ကျွန်တော် ထင်တာကတော့ နိုင်ငံရေးဆိုတာ သူတော်ကောင်း အလုပ်မဟုတ်ဘူး။
ကျွန်တော် ပြောတဲ့ နိုင်ငံရေးဆိုတာ နိုင်ငံအရေးကို ပြောတာနော်။ မြန်မာ နိုင်ငံရေးသမားတွေ လုပ်နေတဲ့ အာဏာရရေး ခွက်စောင်းခုတ်နေတဲ့ သူတောင်းစား နိုင်ငံရေး မဟုတ်ဘူး။
ဥပမာဗျာ။ မြန်မာအပါအဝင် တစ်ကမ္ဘာလုံးကို နယ်ချဲ့ ဖိနှိပ် လွှမ်းမိုးခဲ့တဲ့ British ခေါင်းဆောင်တွေဟာ သူတို့ personal life မှာ လူယုတ်မာတွေ မဟုတ်ကြဘူး။ တကယ့် Gentleman တွေ။
ဒါပေမယ့် နိုင်ငံအတွက် လိုအပ်တယ် ယူဆတော့လည်း လုပ်သင့်လုပ်ထိုက်တာ လုပ်ခဲ့ကြရတာဘဲ။
ဆိုတော့ ကိုယ်မလုပ်နိုင်ရင် ငြင်းပယ်သင့်တယ်။
လုပ်ဖို့ တာဝန်ယူပြီးရင်တော့ တာဝန်ပျက်ကွက်လို့ မရဘူး။
သူ့နိုင်ငံအတွက် ကိုယ့်ဘဝကိုယ် စတေးခဲ့ကြရတဲ့ CIA တွေ၊ KGB တွေရဲ့ လုပ်ရပ်တွေ (တရားတယ် မတရားဘူး သူတို့မစဉ်းစားဘူး။ နိုင်ငံအကျိုးရှိလား မရှိလားဘဲ သူတို့ စဉ်းစားတယ်။)
စစ်အတွင်း လုပ်ရပ်တွေအတွက် personal အရ တောင်းပန်ဖို့ အသင့်ဖြစ်ပေမယ့် ဝန်ကြီးချုပ်တစ်ယောက်အနေနဲ့ နိုင်ငံကို ကိုယ်စားပြု တောင်းပန်ဖို့ ငြင်းဆိုတတ်ကြတဲ့ Japan ဝန်ကြီးချုပ်တွေ
သူတို့ သူတို့ကို စဉ်းစားမိတိုင်း
ဒီလိုလူတွေကြောင့် ဒီနိုင်ငံတွေ ဒီလို ဖြစ်လာတာပါလားလို့ တွေးနေမိတယ်။
ဒီနိုင်ငံမှာတော့ ကိုယ့်အကျိုးအတွက်ဆို လိမ်ဖို့ညာဖို့၊ ဘနဖူး သိုက်တူးဖို့ ဝန်မလေးကြပေမယ့်
နိုင်ငံအတွက်ဆို သီလတွေ၊ မေတ္တာတွေ၊ ကရုဏာတွေ စွေဖြိုးလို့ ဧရာမသူတော်ကောင်းတွေ အများသား။
ဒါကြောင့်လည်း ဒီနိုင်ငံ ဒီလို ဖြစ်နေတာ ဘာမှမဆန်းဘူး။