ပြောင်မြောက်တဲ့ အတွေးတွေတော့ မဟုတ်သေးဘူး ။ ဒါပေမဲ့ ရေးဖို့ အချိန်မရခင် က အကြောင်းအရာတွေက ထိလွယ် ရှလွယ်တွေ ။ ပြန်လှည့်လို့ ကြည့်လိုက်ရင် အချိန်ပေါင်းများစွာက မေ့သွားတာနဲ့ ပျောက်သွားတာနဲ့ ။ အားမရဆုံးတွေထဲမှာ ထိုအရာတွေလဲ များစွာ ပါခဲ့လေသည် ။ ဒီလိုနဲ့ ပျောက်ဆုံးသွားတဲ့ စာပိုဒ်လေးတွေလဲ အများအပြား ။ လှပတဲ့နေရာလေးတွေကို မေ့သွားတတ်တော့ အဖာအထေးနဲ့ ဖြစ်သလိုလေးတွေ တင်ပြခဲ့ရပေါင်းလဲ များနေလေပြီ ။
စာရေးစရာနေရာဟု သိထားသော နေရာလေး တစ်ခုသည် game များနှင့် ပြည့်နှက်လာလေပြီ ။ အရာရာသည် မတည်မြဲခြင်းကိုးဗျ ။ ဈေးတက်ဖို့စောင့်ရင်းနဲ့လဲ ကျလာလိုက်တာ တော်သေးတာပေါ့ 1 နဲ့ 0 ကြားထဲမှာ ဒသမ ဂဏာန်းတွေ ရှာတွေ့ထားလို့ ။ hf တစ်ခုကြုံလာလိုက်တိုင်း အပြောင်းအလဲများနှင့် ။ ခပ်ဆိုးဆိုး အပြောင်းအလဲကို ရင်ဆိုင်နိုင်ပါ့မလား ။ တစ်ချိန်ချိန်မှာတော့ ဆိုတာလေးက ဝေးလာပလား ဒါမှမဟုတ် လက်လှမ်းဘဲ မမှီတော့တာလား ? အလင်းရောင်ပျပျလေး မြင်နေရတဲ့ ကြယ်တစ်ခုဟာ နေမင်းကြီးလို မလင်းနိုင်ပေမဲ့ ခရီးတစ်ခုကိုတော့ လမ်းညွှန်နေဆဲပါ ။ ကြယ်ပွင့်လေး မင်းဟာ နေရောက်အောက်မှာ မလင်းနိုင်ပေမဲ့ အမှောင်မှာ လမ်းပြပေးသူပါလေ ။
hf သည် ခက်ခဲသည် ဆိုသော်လည်း ထိုအခက်အခဲကို ကျော်လွားနိုင်ပါစေလို့ ဆန္ဒပြုပါတယ် ။ ထွက်ခွာ သွားကြသူတွေ ပြန်ရောက်လာကြပါစေ ။ မသိသေးသူတွေ သိခွင့်ရကြပါစေ ။ ပိုမိုလွယ်ကူသော စနစ်တစ်ခု ဖြစ်လာပါစေ ။ ဒီလောက်ပါဘဲပေါ့နော် ဆုတောင်းတွေတော့ မဟုတ်ပါဘူး အဲ့ဒီလို ဖြစ်လာရင်ကောင်းမလား လို့ပါ ။
MSC - 9
@domelay (အတွေးမျှင်လေးများ)