ကိုယ့်ချစ်သူကိုယ် သတိရတယ်ဆိုပီး ဝမိးနည်းလာရင် မှန်ရှေ့သွားပီးကိုယ့်ရုပ်ကိုယ်ပြန်ကြည့်ပီး အားရပါးရ ထိုင်ငိုရင်း အသဲကွဲပါ။
အဲ့လိုငိုနေတာ အင်မတန်ရုပ်ပျက်ဆင်းပျက်ဖြစ်ပါတယ်။ရုပ်အတော်ဆိုးတာမို့ တခါတလေ ငိုနေရင်းနဲ့တောင် ကိုယ့်ရုပ်ကိုယ်မြင်ပီးဆက်ငိုချင်စိတ်ပါ ပျောက်ပါတယ် ။
သူငါ့ကိုထားသွားတာငါရုပ်များဆိုးနေလို့လားတွေးပီးသတိရတိုင်း You Tube မှာသူများတင်ထားတဲ့အလှပြင်နည်းတွေထိုင်ကြည့်ပီး အလှပြင်ရင်းနဲ့အသဲကွဲပါ။ အနဲဆုံးတော့နဂိုကထက် ပြင်တတ်ဆင်တတ်ဖြစ်လာမှာမို့ တဖြေးဖြေးလှလာပါတယ် ။
သူများအတွဲတွေ ကိုယ်စီလက်ချိတ်ပီး Shopping လာချိန်မှာ ငါကတော့ အထီးကျန်စွာ အမကျန်စွာ တယောက်ထဲပါလားဆိုပီး တစ်နေကုန်တစ်နေခန်း ဈေးဝယ်ရင်းနဲ့အသဲကွဲပါ။ အနဲဆုံးတော့လုပ်ချင်တာလုပ်နေရရင်ကိုယ်နေပျော်ပါတယ် ။
ဒါမှမဟုတ်သူငယ်ချင်းတွေနဲ့Club သွား ဒွန့်ပါ။ငါ့အနားမှာ နင်သာရှိရင် သိပ်ကောင်းမှာပဲ ခုတော့ငါ့မှာတယောက်ထဲ ကနေရတယ် အဖော်မဲ့လက်တာ ကြေကွဲလက်တာဆိုပီး ကရင်းခုန်ရင်းနဲ့အသဲကွဲပါ။
အနဲဆုံးတော့ကခုန်ခြင်းဟာကျန်းမာရေးအတွက်ကောင်းသလိုစိတ်ကိုလဲလွတ်လပ်ပျော်ရွှင်စေပါတယ်။
မစားနိုင်မသောက်နိုင်နဲ့ မျက်ရည်ချောင်းစီးဆံပင်စုတ်ဖွါးဖရိုဖရဲနဲ့ဗရမ်းဗတာကွဲလဲဒီအသဲပါပဲ။လှတပတနဲ့စတိုင်ကျကျချေမိုးပီးကွဲလဲင်္ဒီအသဲပါပဲ။
ကွဲတတ်ဖို့ပဲ လိုပါတယ်။