Resistor

Words
182
Reading
1 min
Listen
Play
9y

အားလုံး မင်္ဂလာပါ ဒီနေ့အတွက် steemitရဲ့ post လေးကတော့ Resistor အကြောင်းလေးပါ
Resistor ဆိုသည်မှာ voltageမှ တွန်းပို့လိုက်သော current ဟုခေါ်သော လျှပ်စီးများကို လွယ်ကူချောမွေ့ စွာ မသွားနိုင်အောင်ထိန်းချုပ်သော ပစ္စည်းကို resistor လို့ခေါ်ပါတယ် လျှပ်စစ်ပစ္စည်းတိုင်းတွင် resistance လို့ခေါ်တဲ့ ခုခံမှုတွေ ရှိပါတယ်
Resistor ရဲ့ယူနစ်ကတော့ Ohm ဖြစ်ပါတယ်
Resistor နှစ်မျိုး ရှိပါတယ် image
1 Fix Resistor
2 Variable Resistor တို့ဖြစ်ပါတယ်
1 Fix Resistor ကတော့ သူ့ရဲ့ ကိုယ်ပေါ်မှာ အရောင်များနဲ့ တန်းဖိုး အသေ ဖော်ပြပါတယ်
2 Variable Resistor ကတော့ ohm အမျိုးမျိုးပြောင်းလဲ အသုံးပြုလို့ရပါတယ် Variables resistor တွေကိုတော့ volume ခလုတ်များတွင် တွေ့နိုင်ပါတယ် image
Fix resistor အတွက် ကာလာ code ဖတ်နည်း
နက် = 0
ညို = 1
နီ = 2
မော် = 3
ဝါ = 4
စိမ်း = 5
ပြာ = 6
ခရမ်း = 7
မီးခိုး = 8
ဖြူ = 9
ရွှေ = 5%
ငွေ = 10%
တို့ဖြစ်ပါတယ် ၎င်းတွင် ရွှေ 5%နဲ့ ငွေ 10% ဆိုသည်မှာ ခုခံမှုရဲ့ အတိုးအလျော့ ဖြစ်ပါတယ် image
Resistor code ဖတ်နည်း
ရွှေရောင် ကို ညာဘက်ထားရဲ့ ဘယ်မှ စတင် ဖတ်ရပါမယ်
Resistorရဲ့ colour codeမှာ ညို ဖြူ ညို ရွှေ ဆိုပါစို့
19x10^1=190 +/- 5% ohm ဖြစ်ပါတယ်
10 Ohm အောက်သော resistor ရွှေ နှစ်ခါ သို့မဟုတ် ရွှေ နှင့် ငွေဆိုပြီး ပါလာတက်ပါတဲ့ ၎င်း ပုံ စံတွေ့ပါ ရွှေဆို 10နှင့် စားပါ ငွေဆို 100နှင့် စားပါ
ဥပမာ ညို နက် ရွှေ ရွှေ ဆိုရင်
ညိုက 1 နက် က 0 ပြီးရင် အစား ပြီးရင် +/-5% အဲ့ဒီတော့ ဒီလိုဖြစ်သွားပါပြီ
10/10 +/-5%=0.1+/-5% Ohmကိုရပါတယ်
Cedit image လျှပ်စစ်ကျောင်းသား
By coralbright