ကျွန်တော့်မှာ သဘာ အရ ဝါအရ အမျိုးတော်တဲ့ မြေးနှစ်ယောက်ရှိပါတယ်။ မြေးလို့သာဆိုတာ တစ်ယောက်က ဒီနှစ် အစောပိုင်းမှာပဲ တက္ကသိုလ် ကျောင်းပီးထားပါတယ်။ နောက်တစ်ယောက်ကတော့ ခုချိန်မှာ ဒုတိယနှစ် ဥပဒေဘာသာရပ်ကို သင်ကြားနေပါတယ်။ သူတို့မိသားစုလေးကတော့ အောင်ပင်လယ်ရပ်ကွက်မှာ နေထိုင်ကြပါတယ်။ အစကတော့ လမ်း ၆၀ နဲ့ ၃၂လမ်းထောင့်က နဂါးကွက်သစ်မှာနေပါတယ်။ သူတို့အိမ်ကိုလည်း တစ်ပတ်တစ်ခါလောက် ရောက်ဖြစ်ပါတယ်။ ကျွန်တော်ကအဆောင်မှာနေတာဆိုတော့ အမြဲတော့မသွားဖြစ်ပါဘူး။ အကြီးမလေးကတော့ ကျောင်းပီးသွားပီဖြစ်တာကြောင့် သူ့ရဲ့လောလောဆယ် အားလပ်ချိန်တွေကို ဘုရားကျောင်းမှာ ဘုရားကျောင်းရဲ့ ဝေယာဝစ္စ တွေကို ကူလုပ်ပေးရင်း LCCI သင်တန်းတက်နေပါတယ်။ နောက်ပီး ကျွန်တော်လည်း သူ့ကို ကွန်ပျူတာအသုံးပြုနည်းအခြေခံလေးတွေသင်ပေးနေပါတယ်။
သူ့ရဲ့ဝါသနာတွေက သီချင်းဆိုတာဝါသနာပါ ပါတယ်။ Myanmar Idol မန္တလေးမှာ လူရွေးတုန်းကတောင် သွားပြိုင်ခဲ့ပါသေးတယ်။ ဒါပေမဲ့ မအောင်မြင်ခဲ့ပါဘူး။ နောက်ပီး ဘုရားကျောင်းက သီချင်းဆိုပြိုင်ပွဲတွေမှာလည်း အမြဲပြိုင်ပါတယ်။ နောက်ပီး တူရိယာတွေလည်း ဝါသနာပါ ပါသေးတယ်။ တယောတီးတာတွေ၊ Guitar တီးတာတွေလည်း သူတီးတတ်ပါတယ်။ ပြောရမယ်ဆိုရင် အနုပညာ ဗီဇပါတယ်လို့ပြောလို့ရပါတယ်။ တစ်ရက်တစ်ရက်လည်း သူ့ရဲ့ အခန်းထဲမှာပဲ သီချင်းတွေ အော်ဆိုနေတာကို အပြင်ကနေကြားနေရပါတယ်။ သူ့အသံကလည်းကောင်းပါတယ်။ တကယ်လေ့ကျင့်ပေးရင် ထူးချွန်သူဖြစ်လာမှာပါ။ ဒါပေမဲ့ အဲ့လို လေ့ကျင့်ဖို့နဲ့ ထောက်ပံ့ပေးဖို့ကကျတော့ အဆင်မပြေဖြစ်နေပါတယ် သူ့မိသားစုအခြေအနေနဲ့က။ ကလေးမှာ စိတ်ဒဏ်ရာလေးတွေဖြစ်နေတာပေါ့။
သူ့ရဲ့ မိခင်က အလှပြင်ဆိုင်မှာ အလုပ်လုပ်ပါတယ်။ အလှပြင်ဆိုင်မှာအလုပ်လုပ်တယ်ဆိုတာက မန္တလေးမြို့က Great Wall Hotel ကြီးရဲ့ Beauty saloon ဆိုင်မှာ အလှပြင်ဆရာမအနေနဲ့ အလုပ်လုပ်တာဖြစ်ပါတယ်။ သူ့ရဲ့ ဆိုင်ခန်းမှာ လည်း အကူဝန်ထမ်းလေးတွေ ခန့်ထားပါတယ်။ သူ့ရဲ့ အမျိုးသားကတော့ လောလောဆယ် အလုပ်မရှိဖြစ်နေတာပေါ့။ အိမ်မှာပဲနေတယ်ပေါ့။ နောက်ပိုင်းကျတော့ သူတို့မိဘ နှစ်ယောက်တိုင်ပင်ကြတယ်။ ဒီလိုပဲတစ်ယောက်တည်းရှာနေလို့မဖြစ်တော့တဲ့အကြောင်းကို သူ့ယောက်ျားနဲ့တိုင်ပင်ပါတယ်။ ကျွန်တော့်ကို လည်း အကြံဥာဏ်တောင်းပါတယ်။ ကျွန်တော်ကတော့ သူဘာလုပ်တတ်လည်းမသိတော့ ကျွမ်းကျင်တာကိုပဲလုပ်ဖို့ အကြံပေးလိုက်ပါတယ်။
အဲ့ဒါနဲ့ သူတို့တွေရဲ့ စုထားတဲ့ပိုက်ဆံလေးနဲ့ ကားတစ်စီးဝယ်လိုက်ပါတယ်။ အဲ့ဒီကားကို လိုင်းကားအဖြစ် ပြေးဆွဲဖို့ စီစဉ်ဖြစ်ကြပါတယ်။ မန္တလေးနဲ့ ဖားကန့်ကို ပြေးဆွဲပါတယ်။ ကားမောင်းရသလောက်လည်း ဝင်ငွေလည်း လည်း အနည်းငယ်ရလာပါတယ်။ ဒါပေမဲ့ ကားကိုပြန်ပြင်နေရတာတွေကြောင့်လည်း ပိုက်ဆံလေးက အဖတ်မတင်ဖြစ်နေရပါတယ်။ တစ်ရက်မှာတော့ ပိုက်ဆံကိစ္စနဲ့ စကားများကြပါတယ်။ စကားများနေရင်းကနေ တစ်ယောက်နဲ့တစ်ယောက် မလျှော့ကြတဲ့အခါမှာ ကလေးတွေရဲ့အမေက အိမ်ပေါ်ကဆင်းခဲ့ပါတယ်။ အိမ်ပေါ်ကနေဆင်းခဲ့ပီး အလုပ်ကလည်းထွက်လိုက်ပါတယ်။ နောက်တော့ ရန်ကုန်ကို ပြောင်းပီး အလုပ်လုပ်နေပါတော့တယ်။ အဲ့အချိန်မှာတော့ သူ့ရဲ့အမျိုးသားကပဲ ကားမောင်းရင်း ကလေးတွေကို ရှာကျွေးနေရပါတယ်။ ဒီနေရာမှာ အမျိုးသမီးက အိမ်ကကလေးတွေကိုတောင် မျက်နှာမထောက်ပဲ အိမ်ကဆင်းသွားတယ်လို့ ထင်မိပါလိမ့်မယ်။ ဒါပေမဲ့ ခုလိုအိမ်ကနေ ဆင်းသွားဖို့လည်း သူ့မှာ ခက်ခဲတဲ့ဆုံးးဖြတ်ချက်ကိုချခဲ့ရပါတယ်။ သူ့ရဲ့ သမီးလေးနှစ်ယောက်ကိုခွဲခဲ့ရတယ်။ ငယ်ငယ်ရွယ်ရွယ်လေးတွေနဲ့။ ကလေးတွေက ခုထိ သူတို့အမေကို ချွဲလို့ကောင်းနေတုန်း။ သူတို့ရဲ့အဖေကိုတော့ကြောက်ကြတယ်။
သူတို့အမေကတော့ အိမ်ကထွက်သွားတယ်ဆိုပေမဲ့ သူ့ရဲ့သမီးလေးတွေအတွက် ငွေကို အမြဲပို့ပေးနေဖြစ်ပါတယ်။ သူတို့ရဲ့အဖေမသိအောင်ပါ။ ဖုန်းဘေဖိုးတွေ၊ ဖုန်းhandset ကိုကားကြိတ်သွားလို့ဆိုပီး ပူဆာလို့ သူ့အမေကပဲ ဖုန်းအသစ်တစ်လုံးဝယ်ပေးခဲ့ပီး သူတို့အဖေကို ဘယ်လိုဘယ်လိုပြောနော်ဆိုပီးမှာရတာတွေရယ်။ အဖေက ကားနဲ့ဖားကန့်ဖက်အလုပ်သွားရရင် အိမ်မှာကျန်ခဲ့လို့စိတ်ပူရတာတွေနဲ့ မိခင်တစ်ယောက်လည်းမလွယ်ပါဘူး။ အဲ့ဒါကြောင့် သူတို့အဖေမရှိတဲ့အချိန်မှာကျွန်တော့်ကို အိမ်ကိုသွားလည်ပေးဖို့နဲ့ ကလေးတွေကို ဂရုစိုက်ပေးဖို့အပ်ပါတယ်။ ကျွန်တော်လည်း ကိုယ့်အလုပ်နဲ့ကိုယ်လည်းရှုပ်နေသူမို့၊ သူတို့ကိုတော့ အချိန်ပြည့် ဂရုမစိုက်နိုင်ပဲ လစ်ဟင်းမှုတွေရှိပါတယ်။ ဖုန်းနဲ့တော့ မကြာမကြာလေး ဆက်ပီး စကားပြောဖြစ်ပါတယ်။ သူတို့အိမ်ကျွန်တော်ရောက်တဲ့အခါဆို သူတို့လေးတွေခမျာ ပျော်နေကြတာ။
ကလေးတွေပဲရှိသေးတယ်လေ…. မိဘတွေအခြေအနေကြောင့် သူတို့လေးတွေ စိတ်ဒဏ်ရာလေးတွေနဲ့ဖြစ်နေရှာတယ်…. ကိုယ်တွေ့အဖြစ်အပျက်လေးပါ။ လက်ရှိလည်း ဖြစ်နေတုန်းပါ။
Writer caesarsupaimin
MSC-025