်လည်း သာမာန်လူပေါင်းများစွာကိုမူ ရင်ဆိုင်ရန် ခက်ခဲပေသည် ။ ထို့ကြောင့် ယနေ့ထက်တိုင် ထိုသူတို့မှာ တရားဝင် ကြေငြာသူ ရှားပါးလှပေသည် ။
မာလင် ဇာတ်လမ်းကြည့်ပြီးနောက်တွင် အခြားသော ဇာတ်လမ်းများနှင့် ထိုကဲ့သို့သော အတတ်ပညာရှင်တို့ အကြောင်းကို တွေးမိပြီး ရေးခြင်းသာဖြစ်ပါသည် ။