ဂွေးမြင်ကုန်းရွှာကလေးတွင် အလုပ်မရှိ ဘာမရှိနဲ့ တစ်ခုခုသော အကြံအစည်များကို ထိုင်ကာ တွေးတောနေတတ်သော မျိုးမစစ် ဆိုသည့် ကောင်လေး တစ်ယောက်ရှိလေသည် ။ သူ အခုလဲ တစ်ခု တွေးနေပြန်သည် ။ သူကိုင်တိုင် ဘာမှ ထမလုပ်နိုင်သော်လည်း အတွေးခေါ်ပညာရှင် ရှုံးလောက်အောင် ထိုင်တွေးနေနိုင်လေသည် ။
ဂွေးမြင်ကုန်း ရွှာလေးသည် တစ်စ တစ်စ တိုးတက်လာသည်မှ လျှပ်စစ်မီးများ အပြင် ဖုန်းများ အင်တာနက်များပါ ရောက်ရှိလာသည်နှင့် online လုပ်ငန်းများကိုလည်း သူတို့ သိရှိလာကြရသည် ။ သူစဉ်းစားနေသည်မှာ online shopping အကြောင်းဖြစ်လေသည် ။ ထိုသို့ online ကနေ အလုပ်လုပ်ကြရာတွင် တစ်ဦးနှင့် တစ်ဦး ယုံကြည်မှုထားကြရသည် ။ အကြီးစား လုပ်ငန်းများ လုပ်ကိုင်နေသူများ အနေဖြင့် နာမည်ပျက်မခံနိုင်ကြသော်လည်း အချို့သော တစ်ခုတစ်လေသော ပစ္စည်းများ ရောင်းကြသူများ ထဲမှ အနည်းစုမှာ ယုံကြည်ဖို့ ခက်ခဲလာလေသည် ။
ရိုးသားလှသော သူတို့ ရွှာသားလေးများ အနည်းအကျဉ်းခံရသည်များလဲ ရှိလာသည် ။ ထို့ကြောင့် သူ လုပ်ငန်းတစ်ခုအား ထူထောင်ရန် စဉ်းစားလေသည် ။ ထိုလုပ်ငန်းကို သူ MEDIUM ဟု နာမည်ပေးမည် ။ ထို့ပြင် အခြားရပ်ရွှာများတွင် အသိပေါသူ ဖြစ်သဖြင့် ထိုသူတို့နှင့် ပူးပေါင်းပြီး အရောင်းအဝယ် ကြားခံအဖြစ် ဆောင်ရွှက်လိုနေသည် ။
တစ်ဦးဦးက မသိသူ တစ်ဦးဦးထံမှ ပစ္စည်းမှာယူမည်ဆိုပါက ကိုယ်တိုင်သွားရောက်မတွေ့နိုင်သော နယ်ဝေးအတွက် သူတို့ထံ အပ်မည် ။ တစ်ခြားမြို့မှာ ရှိတဲ့ သူငယ်ချင်းက ပစ္စည်းကောင်းမကောင်း တန်မတန် ကြည့်ကာ ဝယ်သင့် မဝယ်သင့် အကြမ်းအားဖြင့် ဆုံးဖြတ်ပေးမည် ။ဝယ်လျှင်လည်း သူမှ တိုက်ရိုက်ဝယ်ယူပေးမည် ။ ထိုအတွက် ဝယ်ယူသူများ အနေဖြင့်လည်း ဆုံးရှုံးမှုနည်းသွားမည် ။ သူတို့ကတော့ ထိုသို့ အကျိုးဆောင်ပေးသည့် အတွက် ဝန်ဆောင်ခ ယူမည် ဖြစ်သည် ။ အရင်း မစိုက်ရသော အလုပ်ပင် ။
သို့သော်လည်း ထိုအလုပ်မှာ သူတို့ တစ်ဦး နှင့် တစ်ဦး ဆက်သွယ်နေရမည် ဖြစ်သည် ။ ထို့ပြင် အပို ဝန်ဆောင်ခ ကုန်ကျ နိုင်မည် ဖြစ်သဖြင့် အလုပ်အပ် ဖို့လည်း လူရှိဖို့လိုသည် ။ အခြား မတူညီသော ဒေသတို့မှ လူများကလည်း လိုလိုလားလား လုပ်ကိုင်ပေးကြဖို့လဲ လိုအပ်သေးသည် ။ ဘယ်သူမှလဲ ထိုသို့သော ဝန်ဆောင်မှု လုပ်ငန်း လုပ်ပေးသည် မမြင်သဖြင့် စမ်းတဝါးဝါး စရမည် ဖြစ်သည် ။ မျိုးမစစ် အတွေးများ တွေးရင်း တွေးရင်း အတွေး တို့သည် လေထဲ ။ ကဲ မျိုးမစစ်လေး လုပ်ငန်း တစ်ကယ်သာ လုပ်ဖြစ်ခဲ့ရင် အောင်မြင်မယ် ထင်ကြလားဟင် ။
MSC - 9
@domelay (အတွေးမျှင်လေးများ)