Becareful

cupidlay(41)
Published in
#love
Words
82
Reading
1 min
Listen
Play
9y

ကံတွေဟာ သိပ်သတိထားဖို့ကောင်းပါတယ်..
နေ့တိုင်း နေ့တိုင်း ကိုယ်မှု နှုတ်မှု စိတ်အကြံကြောင့်
လူတွေဟာ ဒုက္ခရောက်လာသလို

အဲဒီ ကိုယ်မှု နှုတ်မှု စသည်ကြောင့်ပဲ လူတွေဟာ
အဆင့်မြင့်လူသား ဖြစ်လာကြပါတယ်..

ဒါကြောင့်..
ဘာပဲဖြစ်ဖြစ် သတိရှိပါ

ကိုယ်ရေးဆွဲတဲ့ ပန်းချီကားကို
အရုပ်ဆိုးအကျည်းတန်အောင် မရေးဆွဲမိပါစေနဲ့..

"သတိနဲ့နေလိုက်တဲ့အချိန်ဟာ
ကိုယ်ရလိုက်တဲ့အချိန်"
"သတိနဲ့မနေလိုက်တဲ့အချိန်ဟာ
ဆံုးရှုံးသွားတဲ့အချိန်"

အခုလက်ရှိရထားတဲ့ အခြေအနေကို
တန်ဖိုးရှိရှိသုံးပါ.
အချိန်ဟာ ရွှေထက်တန်ဖိုးရှိတယ်.

ရွှေကျင်တဲ့လူတွေဟာ ရွှေကျင်ဖို့သွားတဲ့အခါမှာ
ရွှေတွေကို အတုံးလိုက်အခဲလိုက် မတွေ့ရပါဘူး
မရနိုင်ပါဘူး..

သဲတွေ နုန်းတွေကို အထပ်ထပ်ဆေးရင်းဆေးရင်းနဲ့
နဲနဲချင်း နဲနဲချင်း ရွှေကိုရတာ..

တစ်နေကုန်လုပ်ခါမှ တစ်ပဲသားလောက်ပဲ ရတာ..
ဒါပေမယ့် အဖိုးတန်လွန်းလို့ လုပ်တာပဲ..

အဲသလိုပဲ ဒီသတိပဌာန်တရားအားထုတ်ပြီးနေတာကို
တန်ဖိုးရှိမှန်း နားလည်တဲ့သူဟာ
တစ်ခဏလေးဖြစ်ဖြစ်
သတိလေးကပ်ဖို့ ကြိုးစားပြီးတော့နေမှာပဲ..

"သတိနဲ့နေလိုက်တဲ့အချိန်ဟာ ကိုယ်ရလိုက်တဲ့အချိန်"
"သတိနဲ့မနေလိုက်တဲ့အချိန်ဟာ"
"ဆုံးရှုံးသွားတဲ့အချိန်" "မရလိုက်တဲ့အချိန်"

ဒါကြောင့် ရွှေကျင်သလိုပဲ
အတုံးအခဲလေးတွေ မရတောင်မှ
တစ်မှုန်ပဲရရ နှစ်မှုန်ပဲရရ ရသလောက်ကို
စုပြီးတော့ယူမယ်ဆိုတဲ့
စိတ်ဓာတ်မျိုးကိုထားမှနော်..

ကိုယ့်ဘဝမှာ ရှိသမျှအချိန်ကလေးတွေကို
တစ်ချက်ပဲဖြစ်ဖြစ် တစ်ကြိမ်ပဲဖြစ်ဖြစ်
အသက်ရှုတာလေးကို သတိကပ်လိုက်ခြင်းအားဖြင့်

ရလိုက်တဲ့ ဒီတည်ငြိမ်အေးချမ်းတဲ့
ပစ္စုပ္ပန်တည့်နေတဲ့စိတ်ကလေးကို
ရွှေလေးတွေလိုပဲ တန်ဖိုးထားလိုက်ပါ

image

Becareful | Ecency