ညှို့မှိုင်းမှိုင်း ဖြစ်လေအောင်
ငွေလှိုင်းတွေ ရစ်ခါသိုင်း
မိုး မှောင်လို့မှိုင်း ။
မှောင်မိုင်းမိုင်း တိမ်တောင်အောက်ကို
နေမင်းတောင် ခေါင်းမပြူရဲ
မိုးတွေကဖွဲ ။
စိမ်းတမြမြ တောင်တန်းတွေရယ်
လှပစွာ ရှာက်ကာပြုံး
မျက်နှာတော် ပေါ်မှာစိုးလို့
မိုးတိမ်နဲ့ဖုံး ။