အတုအယောင်

Words
227
Reading
2 min
Listen
Play
9y

အတုအယောင်
အတုအယောင် ဆိုတဲ့ နေရာမှာ ကမ္ဘာကြီးမှာ ရှိတဲ့ လူတွေ အများစုက တော့ အတုအယောင်တွေ ရှိသလို အစစ်အမှန်တွေလည်းရှိကြပါတယ်
အတုအယောင်လို့ပြောတဲ့နေရာမှာ ဘုရားရဲ့ သင်္ကန်းကို ဝတ်နေတဲ့ ရဟန်းအတုအယောင်တွေ သီလရှင် အတုအယောင်တွေ လည်းရှိကြပါတယ်
ကျမတို့ ဗုဒ္ဓဘာသာဝင်တော်တော်များများက ဘုန်းကြီး တို့ သီလရှင်တို့လို ပုဂ္ဂိုလ် တွေ မြင်ရင် တော်တော် များများက ရိုသေကြတယ် ကြည်ညိုကြတယ် ကျမတို့လည်း အပါအဝင်ပေါ့
တချို့ကြတော့ တရားဓမ္မ ကို အမှန်တကယ် အားထုတ်ချင်လို့ မိသားစုကို စွန့်ပြီး သင်္ကန်းဝတ် တရားအားထုတ်ကြတယ် image
အစစ်ရှိရင် အတု ရှိတယ် ဆိုတာ လောကဓမ္မတာ ပါပဲ ဒီလို လူ့လောကကြီးမှာ အတုအယောင်တွေ လွှမ်းမိုးနေတာကများပါတယ် အဆိုးဆုံးကတော့ ဘုရားအရည်ခြုံထားတဲ့ အတုအယောင်တွေပေါ့
အဲ့ဒါ ဘယ်လောက်ထိ ငရဲကြီးလည်း ဆိုတာ ကို တကယ် သူဖြစ်ခဲ့တဲ့ အဖြစ်အပျက်ကို ပြောပြခဲ့တဲ့ ဘုန်းကြီးတစ်ပါးရှိတယ်
ကျမ တို့ အင်းတကော်မှာ ဖြစ်ပါတယ် လူတကာက ကြည်ညိုလေးစားရတဲ့ ဆရာတော်ပါ
ပတ္တမြား ဆရာတော်လို့ ခေါ်ကြတယ် ဒီဆရာတော်ကတော့ ဘုရားတည်ကျောင်းဆောက် နှစ်လုံး သုံးလုံး ပေး နဲ့ အတော်လေး နာမည်ကြီးတယ် အတော်လည်း မှန်တယ် အများ အပြော အရ ဆိုရင်တော့ ဓာတ် ဘုန်းကြီး ပေါ့
သူလည်း နှစ်လုံး သုံးလုံးပေးတာ မှန်တော့ တပည့် ဒကာ တွေ ကတော့ အများကြီးပါပဲ
အဲ့လိုတွေ နှစ်လုံးပေး သုံးပေးနဲ့ နှစ်အတော်ကြာ နေလာလိုက်တယ် တစ်နေ့မှာတော့ အသက်အရွယ်ကလည်း ကြီးလာတော့ ရောဂါဘယတွေ ဝင်လာပြီး အိပ်ရာထဲ ဘုံးဘုံးလဲ တော့တာပေါ့ ရောဂါ ပြင်းထန်တာကြောင့် သတိလစ်မေ့ မျောသွားခဲ့တယ် image
ဒီအချိန်မှာ သူဟာ ငရဲပြည်ရဲ့ အောက်ဆုံးထပ် ကို ရောက် သွားခဲ့ တယ် ငရဲသားနဲ့တွေ့တော့ သူကမေးတယ်တဲ့ မိဘကို သတ်တဲ့ သူတောင် သူတို့ ရဲ့ အပေါ်က အထပ်မှာ ငရဲ ခံနေရပြီး သူတို့ က ဘုရားသင်္ကန်းခြုံထားတဲ့ ပုဂ္ဂိုလ် တွေက ဘာကြောင့် ငရဲရဲ့ အောက်ဆုံးထပ် မှာ ရောက်ရတာလည်း ပေါ့ အဲ့ဒီအချိန် ငရဲသားကပြောတယ် သင်တို့က ဘုရားအရည်ခြုံထားပြီး အများသူငှါ လှူဒါန်းထားတာကို အဆင်သင့်စားပြီး ဘုရားရဲ့ တရားတော်တွေကို ကျင့်ကြံအားထုတ်ခြင်း မရှိတာကြောင့် ငရဲရဲ့ အောက်ဆုံးထပ်မှာ ရောက်ရတယ်လို့ပြောတယ် ငရဲရဲ့ အောက်ဆုံးထပ်ဆိုတော့ တွေးကြည့်ရင်တောင် အင်မတန် ကြောက်စရာကောင်းပါတယ်
အဲ့ဒီ အချိန်ကတည်းကစပြီး ပတ္တမြား ဆရာတော် လည်း ကျန်းမာရေးပြန်ကောင်းလာတော့ သူကျောင်း သူ့ သင်္ကန်းဆိုတာကို မထားတော့ ပဲ အကုန်လှူပြီး တရားပဲ ကျင့်နေပါတယ် သူလည်းအတော်လေး ကြောက်သွားပုံ ရပါတယ်
ဒီနေရာမှာ ပြောချင်တာလေး တစ်ခုက အခု တန်ခူးလ အချိန်အခါ ရောက်တဲ့ အခါ လူ အများ ကုသိုလ်ကောင်းမှုအနေနဲ့ တရားစခန်းဝင်ပြီး တရားအားသူ ထုတ်ကြ ဒုလ္လပတ် ဝတ် သူ ဝတ်ကြနဲ့ ရှိကြတယ် အဲ့လိုဝတ်တဲ့ အခါမှာ တရားအားထုတ်ဖို့ ကိုလည်း လုံးဝမမေ့ပါနဲ့ ကိုယ် မလုပ်နိုင် လုံဝ မလုပ်ပါနဲ့ ကိုယ် လုပ်နိုင်တယ်ထင်လို့ တရားအားထုတ်မှုလုပ်မယ်ဆို အမှန်တကယ် မကျိုးပေါက်အောင် လုပ်သင့်ပါတယ်
အားလုံးကို ကျေးဇူးတင်ပါတယ်

MSC 231
coralbright@coralbright
Credit image google

အတုအယောင် | Ecency