Friends(myanmar beerနဲ့ဝက်နံရိုးကြော်)

Words
101
Reading
1 min
Listen
Play
9y

နေကလည်း ပူတယ် ရေကလည်း ငတ်လာတယ် ရေသောက်တိုင်းလည်း မဝဘူးဖြစ်နေတယ် အဲတာနဲ့ သူငယ်ချင်းတစ်ယောက်ကို ပြောပြဖြစ်တယ် သူငယ်ချင်းက အဲတာ myanmarbeerနဲ့ ဝက်နံရိုးကို ဂျုံ ကပ်ပြီး ကျော်ထားတာ မှာစားရင် နောက် အခုလို မဖြစ်တော့ဘူးလို့ ဆိုလာပါပေတယ်လေ။IMG20170901201354.jpg
အဲတာနဲ့ သူငယ်ချင်းနဲ့ မြို့မဈေး ကုန်းပေါ်က 151စားသောက်ဆိုင်သို့ အမြန်သာgo ဖြစ်တော့တယ်ဗျာ။beerလေး အရင်မှာ လိုက်ပြီး ရေဆာနေတဲ့ စိတ်လေး ပျောက်အောင်သက်သက်ပါ တစ်ခွက်မှာပြီး ကစ်လိုက်တယ် ဟယ် လေတောင်တက်လိုက်သေး ခနနေတော့ ဝက်နံရိုးကြော် ဂျုံကတ်လေး မှာလိုက်ပြီး စကားလေးပြောလိုက် beerလေး ချလိုက်နဲ့ အချိန်ဖြုန်းမိနေသလိုပါလေ သို့သော် နောက်ကို ရေမငတ်အောင် ဆိုတဲ့စိတ်နဲ့ ကစ်နေမိတာပါလေ။IMG20170901201950.jpg
ဘိတ်ချဉ် မကျီးချဉ် ယိုဒယား ဆော့ ချဉ်ငံစပ် ဟင်းချိုလေးနဲ့ တကယ်ကို မြိန်ချက်စေပါတယ်။သူငယါချင်း ရေကစ်သာကစ် beerက မမူးပါဘူးတဲ့ နိုင်ငံခြားမယ် အမျိုးသမီးတွေ myanmarbeerကို ဈေးကြီး ပေးပြီး မှာသောက်တယ်လို့ပြောပါတယ်။အသားအရေ စိုတယ် နုပျိုစေတယ် ဆီးရွှင်အောင် မြင်းခွာရွတ်သုတ်လေးပါ မှာပါရင် ပိုကောင်းတယ် မျက်စိကြည်ပြီး စိတ်ကို လန်းဆန်းစေတယ်ပြောလို့ ထပ်တောင် မှာလိုက်ပါတော့တယ်။IMG20170901202222.jpg
မြင်းခွာရွတ် သုတ်လေးနဲ့ ကြက်သွန်ဖြူလေးနဲ့ တကယ်ကို beer နဲ့ လိုက်ဖက်ပြီး ကျန်းမာရေးနဲ့ ညီညွတ်စေတာတော့ အမှန်ပေလေ။
steemit friendsများလည်း ရေဆာလို့ ရေငတ်ပြီး ရေသောက်တိုင်း မဝရင် အခုလို မှာစားမှာသောက်နိုင်ပါကြောင်း ကျန်းမာရေးနှင့် ညီညွတ်နုပျို လှပစေတာကို တင်ပြလိုက်ပါတယ်။
chitnaingoo@chitnaingoo

Friends(myanmar beerနဲ့ဝက်နံရိုးကြော်) | Ecency